close
Connect with us

Hi, what are you looking for?

အတွေးအမြင်

“ဂျပိုးတွေလာနေပြီ”

နိုင်ငံတကာက Gen Z တွေအတွက်စိုးရိမ်ဝမ်းနည်းရတာတစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့ရင်ဆိုင် နေရတဲ့ မကောင်းဆိုးဝါး အစိုးရတွေဟာ အရင်ခေတ်ကအာဏာရှင်တွေထက်ပိုအရှက်နည်း၊ပိုရက်စက်ပြီး သူတို့အချင်းချင်းပိုညီညွတ်ကြတယ်ဆိုတာပါပဲ။

၅၅၉ ရေးသားသည်။

နိုင်ငံတကာက Gen Z တွေအတွက်စိုးရိမ်ဝမ်းနည်းရတာတစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့ရင်ဆိုင် နေရတဲ့ မကောင်းဆိုးဝါး အစိုးရတွေဟာ အရင်ခေတ်ကအာဏာရှင်တွေထက်ပိုအရှက်နည်း၊ပိုရက်စက်ပြီး သူတို့အချင်းချင်းပိုညီညွတ်ကြတယ်ဆိုတာပါပဲ။

“အာဏာရှင်ကော်ပိုရေးရှင်း” ( Autocracy, Inc.) စာအုပ်ကိုရေးတဲ့ ပူလစ်ဇာဆုရသတင်းစာဆရာမ အန်း အက်ပဲလ်ဘောင်ကတော့ ဒီခေတ်အာဏာရှင်တွေဟာအတွေးအခေါ်အယူဝါဒတွေကို ဟန်ဆောင်ပြမနေတော့ပဲအာဏာတည်မြဲရေးတစ်ခုပဲမျက်နှာပြောင်တိုက်ပြီး ကြည့်တော့တယ်လို့ စစ်အေးတိုက်ပွဲခေတ် နဲ့ယှဉ်ပြီးပြောခဲ့ပါတယ်။

“ဒီခေတ်မှာအာဏာရှင်ကော်ပိုရေးရှင်းရဲ့အဖွဲ့ဝင်တွေဟာ သူတို့ကိုဘယ်နိုင်ငံတွေကဘယ်လိုဝေဖန် နေကြတယ်ဆိုတာဂရုကိုမစိုက်တော့ဘူး” လို့ အန်းကဆိုပါတယ်။ နိုင်ငံတကာက အာဏာရှင်နိုင်ငံ တွေအစုအဝေးကို “အာဏာရှင်ကော်ပိုရေးရှင်း” အဖြစ်သူမကတင်စားပြီးပြောတာပါ။

Public Service Announcement

Public Service Announcement

ပြီးတော့သူတို့ဟာအာဏာကိုလက်မလွှတ်ဖို့အတွက် အချင်းချင်းဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ် ဆိုတာကိုကောင်းကောင်းသိကြပါတယ်။ ရုရှ၊တရုတ်၊ဘီလာရုစ်၊ အီရန်၊မြောက်ကိုရီးယား၊တူရကီ ၊ ဗင်နီဇွဲလား၊ မြန်မာ၊ ဆော်ဒီအာရေးဗီးယား၊ဗင်နီဇွဲလား၊ဆူဒန် တို့အပါအဝင် ဂျပိုးတစ်ဖွဲ့လုံးက ညီညွတ်ကြပါတယ်။

ဘီလာရုစ်ကိုကြည့်ပါ။ သူတို့အစိုးရကိုနိုင်ငံတကာအဖွဲ့အစည်းအသီးသီးကအဖက်မလုပ်ကြပါဘူး။

ဥရောပသမဂ္ဂ နဲ့အနောက်နိုင်ငံအသီးသီးကမဆက်ဆံကြပါဘူး။ သူတို့ကုန်ပစ္စည်း တော်တော်များများကို အမေရိကန်မှာရောင်းလို့မရပါဘူး။ သူတို့လေကြောင်းလိုင်း Belaviaဟာ ဥရောပနိုင်ငံတွေကိုပျံသန်းလို့မရပါဘူး။

