close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF ရဲဘော်သုံးဦး ကျဆုံး

ပုလဲမြို့နယ်၊ကန့်ဒေါင့်ကျေးရွာရှိစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်၏လေကြောင်းတိုက်ခိုက်မှု​ကြောင့် ABSDF ရဲဘော်သုံးဦး ကျဆုံးခဲ့သည်။

ကန့်​ဒေါင့် စခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့​သော ရဲ​ဘော် သုံးဦး ။ ဓါတ်ပုံ-ABSDF

ဇွန်-၁၉၊၂၀၂၅။ယောနသံ/People’s Spring

ပုလဲမြို့နယ်၊ကန့်ဒေါင့်ကျေးရွာရှိစစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်၏လေကြောင်းတိုက်ခိုက်မှု​ကြောင့် ABSDF ရဲဘော်သုံးဦး ကျဆုံးခဲ့သည်။

ကန့်ဒေါင့်စခန်းသိမ်းရန်ထိုးစစ်ဆင်တိုက်ခိုက်စဥ် ဇွန်လ ၁၇ရက် ၊ညနေ ၅နာရီ မိနစ် ၂၀ ဝန်းကျင်တွင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး ABSDF အမှတ် (၃)စစ်ကြောင်း၊အမှတ်(၁၄)တပ်ရင်းမှ ရဲဘော်ထိုက်ကြီး(ခ)သန်းထိုက်အောင် ၊ ရဲဘော်ကျောင်းသားလေး(ခ) ချစ်ဇော်ဖြိုး၊ ရဲဘော်ဂျိမ်းမောင်တို့ ကျဆုံးခဲ့ခြင်းဟု ABSDF တပ်ရင်း(၃)ကဇွန်လ ၁၉ရက်၌ ထုတ်ပြန်သည်။

” ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွားခဲ့ကြသည်”ဟု ABSDF တပ်ရင်း(၃)ကထုတ်ပြန်ချက်၌ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသောရဲဘော်သုံးဦးသည်စစ်ကိုင်းတိုင်း၊ ပုလဲ၊ မြိုင် နှင့် ရွှေဘိုမြို့နယ်မှဖြစ်ကြပြီးဇွန် ၁၈ ရက်တွင် သဂြိုလ်လိုက်ကြောင်းသိရသည်။

“စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ကာလမှာဒီလိုထိခိုက်ကျဆုံးမှုတွေရှိမှာကိုသိပါတယ်။ရင်ထဲတော့တော်တော်မကောင်းဘူး။ ဒီလူငယ်တွေက တာဝန်ကျေတာထက်ပိုပါတယ်”ဟုABSDF တပ်ရင်း(၃) ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုး ကျော်က People’s Spring သို့ပြောသည်။

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAက ဦးဆောင်ပြီး PDF၊ABSDF နှင့် ပူးပေါင်းတပ်များနှင့်အတူ ဇွန်လ၂ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၁၉ ရက်မနက်တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီက စစ်ကူများဆက်တိုက်ပို့သလို ၊ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည့်ကြားမှ ​တော်လှန်​ရေးတပ်များကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်မြိုသိမ်းတိုက်ပွဲမှပြန်လာသည့် ABSDF အမှတ်(၃)စစ်ကြောင်း၊အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။