close
Connect with us

Hi, what are you looking for?

သတင်း

ဇွန်လအတွင်း နိုင်ငံသုံးနိုင်ငံမှာပြသမယ့် What Happened To The Wolf?

ဒါရိုက်တာဏကြီးရိုက်ကူးထားတဲ့ What Happened To The Wolf? ရုပ်ရှင်ကို ဇွန်လအတွင်းမှာ နိုင်ငံသုံးနိုင်ငံမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

မေ ၂၆၊၂၀၂၅။ဆဏ်း/People’s Spring

ဒါရိုက်တာဏကြီးရိုက်ကူးထားတဲ့ What Happened To The Wolf? ရုပ်ရှင်ကို ဇွန်လအတွင်းမှာ နိုင်ငံသုံးနိုင်ငံမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ဒီရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသဖို့ စီစဉ်နေတဲ့အကြောင်း အသိပေးခဲ့တာဖြစ်ပြီး ဇွန်လအတွင်းမှာတော့ စင်ကာပူ ၊ ဩစတေးလျ နဲ့ အမေရိကန်နိုင်ငံက ရုပ်ရှင်ရုံတချို့မှာ ပြသသွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ Carnival Cinema Golden Mile Tower မှာ ဇွန် ၂၁ရက် နဲ့ ၂၂ရက်မှာ ပွဲစဉ်လေးပွဲ ပြသဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ဒီရက်တွေမှာ ကြည့်ဖို့ မအားသူတွေ အတွက်ရည်ရွယ်ကာ ဇွန် ၂၂၊ ၂၅ ၊၂၈ နဲ့ ၂၉ရက်မှာလည်း တစ်ပွဲစီပြသသွားဖို့ စီစဉ်နေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ Cinemark Cinema မှာတော့ ဇွန် ၂၉ ရက်နေ့ ၁၂ နာရီခွဲ ပွဲစဉ်အနေနဲ့ ပြသပေးမှာဖြစ်ပါတယ်။

ဩစတေးလျနိုင်ငံမှာတော့ ဇွန် ၂၂ ရက်နေ့ ဆစ်ဒနီမြို့က Bryan Brown Theatre (Bankstown) မှာ ပွဲစဉ်တစ်ပွဲနဲ့ ဇွန် ၂၉ ရက်မှာတော့ မဲလ်ဘုန်း မြို့The Spot Theatre – University of Melbourne မှာ ပွဲစဉ်တစ်ပွဲပြသသွားမှာပါ။

ဒီပွဲစဉ်တွေအတွက် လက်မှတ်ဝယ်ယူနိုင်မယ့်နေရာတွေကိုလည်း What Happened To The Wolf? ရဲ့ ပေ့ခ်ျမှာ ဖော်ပြပေးထားပါတယ်။

ဒီရုပ်ရှင်ပြသရေးက တော်လှန်ရေး အတွက် ရန်ပုံငွေရှာတာမဟုတ်ပဲ Personal Project (ကိုယ်ပိုင်လုပ်ငန်း) အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ဒါရိုက်တာဏကြီးကပွင့်ပွင့်လင်းလင်းအသိပေးထားပါတယ်။

တော်လှန်ရေးကာလ လေးနှစ်ကျော်အတွင်းမှာ ပိုင်ဖြိုးသုနဲ့အတူ နိုင်တဲ့ဘက်ကနေပါဝင်ခဲ့သလို ဆက်လက်ပါဝင်နေမှာဖြစ်ပြီး အနုပညာရှင်အနေနဲ့ ရုပ်ရှင်တွေ ဆက်လက်ဖန်တီးရပ်တည်နိုင်ဖို့အတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“မလုပ်စေချင်လို့ တားထားတာကို ရအောင်လုပ်တာလည်း တော်လှန်တာပါပဲ။ ဒါကြောင့် ဒီ Project ဟာ ရှေ့ဆက်မယ့် ကျွန်တော်တို့ ခြေလှမ်းတွေအတွက် အင်အားတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။”လို့ ဒါရိုက်တာဏကြီးက ပြောပါတယ်။

ရှေ့ဆက်ရပ်တည်ဖို့ဆိုရာမှာလည်း ငွေကြေးအရရပ်တည်နိုင်ဖို့ ကြိုးစားတာသက်သက်မဟုတ်ပဲ အနုပညာအရ ရုပ်ရှင်ဖန်တီးမှုတွေ ဆက်လုပ်နိုင်ဖို့ ပရိသတ်နဲ့ ပြန်လည်ထိတွေ့နိုင်ဖို့ကိုရည်ရွယ်တယ်လို့ဆိုပါတယ်။

“What Happened to the Wolf?” ရုပ်ရှင်က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး အာဏာသိမ်းကာလမတိုင်မီ ၂၀၂၀ ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး World Premiere ကို ဂျာမဏီနိုင်ငံ၊ Oldenburg မြို့မှာ ပြုလုပ်ခဲ့တဲ့ Internationales Filmfest Oldenburg (2021) မှာ ပြသခဲ့ပါတယ်။

အဲဒီ့ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားက ဆုတွေရရှိခဲ့သလို အခြားရုပ်ရှင်ပွဲတော်တွေမှာလည်းဆုတွေရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

“What Happened to the Wolf?” ရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသနိုင်ဖို့ စီစဉ်နေပြီလို့ တော်လှန်အနုပညာရှင် ဒါရိုက်တာဏကြီးက အသိပေးထားပါတယ်။

Facebook