ဒါပေမယ့် သူမှာဖြေဆေးရှိပါတယ်။ တရုတ်က ကုမ္ပဏီကြီးနှစ်ဒါဇင်ကျော်ကဘီလာရုစ်မှာရင်းနှီးမြှုပ်နှံပါတယ်။ တရုတ်-ဘီလာရုစ် စက်မှုဇုံတောင်ထောင်ထားပါတယ်။အီရန်နဲ့ဘီလာရုစ်တို့က၂၀၂၃ခုနှစ်ကစပြီး အဆင့်မြင့်အရာရှိတွေအဆင့် အပြန်အလှန် အလည်အပတ်တွေလုပ်ပြီးပူးပေါင်း ကြပါတယ်။

ကုလသမဂ္ဂမှာကျူးဘားက ဘီလာရုစ်ဖက်ကရပ်တည်ပြပါတယ်။ရုရှကတော့အနွေးထွေးဆုံးပါပဲ၊ နယ်ခြားဖြတ်ကျော်စီးပွားရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊နိုင်ငံရေးအရအထောက်အပံ့တွေပေးပါတယ်။

အပြန်အလှန်အားဖြင့် ဘီလာရုစ်ကလည်းသူ့နိုင်ငံအတွင်းမှာရုရှရဲ့တပ်ဖွဲ့တွေနဲ့လက်နက်တွေကိုလက်ခံပေးပါတယ်။ ယူကရိန်းကိုတိုက်ခိုက်ကြဖို့ပါ။ မြန်မာ အာဏာသိမ်း​ခေါင်း​ဆောင်ကတော့ဘီလာရုစ်သမ္မတ လူကာရှန်ကို ကို “အဂ္ဂမဟာသရေစည်သူ”ဘွဲ့ကိုချီးမြှင့်ပါတယ်။

ဗင်နီဇွဲလားအကြောင်းပြောရအောင်ပါ။၂၀၀၈ မှာတုန်းက အမေရိကန်ပြည်ထောင်စု၊ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က ဗင်နီဇွဲလားအစိုးရဲ့ပြည်သူတွေအပေါ် ရက်စက်မှုတွေနဲ့ မူးယစ်ဆေးဝါးမှောင်ခို လုပ်ငန်းတွေကြောင့် ပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ပါတယ်။

ကိစ္စမရှိပါဘူး။ ဗင်နီဇွဲလားသမ္မတ နီကိုးလတ်စ်မာဒူရိုက ရုရှဆီကချေးငွေတွေရပါတယ်။ ရုရှက ဗင်နီးဇွဲလားရဲ့ ရေနံလုပ်ငန်းမှာရင်းနှီးမြှုပ်နှံပါတယ်။ အီရန်ကလည်းအားကျမခံဝင်ရောက်မြှုပ်နှံပါတယ်။ ဘီလာရုစ်ကုမ္ပဏီတစ်ခုက ဗင်နီဇွဲလားအတွက် လယ်ထွန်စက်တွေထုတ်လုပ်ပေးပါတယ်။ တူရကီကဗင်နီဇွဲလားရဲ့တရားမဝင်ရွှေလုပ်ငန်းကိုကိုင်တွယ်ပေးပါတယ်။

ကျူးဘားကတော့ ဗင်နီဇွဲလားရဲ့မြို့တော်ကာရာကက်စ်မှာလုံခြုံရေးဆိုင်ရာနည်းပညာတွေ တည်ဆောက်ပေးနေတာကြာခဲ့ပါပြီ။ တရုတ်က အဓိကရုဏ်းနှိမ်နင်းတဲ့မီးသတ်ပိုက်တွေ၊ဒိုင်းတွေ၊ မျက်ရည်ယိုဗုံးတွေပေးပို့ခဲ့ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၇ ခုနှစ်လူထုလှုပ်ရှားမှုတွေမှာ ဆန္ဒပြသူတွေ သေဆုံးခဲ့ကြရပါတယ်။

