close
Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေ

(စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ)

စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ

■ရေကြည်၊အမြောက်တပ်(၃၄၄)၏ ကာကင်းစခန်းအချို့မှစစ်သားများဆုတ်ခွာ

​မေ-၁၄၊၂၀၂၅။ဧရာ/People’s Spring

ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲနေကြောင်းနှင့် တိုက်ပွဲဖြစ်နေသည့်နေရာများအနီးမှ ဒေသခံများ စစ်ဘေးရှောင်ကြရန် ဒေသခံများအချင်းချင်းသတိပေးနေသည်။

ရေကြည်မြို့နယ်နှင့်အစပ်ကျေးရွာအချို့တွင်မေလ ၁၄ရက် နံနက်အစောပိုင်း၌တိုက်ပွဲဖြစ်ပွားပြီး ညနေအထိ သေနတ်သံများကြားနေရကြောင်း လေးမျက်နှာ မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဒေသခံတွေ ရှောင်ကြပါတယ်။ဒါပေမယ့် အခြေအနေအရ မထွက်နိုင်သေးသူတွေလည်း ရှိတယ်။ရှောင်မှကို ရမယ့်အခြေအနေဖြစ်ပါတယ်။ တိုက်ပွဲကတော်တော်ပြင်းထန်ပါတယ်”ဟု အဆိုပါဒေသခံကပြောသည်။

‌ရေကြည်နှင့် လေးမျက်နှာမြို့ခံများ၏ ပြောဆိုချက်အရ ရေကြည်မြို့အမြောက်တပ်(၃၄၄) ၏ ကာကင်းစခန်းအချို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း သိရသည်။

“လေးမျက်နှာဖက်ကကာကင်းစခန်းတွေဆုတ်သွားတာပါ။ စစ်တပ်ကတော့ရွာတွေထဲမှာ AAရှိတယ်ဆိုပြီးလက်နက်ကြီးရော၊လေကြောင်းရောပစ်နေတာပါဗျ”ဟုရေကြည်မြို့ခံတစ်ဦးကပြောသည်။

အမြောက်တပ်(၃၄၄)၏လေးမျက်နှာမြို့နယ်ထဲမှကာကင်းစခန်းအချို့မှ ​တော်လှန်​ရေးတပ်များကသိမ်းယူလိုက်ကြောင်းပြောသော်လည်း People’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အပစ်ရပ်ကြေညာချက်ဖြင့်AAကထိုးစစ်ရပ်တန့်ထားသော်လည်းစစ်ကောင်စီကလေးမျက်နှာမြို့နယ်၌ လေကြောင်းမှ ဗုံးကြဲနေသည်။

လေးမျက်နှာမြို့နယ်၊ မကျည်းပင်ကွင်းကျေးရွာကို မေလ ၄ရက် ညက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ အရပ်သားတစ်ဦးဒဏ်ရာရပြီးအိမ် ၇ လုံး ပျက်စီးသွားခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလကဧရာဝတီတိုင်း ရွှေသောင်ယံမြို့၊ သာပေါင်းမြို့နယ်တို့တွင် စတင်ခဲ့သော တိုက်ပွဲများသည်မတ်လမှစတင်ကာရေကြည်၊လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြောသို့ ရောက်ရှိလာသည်။ ဟင်္သာတခရိုင်၊ လေး‌မျက်နှာမြို့နယ်၊ပန်းတောကြီးရွာကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧပြီလ ၁၇ရက်တွင် သိမ်းယူလိုက်ရာ စစ်ကောင်စီက လေကြောင်းမှ နေစဉ် ဗုံးကြဲတိုက်ခိုက်နေသည်။

AA၊TNLAနှင့် MNDAA ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မတ်လ၂၈ရက်က ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက်သတ်အပစ်ရပ်ကာလအား ​မေလကုန်အထိသက်တမ်းထပ်တိုးကြောင်း မေလ ၁ရက်တွင် ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးနိုင်ရန် အပစ်ရပ်ထားသည်ကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်နယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၄ဦးသေဆုံးပြီး ၂၃ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(မေလ ၁၄ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းနှင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း ကျေရွာများကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦး သေဆုံးပြီး ခုနစ်ဦးခန့် ဒဏ်ရာရရှိကြောင်း ဝက်လက်မြို့နယ်သတင်းအချက်အလက်ကွန်ရက်တာဝန်ခံတစ်ဦးက လူထုနွေဦးသို့​ ပြောသည်။

Facebook