close
Connect with us

Hi, what are you looking for?

ဆောင်းပါး

သားရှင်ပြုအလှူပွဲမှ သက်ပျောက်ဆွမ်းသွပ်ပွဲသို့”

ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က ချောင်းဦးမြို့နယ်ထဲက ရွာလေးတရွာက သွပ်မိုး၊ ထရံကာ အိမ်ကလေးထဲမှာ အုန်းပွဲ၊ ငှက်ပျောပွဲ သာသနာပွဲထိုးထားတယ်။ မနက်ဖြန် ဒီအိမ်ကလေးရဲ့အလှူ ရှိတာမို့ သာသနာပွဲ ကြိုထိုးထားတာပါ။ အလှူ့ဒါယကာဖြစ်တဲ့ အသက်၂၈ နှစ်အရွယ် ကိုထွန်း(အမည်လွှဲ)လည်း ပြုံးပျော်နေတယ်။ မနက်ဖြန်ဆို အသက် ၁၂ နှစ်အရွယ် သူ့သားကြီး မောင်စိုး(အမည်လွှဲ)ကို ရှင်ပြုပေးရတော့မှာမို့ အပျော်ကြီးပျော်နေတာပါ။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အလှူအိမ်ပျက်စီးမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-RCRN)

Scorpio/People’s Spring

ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က ချောင်းဦးမြို့နယ်ထဲက ရွာလေးတရွာက သွပ်မိုး၊ ထရံကာ အိမ်ကလေးထဲမှာ အုန်းပွဲ၊ ငှက်ပျောပွဲ သာသနာပွဲထိုးထားတယ်။ မနက်ဖြန် ဒီအိမ်ကလေးရဲ့အလှူ ရှိတာမို့ သာသနာပွဲ ကြိုထိုးထားတာပါ။ အလှူ့ဒါယကာဖြစ်တဲ့ အသက်၂၈ နှစ်အရွယ် ကိုထွန်း(အမည်လွှဲ)လည်း ပြုံးပျော်နေတယ်။ မနက်ဖြန်ဆို အသက် ၁၂ နှစ်အရွယ် သူ့သားကြီး မောင်စိုး(အမည်လွှဲ)ကို ရှင်ပြုပေးရတော့မှာမို့ အပျော်ကြီးပျော်နေတာပါ။

သားကြီးတင်မကပါဘူး။ အသက် ၅ နှစ်အရွယ် သမီးငယ်လေးကိုလည်း မြန်မာ့ရိုးရာဓလေ့အတိုင်း နားထွင်းမင်္ဂလာပြုလုပ်ပေးမှာပါ။ ကိုထွန်းအမျိုးသမီး မငယ်(အမည်လွှဲ)လည်း သားအဖတတွေကိုကြည့်ရင်း ပြုံးပျော်နေခဲ့တယ်။ သူလည်းမနက်ဖြန်ဆို အလှူ့ဒါယကာမကြီး ဖြစ်ပြီကိုး။

သားကလေးက ဘုန်းကြီးကျောင်းမှာကျောင်းအိပ်ကျောင်းစားနေတာပါ။ ဘုန်းကြီးကျောင်းဆိုတော့အလှူအတန်းတွေလာလုပ်ရင်မောင်ရင်လောင်းလေးတွေတွေ့တိုင်း အားကျတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်မိဘတွေအတွက်တော့ သားရှင်ပြုဆိုတာ သူတို့ဘဝအတွက် အရေးကြီးတဲ့ အိပ်မက်တခုပါ။ ကိုယ့်သားလေးကြီးလာရင် ရှင်ပြုအလှူကြီးပေးဖို့ဆိုတာ မိဘတွေအတွက် ရည်မှန်းချက်တခုပါ။ ကိုထွန်းလည်း အဲဒီအိပ်မက်တွေကြောင့်ပဲ အာဏာသိမ်းကာလ တအုန်းအုန်းတဒိုင်းဒိုင်းတွေကြားကပဲ မိသားစုကို စိတ်မချလက်မချနဲ့ထားပြီး အထက်ပိုင်းက ရွှေမျောတခုမှာ အလုပ်သွားလုပ်ခဲ့တယ်။ ​နောက်ပိုင်းမှာ ကားသမားတ​ယောက်ရဲ့ အကူအဖြစ်လုပ်ကိုင်ပါတယ်။သားကလေး ရှင်ပြုပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ကိုထွန်းတစ်နှစ်လောက် မိသားစုနဲ့ခွဲပြီး ကြိုးစားပန်းစား လုပ်လာလိုက်တာ ငွေသိန်းသုံးဆယ်လောက် ပါလာခဲ့တယ်။ ဒါနဲ့ ငွေသိန်းသုံး၊​လေးဆယ်လေးနဲ့ သားရှင်ပြု အလှူပွဲလေးတခုခပ်ကျဥ်းကျဥ်း လုပ်ဖို့ ရွာမှာတင် စီစဥ်ကြတယ်။