ဒီလုပ်ရပ်တွေကြောင့်ဘီလာရုစ် နဲ့ ဗင်နီဇွဲလားအစိုးရတွေကိုသူတို့ပြည်သူတွေကမုန်းတီးကြပါတယ်။ ရိုးသားမှန်ကန်တဲ့ရွေးကောက်ပွဲသာလုပ်ရင်ဒီလိုအစိုးရတွေ နိုင်ဖို့အခွင့်အရေးလုံးဝမရှိနိုင်ပါဘူး။ ၂၀၂၀ခုနှစ် ဩဂုတ်လမှာ ဘီလာရုစ်သမ္မတရဲ့ရွေးကောက်ပွဲလိမ်လည်မှုကြောင့် လူဦးရေ ၁၀သန်းပဲ ရှိတဲ့နိုင်ငံမှာ ပြည်သူတစ်သန်းကျော်လမ်းပေါ်ထွက်ပြီးဆန္ဒပြခဲ့ပါတယ်။ ဗင်နီဇွဲလားကပြည်သူတွေကလည်း ဘီလာရုစ်ပြည်သူတွေနဲ့အတူခံစားရကြောင်းပြသဖို့ လမ်းတွေပေါ်ကိုထွက်ကြပါတယ်။

ပြည်သူ့ဒီမိုကရေစီတိုက်ပွဲတွေအနိုင်မရသေးတာဟာပြည်သူတွေတိုက်ပွဲမဝင်လို့မဟုတ်ပါဘူး။ အာဏာရှင်တွေရဲ့ကွန်ယက်ချိတ်ဆက်မှုကြောင့်ပါပဲ။ ပြီးခဲ့တဲ့၂၀ရာစုမှာတုန်းကအာဏာရှင်တွေဟာ အခုလောက်ချိတ်ဆက်မှုမကောင်းခဲ့ကြပါဘူး။

အာဏာရှင်အချင်းချင်းတောင်မတည့်ခဲ့ကြတာတွေရှိပါတယ်။ ဆိုဗီယက်ရုရှ နဲ့ တရုတ်အဖြစ်က ထင်ရှားခဲ့ပါတယ်။ ဆိုဗီယက်ခေါင်းဆောင်စတာလင်က ယူဂိုစလားဗီးယား ခေါင်းဆောင် မာရှယ်တီးတိုးကိုလုပ်ကြံဖို့ကြိုးစားခဲ့ဖူးပါတယ်။ ကွန်မြူနစ်တွေအချင်းချင်းပါ။

ဗီယက်နမ်က က‌မ္ဘောဒီယားကို ၁၉၇၈မှာ ဝင်တိုက်ပါတယ်။ အပြန်အလှန်အားဖြင့် တရုတ်က ဗီယက်နမ်ကို ၁၉၇၉မှာဝင်တိုက်ခဲ့ပါတယ်။ သုံးနိုင်ငံလုံးဟာ ကွန်မြူနစ်တွေဖြစ်ပါတယ်။

အီရန်နဲ့အီရတ်က ၁၉၈၀ကနေ ၁၉၈၈အထိ ၈နှစ်ကြာစစ်ဖြစ်ခဲ့ပါတယ်။ နှစ်နိုင်ငံလုံးဟာ မွတ်ဆလင်နိုင်ငံတွေဖြစ်ကြပြီးအာဏာရှင်တွေအုပ်ချုပ်ကြပါတယ်။ ဆွန်နီ နဲ့ ရှီးယိုက် ကွားခြားမှု တော့ရှိပါတယ်။

၂၁ရာစုမှာတော့အာဏာရှင်တွေဟာ ချိတ်ဆက်မှုပိုအားကောင်းလာပါတယ်။ မျက်နှာပိုပြောင်လာ ပါတယ်။ သူတို့မှာဘာခံယူချက်မှမရှိပါဘူး။ သူတို့မိသားစုတွေငွေပုံပေါ်တက်ထိုင်ပြီး ဘဝကိုစံစားဖို့ အတွက် အတားအဆီးမှန်သမျှကိုရက်ရက်စက်စက်ရှင်းလင်းကြပါတယ်။ ဒီလုပ်ရပ်တွေကိုပုန်းလျှိုး ကွယ်လျှိုးလုပ်တာမဟုတ်ပဲပြောင်ပြောင်ပဲလုပ်ပြကြတာပါ။

