close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို အပြီးတိုင် ချေဖျက်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်ပြော

အီရန်ဆီက နျူကလီးယား ခြိမ်းခြောက်မှုကို အပြီးတိုင် ချေဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

Reuters

အီရန်ဆီက နျူကလီးယား ခြိမ်းခြောက်မှုကို အပြီးတိုင် ချေဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

အစ္စရေးဟာ အီရန်မှာ လက်ရှိ ဆင်နွှဲနေတဲ့ လေကြောင်း စစ်ဆင်ရေးတွေအတွင်း အီရန်ရဲ့ နျူကလီးယား စစ်လက်နက် ထုတ်လုပ်နိုင်ခြေတွေကိုရော၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စွမ်းရည်ကိုပါ အပြီးတိုင် ဖျက်ဆီးဖို့ ရည်ရွယ်ထားကြောင်း ဇွန်လ ၁၉ ရက်နေ့မှာ နေတန်ညာဟုက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

တစ်နိုင်ငံလုံးကို လိပ်မူတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ နေတန်ညာဟုက အစ္စရေး တောင်ပိုင်းက ဆေးရုံတစ်ခု ပျက်စီးခဲ့တာ အပါအဝင် အီရန်က လက်တုံ့ပြန်တဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို ရှုတ်ချသွားခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်း စာနာမှု စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်ခြင်းလည်း ဖြစ်တယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

အီရန် တော်လှန်ရေး အစောင့်တပ်ကတော့ အဲဒီဆေးရုံကို တမင်တကာ ပစ်မှတ်ထားခဲ့တာ မဟုတ်ဘဲ အနီးမှာရှိတဲ့ အစ္စရေး စစ်စခန်း တစ်ခုကို ပစ်ခတ်ခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း အီရန် ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ်က အစ္စရေး အနေနဲ့ အီရန်အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီကို လုပ်ကြံသင့်တယ် ဆိုတာကို စစ်ဆင်ရေး ရည်မှန်းချက် တစ်ခုအဖြစ် အလေးထား စဉ်းစားနေပြီလို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ အီရန်ရဲ့ နျူကလီးယား စွမ်းရည်ကို ဖျက်ဆီးဖို့ အဓိက ရည်ရွယ်ထားခဲ့တဲ့ အစ္စရေးရဲ့ မူလ စစ်ဆင်ရေး ရည်မှန်းချက်တွေကနေ သိသိသာသာ အပြောင်းအလဲ ဖြစ်လာတဲ့ အဓိပ္ပါယ်ပါ။

အီရန်ဟာ အခုအခါမှာ ခေတ်အမီဆုံး ဒုံးကျည် အမျိုးအစားတွေနဲ့ ထိပ်ဖူးတစ်ခုတည်းကနေ ပစ်မှတ် အတော်များများဆီ ခွဲဖြန့် ကျရောက်နိုင်တဲ့ ဒုံးကျည်တွေကိုပါ အသုံးပြု တိုက်ခိုက်လာနေကြောင်းလည်း အစ္စရေးက စွပ်စွဲထားပါတယ်။

အီရန်ရဲ့ အဲဒီ လက်နက်တွေဟာ အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို အကြီးအကျယ် ဗျာများပြီး ဝန်ပိလာစေမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဥပမာ ဒုံးကျည်တစ်စင်းဟာ အစ္စရေး လေပိုင်နက်ထဲ ဝင်ရောက်လာပြီးရင် ထိပ်ဖူးတစ်ခုတည်းကနေ အပိုင်း ၅ ခုလောက် ကွဲထွက်သွားတဲ့အခါ အစ္စရေးအတွက် ကြားဖြတ် ပစ်ချဖို့ အများကြီး ပိုခက်ခဲသွားတာကြောင့်ပါ။

ကုလသမဂ္ဂကတော့ နှစ်နိုင်ငံ လေကြောင်းကနေ အပြိုင် တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်လာတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ထုတ်ပြန်ပြီး နှစ်ဖက်စလုံးကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့၊ စစ်ရေးပစ်မှတ် မဟုတ်တာတွေကို ရှောင်ရှားဖို့နဲ့ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို လေးစား လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

ကိုးကား: DD News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ အစွမ်းအထက်ဆုံး ဘန်ကာဖျက်ဗုံး (Bunker buster)တွေကို အသုံးပြုပြီး အီရန်ရဲ့ ပင်မ နျူကလီးယား သုတေသန စခန်းတစ်ခုကို ဖျက်ဆီးပစ်ဖို့ အစ္စရေး အစိုးရက အမေရိကန်ကို အပူတပြင်း တောင်းဆိုနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးဟာ အောင်ပွဲခံမယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ အဓိက လေဆိပ်ကို ဟိုသီ အင်အားစုတွေ ပစ်ခတ်တဲ့ ဒုံးကျည် ထိမှန်ခဲ့တဲ့နောက် ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်က သတိပေး ပြောကြားထားပါတယ်။

Facebook