ကိုထွန်းလေ သားကြီးရဲ့ရှင်ပြုမင်္ဂလာမှာ ကြက်အသားနီလန်၊ ဝက်အဆီပြန်နဲ့ ကျွေးချင်ခဲ့တာပါ။ သို့ပေမဲ့ သူ့ရှိတဲ့ငွေလေး သိန်းသုံးဆယ်နဲ့ ဘာလုပ်လို့ရမလဲ။ ဒါနဲ့ ထမင်းကျွေးဖို့မတက်နိုင်လို့ ကြာဇံဟင်းခါးလေးပဲ ကျွေးမယ်လို့ ဆုံးဖြတ်လိုက်ရတယ်။

“အလှူလုပ်ရင် ထမင်းကျွေးတာများတယ်။ အခုဟာက ကျွေးချင်ပေမဲ့လည်း သားဖြစ်သူ သာမ

ဏေ ဘဝရောက်ရေး ပကာသနမပါဘဲ သူတို့နိုင်သလောက် လုပ်ရတဲ့ပွဲလေးဆိုတော့ အကျဥ်းရုံးပြီးလုပ်ကြတာ။”လို့ ရွာသားတဦးကပြောပြတယ်။

အဲဒီနေ့က ချုံ့ပြီးလုပ်ရတဲ့အလှူပွဲလေးမို့ အိမ်မှာက ဘာအဆောင်အယောင်မှ မလုပ်နိုင်ဘူး။ မနက်ဖြန် အလှူကြီးနေ့မှာဝတ်ဖို့ အဝတ်အစားလေးတွေ မြို့တက်ဝယ်ပြီး ပြန်လာကြတာ။ နေကလည်းပူပူဆိုတော့ အိမ်ထဲ ခဏနားကြတာပေါ့။

အိမ်ထဲမှာ သူတို့မိသားစုနဲ့အတူ အလှူဖိတ်ပေးဖို့ ကိုထွန်းသူငယ်ချင်းတယောက်လည်း ရောက်နေတယ်။ ရွာတွေမှာက မတက်နိုင်တာမျိုးဆို အလှူပရိတ်တရားနာ ရေစက်ချကြွကြဖို့ ဆေးလိပ်လေးတွေနဲ့ လိုက်ဖိတ်လေ့ရှိတယ်။ ကိုထွန်းသူငယ်ချင်းကလည်း မတက်နိုင်တဲ့သူ့သူငယ်ချင်းအလှုလေး မျက်နှာမွဲအလှူမို့ မစည်မကားမဖြစ်ရအောင် ဆေးလိပ်လေးတွေနဲ့ လိုက်ဖိတ်ပေးဖို့ ရောက်နေတာပါ။

မိသားစုနဲ့ သူငယ်ချင်းတွေ လာကူသူတချို့တွေ မနက်ဖြန်အလှူအတွက် စကားပြောဆိုနေကြတုန်း အုန်းဆိုတဲ့ အသံကျယ်ကြီး ကြားလိုက်ရတယ်။ ဆက်တိုက်ပဲ နောက်တလုံးထပ်ကျဲတယ်။

“အိမ်ကလေးရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို ကျတာ။ အိမ်ကဗုံးနှစ်လုံးကြား ညပ်သွားတယ်။”လို့ ဒေသခံတဦးက ပြောတယ်။

အလှူဒါယကာမလေးက နားတွေအူထွက်သွားတယ်။ သူ့ ပေါင်နဲ့ လက်မောင်းမှာလည်း ဗုံးစမှန်လို့ သွေးတွေထွက်နေတယ်။ သမီးလေး ပခုံးမှာလည်း သွေးတွေနဲ့။ ဘေးနားက ယောကျာ်းနဲ့သားကို သတိရတယ်။ ကြည့်လိုက်တဲ့အချိန် သူ့သားလေးကလည်း ခေါ်လို့ မရတော့ဘူး။ ယောကျာ်းဖြစ်သူ အလှူ့ဒါယကာကလည်း လွင့်ထွက်သွားပြီး ကြည့်လိုက်တော့ ရုပ်ပျက်ဆင်းပျက်သေဆုံးနေပြီ။ အလှူ့ဒါယကာမ ရူးမတက်ပါပဲ။ သတိဝင်လာပြီး သမီးလေးလက်ဆွဲပြီး ထွက်ပြေးလာခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြတယ်။