ရုရှ၊တရုတ်၊အီရန်၊မြောက်ကိုရီးယား၊ဘီလာရုစ်၊ဗင်နီဇွဲလား၊တူရကီ စတဲ့နိုင်ငံတွေအားလုံးဟာ ရက်စက်ယုတ်မာမှုတွေကိုဗြောင်ကျကျလုပ်နေကြတာပါ။စိုးရိမ်စရာကောင်းတာကဒီမိုကရေစီနိုင်ငံအချို့မှာပါ ဂျပိုးတွေရွေးကောက်ပွဲနိုင်နေကြတာဖြစ်ပါတယ်။အမေရိကန်က ဒေါ်နယ်ထရန့်နဲ့ အိန္ဒိယက နရန်ဒရာ မိုဒီတို့ဟာထင်ရှားတဲ့သာဓကတွေပါ။

ဝမ်းသာစရာသတင်းကောင်းတစ်ခုကတော့ မနေ့က ကနေဒါနိုင်ငံရွေးကောက်ပွဲမှာ ထရန့်ရဲ့နိုင်ငံရေး စတိုင်ကိုအားကျတဲ့ ကွန်ဆာဗေးတစ်တွေမဲရှူံးပြီး လစ်ဘရယ်တွေနိုင်သွားခဲ့တာပါပဲ။

ကမ္ဘာ့ပြည်သူတွေတစ်ဂိုးစနိုင်ပါပြီ။ အားလုံးညီညွတ်ကြဖို့လိုပါတယ်။ အားလုံးကအားလုံးကို စိတ်ဝင်စားနေကြဖို့လိုအပ်ပါတယ်။ နို့လက်ဖက်ရည်ညီညွတ်ရေး (Milk Tea Alliance) တင်မကပဲလက်ဖက်ရည်၊ကော်ဖီ၊ရေနွေကြမ်း၊ထန်းရည်၊ဓနိရည်၊ရှန်ပိန်၊ဘီယာ၊ဝီစကီ၊ တကွီလာ၊ဗော်ဒကာတွေအထိညီညွတ်ကြပါစို့။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

တက္ကသိုလ်ကျောင်းတွေကိုစစ်ကြေညာတာဟာ ‌ဒေါ်နယ်ထရန့်ဟာ ပထမဆုံးအာဏာရှင်မဟုတ်သလိုနောက်ဆုံးအာဏာရှင်လည်းဖြစ်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတွေဟာ အာဏာရှင်စနစ်ကိုဆန့်ကျင့်တဲ့ အတွေးအခေါ်တွေရဲ့ ရေခံမြေခံဖြစ်သလို၊ လူ့အဖွဲ့အစည်းနဲ့ ပက်သက်ရင် စွန့်လွှတ်အနစ်နာခံမှုနဲ့ ရဲရင့်မှုရဲ့အမှတ်အသားတွေလည်းဖြစ်လို့ပါပဲ။

အတွေးအမြင်

ကမ္ဘာကြီးမှာ နိုင်ငံအသီးသီးဟာ ကိုယ်ကျိုးစီးပွါးကို အခြေခံတဲ့ ရပ်တည်ချက်တွေကို ဦးစားပေးလာကြပြီး ကမ္ဘာကြီးတခုလုံးရဲ့ တည်ငြိမ်တိုးတက်ရေးအကျိုးစီးပွါးအလို့ငှာ အမြော်အမြင်တွေကို မျက်ကွယ်ပြုလာကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကို အကြောင်းပြုပြီး မြန်မာကို ကမ္ဘာက ပိုသတိပြုမိလာပါတယ်။ ဒီတော့ စကစခေါင်းဆောင်ဟာ နိုင်ငံတကာ အကူအညီတွေ အလျင်အမြန် ပေးကြပါလို့ တောင်းသလို နိုင်ငံတကာမီဒီယာတွေကိုတော့ မလာနဲ့ဦးလို့ တားလိုက်ပါတယ်။

အတွေးအမြင်

ငလျင်အပြီး စကစရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ကြည့်တဲ့အခါ လူထုရဲ့ ထိခိုက်နစ်နာမှုတွေအတွက် ပူပန်ကြောင့်ကြစိတ် ကင်းမဲ့ပြီး လတ်တလောအခြေအနေအပေါ် နိုင်ငံရေးနဲ့ ကိုယ်ကျိုး အကျိုးအမြတ်ကိုသာလိုချင်နေတာကိုအထင်အရှားတွေ့ရပါတယ်။