close
Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်နှင့် ဖားကန့်ဒေသတိုက်ပွဲ ဆက်ဖြစ်နေ၊ စစ်ကောင်စီတပ် အထိနာဟု ဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနှင့် ဖားကန့်မြို့နယ် နမ့်တိန် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

မေ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနှင့် ဖားကန့်မြို့နယ် နမ့်တိန် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

ဝိုင်းမော် လမြန်ရွာ နှင့် ခတ်ချိုရွာတွင် ယနေ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အလောင်းနှင့် လက်နက်အချို့ ရရှိခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “မနေ့က နှစ်ကြိမ်ပေါ့ တိုက်ပွဲဖြစ်တာ။ ဝိုင်းမော် လမြန်အဲဒီဘက်မှာ။ စခတွေက ထိုးစစ်ဆင်လာတာ။ အဲဒီ ဆဒုံး-ကန်ပိုက်တည် လမ်းဘက်ပေါ့။ ဝိုင်းမော်အထွက် ကန်ပိုက်တည်ဘက်အထွက်ပေါ့” ဟု ယမန်နေ့ ဝိုင်းမော်ဒေသ တိုက်ပွဲအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀ဦးခန့် ထိခိုက်သေဆုံးခဲ့ဟု ပြောပြပြီး ယနေ့ မေလ ၂၄ရက် ဝိုင်းမော်တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်အထိနာခဲ့ဟုဆိုသည်။

“အလောင်းတွေကတော့ မနေ့ညက အကုန်လုံးသူတို့ ဆွဲသွားတယ်။ ဒီမနက်သွားကြည့်တော့ အလောင်းတွေ မရှိတော့ဘူး။ ဒီမနက်လည်း ၅နာရီခွဲလောက်ပေါ့ သူတို့ လမြန်ထဲမှာ စုနေကြတာ အဲဒါ ကျနော်တို့လည်း လက်နက်ကြီးတွေ ပစ်ထည့်လိုက်တော့ သူတို့ တော်တော်ထိသွားတယ်“ ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဖားကန့်လမ်း၌ တိုက်ပွဲ ဆက်ရှိနေပြီး စစ်ကောင်စီတပ်ဘက်က အထိနာခဲ့ဟု ပြောသည်။

“ဖားကန့်လမ်း ဒီနေ့ တိုက်ပွဲဖြစ်တာ နမ့်တိန်မရောက်ခင် ပျားအုံလို့ခေါ်တယ် အဲဒီနား တိုက်ပွဲဖြစ်တာ စခတွေ အတော်အထိနာတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် အင်အားအလုံးအရင်းဖြင့် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ KIA ပူးပေါင်းတပ်ကလည်း ခုခံတိုက်ခိုက်နေပြီး မေလအတွင်း တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။

ကချင်ဒေသ စစ်ရေး အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ညပိုင်း၌ ဆက်သွယ်မေးမြန်းထားပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

KIA နဲ့ ပူး​ပေါင်းတပ်​တွေက ​ရွှေကူမြို့မှာအ​ရေး​ပေါ်ဆင်းသက်ခဲ့တဲ့ စစ်​ကောင်စီတပ်နဲ့ ရဟတ်ယာဥ်ကို ​မေလ ၂၁ ရက်​နေ့မှာထပ်မံသွား​ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာ​ကြောင့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ပစ်ချဖျက်ဆီးခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်နဲ့ ​တိုက်လေယာဥ် ၅ စီးရှိပြီဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာလျက်ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့နှင့်တဖြေးဖြေးနီးကပ်လာနေပြီး ခုခံတိုက်ပွဲများလည်း နေ့စဉ်ဖြစ်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချခဲ့သည့် ရဟတ်ယာဉ်အပျက်အစီးရှိရာနေရာသို့ KIA ရဲဘော်များ ထပ်မံသွားရောက်ကြည့်ရှုရာ မီးလောင်နေသည့် ရဟတ်ယာဉ် အပျက်စီးများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ ထပ်မံတွေ့ရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။