close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသူတွေ ဘရာစီယာ ဝတ်လာမလာ စစ်ဆေးတဲ့ နိုက်ဂျီးရီးယား တက္ကသိုလ် အပြင်းအထန် ဝေဖန်ခံနေရ

စာမေးပွဲခန်းထဲ မဝင်ခင် ကျောင်းသူတွေရဲ့ အတွင်းခံ (ဘရာစီယာ)တွေ သေသေချာချာ ဝတ်လာရဲ့လား ဆိုတာကို စစ်ဆေးစေတဲ့ နိုက်ဂျီးရီးယား တက္ကသိုလ် တစ်ခုဟာ လူထုရဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။

Getty Images

စာမေးပွဲခန်းထဲ မဝင်ခင် ကျောင်းသူတွေရဲ့ အတွင်းခံ (ဘရာစီယာ)တွေ သေသေချာချာ ဝတ်လာရဲ့လား ဆိုတာကို စစ်ဆေးစေတဲ့ နိုက်ဂျီးရီးယား တက္ကသိုလ် တစ်ခုဟာ လူထုရဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။

လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို ဖြတ်ပိုင်းတိုထဲမှာတော့ အမျိုးသမီး နှစ်ယောက်ဟာ ကျောင်းသူတွေရဲ့ ရင်သားကို ထိကိုင်စမ်းသပ်ပြီးမှ ဖြတ်သန်းခွင့် ပြုနေတာကို တွေ့ခဲ့ရပါတယ်။ နိုက်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း၊ အိုဂွန် ပြည်နယ်ထဲမှာ တည်ရှိတဲ့ အိုလာဘီဆီ အိုနာဘန်ဂျို တက္ကသိုလ် (OOU)ရဲ့ ကျောင်းသူကျောင်းသားတွေက အဲဒီဗီဒီယိုဟာ သူတို့ရဲ့ တက္ကသိုလ်ထဲမှာ ရိုက်ကူးထားတာ ဖြစ်တယ်လို့ CNN သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ တန်းစီနေတဲ့ ကျောင်းသူတွေထဲက တစ်ဦးဟာ ထိတွေ့ စမ်းသပ်မှု ခံရပြီးတဲ့နောက် လူတန်းထဲကနေ ဖယ်ထုတ်ခြင်း ခံခဲ့ရတာကို တွေ့ရပါတယ်။ ဗီဒီယိုကို ဘယ်နေ့က ရိုက်ကူးထားတာလဲ ဆိုတာကို မသိရသေးပေမယ့် OOUမှာ အခုသီတင်းပတ်အတွင်း စာမေးပွဲတွေ စစ်နေတယ်လို့ ကျောင်းသားတစ်ယောက်က ပြောပါတယ်။ အဲဒီကျောင်းသားက OOUဟာ ဘရာစီယာ မဝတ်ရင် စာသင်ခန်းထဲ ဝင်ခွင့် မပြုဘူးဆိုတဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ကြိုတင် ကြေညာထားကြောင်း တက္ကသိုလ်ဖက်က ကာကွယ်တဲ့ သဘောမျိုး မှတ်ချက်ပေးခဲ့ပါတယ်။

တက္ကသိုလ်ရဲ့ ဂုဏ်သရေ၊ အဆင့်အတန်းနဲ့ လေးစားခံထိုက်မှုတွေကို မြှင့်တင်ဖို့အတွက် အရင်ကတည်းက တိကျတဲ့ ဝတ်စားဆင်ယင်မှု စံသတ်မှတ်ချက်တွေ ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ ဘရာစီယာ မဝတ်ရင် စာသင်ခန်းထဲ ဝင်ခွင့် မရှိဘူးဆိုတဲ့ စည်းမျဉ်းဟာ အရင်ကတည်းက OOUမှာ ကျင့်သုံးနေခဲ့ပြီးသား ဖြစ်ကြောင်း၊ ဒါဟာ စိတ်ပျံ့လွင့်မှုကင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီး အဖွဲ့အစည်းရဲ့ ဂုဏ်နဲ့ညီတဲ့ သင့်တော်တဲ့ ဝတ်စားဆင်ယင်မှုမျိုး ရွေးချယ်ဖို့ ကျောင်းသူ ကျောင်းသားတွေကို တိုက်တွန်းတဲ့ သဘောမျိုးလည်းဖြစ်ကြောင်း ကျောင်းသား သမဂ္ဂ ခေါင်းဆောင် တစ်ဦးဖြစ်သူ မူဇ် အိုလန်ရီဝါဂျူ အိုလာတွန်ဂျီကလည်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ လူမှုကွန်ရက်တွေပေါ်မှာတော့ OOUရဲ့ လုပ်ရပ်ဟာ အပြင်းအထန် ဝေဖန်ခံရပြီး မသင့်မတော် အပြုအမူမျိုးအဖြစ် ရှုတ်ချတာ ခံနေရပါတယ်။ နိုက်ဂျီးရီးယား လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေကြားမှာ အဲဒီ ဗီဒီယို ဖြတ်ပိုင်းဟာ လတ်တလော အငြင်းအခုံ အများဆုံး ခေါင်းစဉ်လည်း ဖြစ်လာပါတယ်။

