close
Connect with us

Hi, what are you looking for?

သတင်း

စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၆)မှာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မေ ၂၆၊၂၀၂၅။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၆)မှာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ပင်မသပိတ်အင်အားစုက ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃)အရ အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေး “ILO implement Article 33 On Myanmar Now 2025” စာသားနဲ့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်ကြွေးကာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါလှုပ်ရှားမှုဟာ ဇွန်လ၂ရက်နဲ့ ၃ ရက်နေ့မှာ မဲခွဲဆုံးဖြတ်မယ့် ILO အစည်းအဝေးကြီးကနေ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူနိုင်ဖို့ လူ့အသက်တွေကယ်တင်ဖို့ ILOရဲ့ ပုဒ်မ(၃၃)ကိုမဲပေးပါဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း သပိတ်ကော်မတီဝင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်​ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်နယ်မြေ၊ပြင်‌‌ဦးလွင်မြို့မှာစီမံချက်ဆိုပြီး လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီအဖွဲ့ကဆက်တိုက်ဖမ်းဆီးနေပြီး တရက်ကို မြို့ခံတွေရဲ့ကားအစီးရေ ၅၀လောက်အထိ အဖမ်းခံနေရကာ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေရဲ့ ကားတွေတော့မပါဘူးလို့ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်း - ကာမိုင်း - ဖားကန့်လမ်းပိုင်းတွင် စစ်ကောင်စီတပ်စွဲခဲ့သည့် ကျေးရွာများမှ နေအိမ်များ ဖောက်ထွင်းခံထားရပြီး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား စစ်ကောင်စီတပ်က ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာ ခြိမ်းခြောက်နေသော်လည်း တော်လှန်ရေးအရှိန်အဟုန် လျော့သွားမည်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

Facebook