close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဇနီးက သူ့မျက်နှာကို တွန်းထိုးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပြင်သစ်သမ္မတ ငြင်းပယ်

လေယာဉ်ပေါ်မှာ သူ့မျက်နှာကို ဇနီးဖြစ်သူ ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ငြင်းဆိုသွားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ သူ့မျက်နှာကို ဇနီးဖြစ်သူ ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ငြင်းဆိုသွားခဲ့ပါတယ်။

မေလ ၂၆ ရက်နေ့က ဗီယက်နမ် နိုင်ငံကို သမ္မတ မာခရွန်နဲ့ ဇနီးဖြစ်သူ ဘရီဂစ်တီတို့ အတူရောက်ရှိလာပြီး လေယာဉ်တံခါးကို ဖွင့်လှစ်တဲ့ အချိန်မှာ ဘရီဂစ်တီရဲ့ လက်က မာခရွန်ရဲ့ မျက်နှာကို တွန်းထိုးလိုက်တာကို ဗီဒီယို မှတ်တမ်းတွေမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။ လက်နဲ့ တွန်းခံရတဲ့ အချိန်မှာ မာခရွန်က နောက်ကို ယိုင်ထွက်သွားခဲ့ပေမယ့် ဟန်မပျက်အောင် နေရင်း လေယာဉ်ကွင်းထဲမှာ ရှိနေသူတွေကို လက်ပြ နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် ဇနီးဖြစ်သူ ရှိနေတဲ့ ကင်မရာမြင်ကွင်း ကွယ်ရာဖက်ကို မာခရွန်က ဝင်သွားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်မှာ ဘရီဂစ်တီဟာ လေယာဉ်ကိုယ်ထည် အတွင်းဖက်ကို ရောက်နေတာကြောင့် သူ့ရဲ့ လက်ကိုပဲ မြင်ခဲ့ရပြီး ကိုယ်အမူအယာက ဘယ်လို ရှိနေသလဲ ဆိုတာကို မသိရပါဘူး။ မာခရွန်နဲ့ ဇနီးဖြစ်သူတို့ဟာ ၂၀၀၇ ခုနှစ် ကတည်းက လက်ထပ်ထားခဲ့ကြတာပါ။ မာခရွန်တို့ စုံတွဲ လေယာဉ်ပေါ်က ဆင်းလာချိန်မှာ မာခရွန်က ဇနီးကို လက်ချိတ်ဖို့ တံတောင် ကွေးပေးခဲ့ပေမယ့် ဘရီဂစ်တီက မျက်ကွယ်ပြုလိုက်တာကိုလည်း တွေ့ရပါတယ်။

ဒီကိစ္စဟာ မီဒီယာတွေကြားမှာ အာရုံစိုက်စရာ ဖြစ်သွားခဲ့ပေမယ့် မာခရွန်ကတော့ ကြီးကြီးမားမား ပြဿနာ မဟုတ်သလို ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်တာလည်း မဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟနွိုင်းမှာ သတင်းထောက်တွေက မေးမြန်းတဲ့အခါ မာခရွန်က သူနဲ့ ဇနီးဖြစ်သူတို့ဟာ အသေးအမွှား စကားနည်းနည်းများပြီး သူ့ဇနီးကို နောက်ပြောင်ခဲ့တာသာ ဖြစ်ကြောင်း၊ ဘာကိစ္စမှ မရှိခဲ့ကြောင်း မာခရွန်က ပြောကြားခဲ့ပါတယ်။

သူက အင်တာနက်ပေါ် ပျံ့နှံ့သွားတဲ့ ဗီဒီယိုတွေကြောင့် သူအထင်လွဲ ခံရတာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဥပမာ ယူကရိန်းကို အလည်အပတ် သွားခဲ့တုန်းက ဗီဒီယို တစ်ခုမှာ မာခရွန်က ဆွေးနွေးပွဲ တစ်ခုမှာ စားပွဲပေါ်က အဖြူရောင် အထုပ်လေး တစ်ခုကို လှမ်းယူပြီး ဝှက်လိုက်တဲ့နောက် အဲဒါဟာ ကိုကင်း မူးယစ်ဆေးတွေ ပါတဲ့ အထုပ်ဆိုပြီး လူမှုကွန်ရက် မီဒီယာ တချို့က သက်သေ အထောက်အထား မရှိဘဲ စွပ်စွဲခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ မာခရွန်က သူဟာ တစ်ရှူးစတစ်ခုကို တွေ့လို့ ဖယ်လိုက်တာသာဖြစ်ပြီး သူ့ကို မကျေနပ်သူတွေက အသားလွတ် စွပ်စွဲ သိက္ခာချခဲ့တာလို့ တုံ့ပြန်ခဲ့ပါတယ်။

ဗီယက်နမ်က ကိစ္စမှာတော့ သမ္မတနဲ့ သမ္မတ ကတော်တို့ဟာ သူတို့နှစ်ဦးကြား ရင်းနှီးပြီး ရယ်ရယ်မောမော၊ သက်တောင့်သက်သာ ရှိတဲ့ အခိုက်အတန့် တစ်ခုကို ခရီးစဉ် မစခင်မှာ ဖြတ်သန်းခဲ့တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မာခရွန်ဟာ ပြင်သစ် ကိုလိုနီ နယ်မြေဟောင်း ဖြစ်ခဲ့တဲ့ ဗီယက်နမ်နဲ့ ကုန်သွယ်ရေး၊ မဟာဗျူဟာရေး ညှိနှိုင်းဆွေးနွေးမှုတွေအတွက် ရောက်ရှိနေတာပါ။ ဒါဟာ ဆယ်စုနှစ် တစ်ခုလောက် ကာလအတွင်း ပြင်သစ် သမ္မတ တစ်ယောက်က ဗီယက်နမ်မှာ ပထမဆုံး ခြေချမှုလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းရဲ့ လုံခြုံရေးအတွက် အာမခံချက် ရှိစေပြီး ခိုင်မာတည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး ရရှိအောင် ဥရောပ နိုင်ငံတွေက စုပေါင်း လုပ်ဆောင်သွားမယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေဆီ အသိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အယုံအကြည်မရှိ အဆိုအရ ဝန်ကြီးချုပ် ဖယ်ရှားခံလိုက်ရတဲ့နောက် ပြင်သစ် ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားပြီး ရှိရင်းစွဲ နိုင်ငံရေး အကျပ်အတည်းတွေက ပိုမိုဆိုးရွားလာတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

မာခရွန် ဦးဆောင်တဲ့ အစိုးရ အတွက်တော့ လူကြိုက်နည်းတဲ့ ပင်စင် မူဝါဒကြောင့် ကြုံခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီး နောက်တစ်ခါ အလားတူ မလိုလားစရာ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း

ပြင်သစ် Total Energies သည် လာမည့် ဇူလိုင်တွင် မြန်မာပြည်မှ ထွက်ခွာမည်ဖြစ်သော်လည်း အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် အကျိုးအမြတ်များကို အကြမ်းဖက်စစ်ကောင်စီကို လွှဲပြောင်း မည့်အပေါ် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူများနှင့် တက်ကြွလှုပ်ရှားသူများက အပြင်းအထန် ကန့်ကွက်နေခြင်းဖြစ်သည်။

Facebook