close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

တရုတ် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဟာ ရာထူးကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ
တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

တရုတ် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဟာ ရာထူးကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

မော်ဟွာဟာ တရုတ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟို စစ်ရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကော်မရှင်ရဲ့ နိုင်ငံရေး ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူပါ။ မော်ကို ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးနေတယ် ဆိုတာကို ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဗဟို စစ်ရေး ကော်မရှင်ကို သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဦးဆောင်ပြီး နောက်ထပ် အဖွဲ့ဝင် ၅ ဦးသာ ရွေးချယ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝူကျန်းက မော်ဟာ စည်းကမ်းပိုင်းဆိုင်ရာ ကြီးမားတဲ့ ချိုးဖောက်မှု တစ်ခုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေရတာလို့ ပြောပါတယ်။ အဲဒီ အသုံးအနှုန်းဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကို အဓိက ရည်ညွှန်းလေ့ ရှိတာမျိုးပါ။

မော်ရဲ့ ပြဿနာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရပါဘူး။ ဒါပေမဲ့ လပိုင်းတွေအတွင်း တရုတ်ရဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်ပိုင်း အရာရှိတွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ရတဲ့ တတိယမြောက် ကိစ္စလို့တော့ ဆိုနိုင်ပါတယ်။ ဇွန်လတုန်းက တရုတ် အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူနဲ့ ဝေဖန်ဟီတို့ကို အဂတိ စွပ်စွဲချက်တွေနဲ့ အာဏာရ ပါတီထဲကနေ နှင်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှီဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက် အာဏာရ ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ထဲမှာ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားပေမယ့် တစ်ဖက်မှာတော့ အဲဒီ ကိစ္စကို အကြောင်းပြပြီး ရှီက နိုင်ငံရေး ပြိုင်ဘက်တွေကို ဖယ်ရှားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေဖိအားကြောင့် ကိုယ်ထည် ပေါက်ထွက်ပြီး ပျက်စီးကြေမွသွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောရဲ့ မိခင်ရေယာဉ် Polar Princeဟာ အခုသီတင်းပတ်ကုန်မှာတော့ ကနေဒါနိုင်ငံ၊ နယူးဖောင်လန်ကျွန်းက စိန့်ဂျွန်း ဆိပ်ကမ်းနားမှာ ဆိုက်ကပ်ထားပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို မြန်မာစစ်အာဏာရှင်ထံ လွှဲပြောင်းပေးခြင်းအပေါ် ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

Facebook