close
Connect with us

Hi, what are you looking for?

သတင်း

ပကဖရဲဘော်၁၀ဦး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး​ ဆောင်ရွက်​ပေးရန် ဆန္ဒထုတ်​ဖော်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တွင် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ဦး သတ်ဖြတ်ခံရမှုကို အမှုမှန်ပေါ်အောင် စုံစမ်း ဖော်ထုတ်ပေးရန် ဒေသခံအချို့ နှင့်ကျဆုံးရဲဘော်များ၏ မိသားစုဝင်များက ယ​နေ့ဆန္ဒထုတ်ဖော်​တောင်းဆိုခဲ့ကြသည်။

ဓါတ်ပုံ- GSCB

​မေ-၂၆၊၂၀၂၅။ ကဖေး/People’s Spring

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တွင် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၁၀ဦး သတ်ဖြတ်ခံရမှုကို အမှုမှန်ပေါ်အောင် စုံစမ်း ဖော်ထုတ်ပေးရန် ဒေသခံအချို့ နှင့်ကျဆုံးရဲဘော်များ၏ မိသားစုဝင်များက ယ​နေ့ဆန္ဒထုတ်ဖော်​တောင်းဆိုခဲ့ကြသည်။

“အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးပါ” စာတန်းကို ဆန္ဒ​ဖော်ထုတ်သူများကကိုင်​ဆောင်၍ မေလ ၂၆ ရက်၌ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။အသတ်ခံလိုက်ရသည့်ရဲ​ဘော်များ၏ ဓါတ်ပုံများကိုလည်း ကိုင်​ဆောင်၍ ဆန္ဒထုတ်​ဖော်ကြသည်။

“တမူးခရိုင်အမတ်ကိုမေးပေမယ့်လုံလောက်တဲ့ရှင်းလင်းချက်မရဘူး။အမတ်တွေဒီထက် အလုပ်ပိုလုပ်ပေးဖို့လိုပါတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၁၄ရက်နေ့က တမူးမြို့နယ်နဲ့ထိစပ်နေသောလုအိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အနီးတစ်နေရာတွင် တမူးခရိုင် ပြည်သူ့ကာကွယ်အဖွဲ့မှရဲဘော်များကို အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ဖြစ်စဉ်အတွက် ကနဦးမြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များအရ အိန္ဒိယအစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်ဟုNUG နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၉ရက်ညတွင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင်အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးရန်၊ အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူများ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာ သတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်၊ နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး နစ်နာသူ မိသားစုများအား နစ်နာကြေးပေးဆောင်ရန်၊ နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန်၊ နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားခြင်းဖြင့် ယခုကဲ့သို့ ဖြစ်စဉ်များအားရှောင်လွှဲရန် တောင်းဆိုထားသည်။

အဆိုပါအမှု အ​ခြေအ​နေကိုစစ်ဆေးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးရန် တမူးမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲ‌ဘော်များကလည်းတောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးနှင့် တမူးခရိုင်များပါဝင်သည့် ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့(မတ်လ ၂၂ရက်) ပြောကြားသည်။

Facebook