အဲဒီနေ့က သူ့အမျိုးသား အလှူ့ဒါယကာရယ်၊ သူ့သား မောင်ရှင်လောင်းလေးရယ်၊ လာကူညီပေးတဲ့ ယောကျာ်းရဲ့သူငယ်ချင်းရယ် ပွဲချင်းပြီး ဆုံးပါးခဲ့ပါတယ်။ အလှူ့ဒါယကာမနဲ့ သူ့သမီးလေးရယ်၊ ဘေးဝန်းကျင်ကတဦးရယ် ဒဏ်ရာရခဲ့တယ်။

သူတို့အလှူဝင်နေ့ကို ဗုံးလာကျဲတာက မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ တက်လာတဲ့ ပါရာမိုတာ စက်တပ်လေထီးတစ်စီးလို့ ဒေသခံတွေက ပြောပြတယ်။

စစ်ကောင်စီဟာ နောက်ထပ်နှစ်ရက်အကြာ မေလ(၁၂)ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသားကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူ အများအပြား ရှိနေပါသေးတယ်။

စစ်ကောင်စီဟာ ဧပြီနဲ့ မေလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စစ်ကောင်စီလေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာများအရ ဧပြီ(၁၈)မှ မေလ (၁၂)ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ (၂၂၃)ဦးသေဆုံးကာ (၄၄၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ယခင်ကတည်းကလည်း အညာကမင်္ဂလာဆောင်တွေ၊အလှူတွေကိုဗုံးကျဲလို့ ပြည်သူထိခိုက်သေဆုံးတာတွေအများအပြားရှိခဲ့ဖူးတယ်။

အလှူဝင်နေ့ ဗုံးကျဲခံလိုက်ရတဲ့ အခြေအနေတွေကြောင့် ကျန်ရစ်တဲ့ မိသားစုဝင်တွေသာမက တရွာလုံးလည်း ရင်ထုမနာဖြစ်ရတယ်။ ရှင်ပြုမယ့်ရင်သွေးနဲ့ အလှူ့ဒါယကာ သေဆုံးခဲ့ရတဲ့ဖြစ်စဥ်ကြောင့် တရွာလုံးတဆွေလုံး ကြေကွဲထိခိုက်ကြတယ်။

“တနှစ်လုံးလုပ်လို့မှရလာတဲ့ သိန်းသုံးဆယ်လေးကို စားဝတ်နေရေးမငဲ့ကွက်ဘဲနဲ့ သူ့သားရှင်ပြုပွဲ အကုန်သုံးမယ်ဆိုတဲ့စိတ်နဲ့သွားတာ။”လို့ ဒေသခံတဦးက ဆို့ဆို့နင့်နင့်ပြောတယ်။

အလှူနေ့ကြတော့ အကုန်လုံးကလည်း လှူဖို့ရယ်ရွယ်ပြီးသားတွေ ဖြစ်နေတဲ့အခါမှာ ကွယ်လွန်သူတွေကို ရည်စူးပြီး လှူလိုက်ကြရတော့တယ်။ တရွာလုံးလည်း မျက်ရည်လည်ရွှဲ ဖြစ်ကြရတယ်။

“ရှင်ပြုအလှူကနေ ဆွမ်းသွပ်အလှူပုံစံမျိုးကြီးဖြစ်သွားတယ်။”လို့ ဒေသခံက စိတ်မကောင်းစွာ ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်ရှိ လေးပင်တောင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ မီးနေသည် အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရစေခဲ့တဲ့ စစ်ကိုင်းတိုင်းရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် သြစတြေးလျနိုင်ငံက အလွန်အမင်းစိုးရိမ်ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ စစ်ကောင်စီရဲ့ ထွေအုပ်ရုံးက လက်နက်ကြီးနဲ့ မြို့အစွန်ရပ်ကွက်တွေကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ BLDFအညာမိုင်းတပ်ခွဲက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)က ယနေ့(မေလ ၁၅ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။