close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မေလထဲမှာ ၃ ရက် အပစ်ရပ်မယ်လို့ ပူတင်ကြေညာ၊ ဘာလို့ မေလထိ စောင့်နေသလဲလို့ ယူကရိန်း မေးခွန်းထုတ်

ဒုတိယ ကမ္ဘာစစ် အောင်ပွဲ နှစ်ပတ်လည် ကာလမှာ သုံးရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကြေညာခဲ့ပါတယ်။

Getty Images

ဒုတိယ ကမ္ဘာစစ် အောင်ပွဲ နှစ်ပတ်လည် ကာလမှာ သုံးရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကြေညာခဲ့ပါတယ်။

ဧပြီ ၂၈ ရက်နေ့၊ ပူတင်ရဲ့ ကြေညာချက်မှာတော့ သူဟာ မေလ ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ တိုက်ခိုက်မှုတွေ အားလုံး ရပ်နားထားဖို့ ရုရှားတပ်တွေကို အမိန်ပေးထားမယ်လို့ ပါရှိပါတယ်။ ဒါပေမဲ့ ယူကရိန်းဖက်က စတင် ရန်လို တိုက်ခိုက်လာရင်တော့ သင့်တော်သလို တုံ့ပြန်မှာဖြစ်ကြောင်း၊ ယူကရိန်း အနေနဲ့လည်း အဲဒီ အပစ်ရပ် ကြေညာချက်ကို လက်ခံ သဘောတူသင့်ကြောင်း ပူတင်က ပြောကြားထားပါတယ်။

ရုရှားဟာ ဆိုဗီယက်က နာဇီ ဂျာမနီအပေါ် ဒုတိယ ကမ္ဘာစစ်မှာ အောင်ပွဲခံခဲ့မှု နှစ် ၈၀ ပြည့် အခမ်းအနားကို လာမယ့် သီတင်းပတ်ကုန်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ပူတင်ရဲ့ အမိန့် ကြေညာချက်ကိုတော့ ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက ရုရှားဟာ အပစ်ရပ် ကြေညာချက်ကို လက်ရှိ အချိန်ကစပြီး ဘာကြောင့် မထုတ်ပြန်နိုင်သလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ယူကရိန်း အနေနဲ့ ရုရှားရဲ့ အောင်ပွဲနေ့ အခမ်းအနား ကာလအတွက် ကာလတိုလေး အပစ်အခတ် ရပ်ထားတာ မဟုတ်ဘဲ အနည်းဆုံး တစ်လလောက် ကြာမြင့်တဲ့ အပစ်ရပ် ကာလမျိုးကို လိုက်လျော လက်ခံဖို့ အသင့်ရှိနေတာဖြစ်ကြောင်း သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဗီလန်စကီးကလည်း သူဟာ နောက်ထပ် တစ်စက္ကန့်တောင်မှ ဆက်ပြီး စစ်မဖြစ်ချင်တော့ဘူးလို့ ပြောကြားခဲ့ပြီး ရက် ၃၀ အပစ်ရပ်ဖြစ်ခဲ့မယ်ဆိုရင် ယူကရိန်းဖက်က အပြည့်အဝ လေးစား လိုက်နာ စောင့်ထိန်းသွားဖို့ အသင့်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ရုရှားရော၊ ယူကရိန်းပါ စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ရေးအတွက် အမေရိကန် အစိုးရဆီက ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားဟာ ယူကရိန်းရဲ့ မြို့တွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ဆက်လက်ပြီး အရှိန်မြှင့် လုပ်ဆောင်နေခဲ့ပါတယ်။

ရုရှားဟာ ဧပြီ ၂၀ ရက်နေ့တုန်းကလည်း အီစတာ ကာလအတွက် နာရီပေါင်း ၃၀ အပစ်ရပ်ကြောင်း ကြေညာခဲ့ဖူးပြီး အဲဒီနောက်မှာတော့ သက်တမ်း ထပ်မတိုးဖြစ်ခဲ့ပါဘူး။ အီစတာ အပစ်ရပ် ကာလအတွင်းမှာ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့တယ်လို့ နှစ်ဖက်စလုံးက အသီးသီး စွပ်စွဲထားကြပါတယ်။

ကိုးကား: NPR

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဆုံးမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုဖို့ လိုက်လျောလာတော့မယ်လို့ သူယူဆကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ ရုရှားအတွက် စစ်ကူတပ်တွေ စေလွှတ်ပေးခဲ့တယ် ဆိုတာကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

ထရန့်ရဲ့ ရုရှနာမည်ဝှက်က “Krasnov”ပါတဲ့။ Krasnov ရဲ့အဓိပ္ပါယ်ကတော့“အနီ”ဖြစ်ပါတယ်။ မော်စကိုကပြန်လာတဲ့အခါမှာထရန့်ဟာနယူးယောက်တိုင်းစ်သတင်းစာကြီးမှာ တစ်မျက်နှာပြည့်ကြော်ငြာတစ်ခုထည့်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း သမ္မတနဲ့ လူချင်းတွေ့ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

Facebook