CNNက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တက္ကသိုလ် တာဝန်ရှိသူတွေဆီကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် OOUဖက်ကတော့ မတုံ့ပြန်သေးပါဘူး။

လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်တဲ့ အင်နီဘီဟီ အီဖီအွန်က OOUရဲ့ လုပ်ဆောင်ချက်ဟာ လွန်ကဲပြီး စည်းကျော်နေကြောင်း၊ ပြီးတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမြောက်ကြောင်း ပြောပါတယ်။ ကျောင်းသူတစ်ယောက် ဘရာစီယာ ဝတ်လာမလာ ဆိုတာကို ကိုယ်ထိလက်ရောက် စမ်းသပ် စစ်ဆေးခြင်းဟာ စံနှုန်းနိမ့်ကျရုံသာ မကဘဲ သိက္ခာလည်းမဲ့တယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။

နောက်တစ်ချက်က တချို့သော အခြေအနေတွေမှာ ကျောင်းသူတစ်ယောက်ဟာ အတွင်းခံဝတ်ဖို့ အဆင်မပြေတဲ့၊ သက်တောင့်သက်သာ မဖြစ်တဲ့ ဆေးဖက်ဆိုင်ရာ ရှုထောင့်က ဖြေရှင်းချက်တွေ ရှိနိုင်ကြောင်း၊ ဒါတွေကိုတောင် လက်မခံဘဲ OOUက ခြွင်းချက်မရှိ စည်းမျဉ်း တင်းကျပ်ထားတယ် ဆိုရင်တော့ အရမ်းလွန်ကဲတဲ့ အဆင့်ကို ရောက်နေပြီး တရားစွဲလို့တောင်ရကြောင်း အီဖီအွန်က သတိပေးသွားပါတယ်။

နီးစပ်သူတွေကတော့ လူမှုကွန်ရက်မှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့တဲ့နောက် OOUရဲ့ အုပ်ချုပ်ရေး အပိုင်းမှာ အခုကိစ္စနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ ချဉ်းကပ်ဖြေရှင်းမှုတွေကို ရှာဖွေနိုင်ဖို့ အပူတပြင်း ဆွေးနွေးနေကြောင်း ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် အတွင်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးလျှက်ရှိရာ ဖမ်းဆီးခံရသူ ၃၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒဏ်ရာရရှိသူများအား ပတ္တမြားလူငယ် ပရဟိတအသင်းနှင့် ပုလဲ အရန်မီးသတ်တပ်ဖွဲ့ လူနာတင်ယာဉ်များက မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

သတင်း

အဲဒီပွဲကိုတက်ရောက်ရတဲ့ ကျောင်းသား ၊ကျောင်းသူ တွေ မူးမေ့လဲကျတာ ၊ သတိလစ်တာတွေ ဖြစ်ခဲ့တယ်လို့ တောင်ကြီးမြို့ ကြက်ခြေနီက ဓာတ်ပုံတွေနဲ့ ဖော်ပြပါတယ်။

နိုင်ငံတကာ

သမ္မတ အာဖန်အလီကတော့ အခု မီးလောင်မှုဟာ နိုင်ငံအတွက် အထူးကြေကွဲစရာ ကပ်ဘေးကြီး တစ်ခုလို့ ပြောကြားသွားပါတယ်။

Facebook