close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတရဲ့ ပြည်ပခရီးစဉ် မတိုင်ခင် ထိုင်ဝမ်က လေကြောင်းကာကွယ်မှု စစ်ရေးလေ့ကျင့်

သမ္မတရဲ့ ပစိဖိတ် ဒေသတွင်း သံတမန်ရေး ခရီးစဉ် မတိုင်ခင် ထိုင်ဝမ်နိုင်ငံဟာ လေကြောင်းကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

သမ္မတရဲ့ ပစိဖိတ် ဒေသတွင်း သံတမန်ရေး ခရီးစဉ် မတိုင်ခင် ထိုင်ဝမ်နိုင်ငံဟာ လေကြောင်းကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းတုန်းက ထိုင်ဝမ်ကျွန်းအနှံ့ ဖြန့်ကျက်ထားတဲ့ လေကြောင်းကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှု အစီအမံတွေကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ လိုင်ချင်တေးဟာ ထိုင်ဝမ်နဲ့ သံတမန်ရေးရာ အဆက်အသွယ် ရှိနေတဲ့ ပစိဖိတ် ဒေသတွင်း နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားသလို အမေရိကန်မှာလည်း တရားဝင် ခရီးတစ်ထောက်နားဖို့ ပြင်ဆင်ထားပါတယ်။ ခရီးစဉ်ရဲ့ အသေးစိတ်နဲ့ ပတ်သက်လို့တော့ ထိုင်ဝမ် အစိုးရက မကြေညာခဲ့ပါဘူး။

တရုတ်ရဲ့ သံတမန်ရေးရာ ဖိအားတွေကြောင့် ထိုင်ဝမ်ဟာ ကမ္ဘာတလွှားမှာ နိုင်ငံပေါင်း ၁၂ ခုနဲ့သာ တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်ထားနိုင်ပြီး အဲဒီထဲက ပါလာအူ၊ မာရှယ်ကျွန်းစုနဲ့ တူဗာလူတို့ဟာ ပစိဖိတ် ဒေသတွင်းမှာ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

လိုင်ရဲ့ ခရီးစဉ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ပြီး အစဉ်တစိုက် ခြိမ်းခြောက်နေတဲ့ တရုတ်ကို အကြီးအကျယ် ဒေါသထွက်စေဖွယ် ရှိနေပြီး အကျိုးဆက်အဖြစ် ထိုင်ဝမ်တဝိုက်မှာ ရေတပ်နဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုတွေကို အင်အားအလုံးအရင်း လုပ်ဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။ အရင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် လက်ထက်တုန်းကလည်း သံတမန်ရေးရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တိုင်း တရုတ်က အင်အားပြ ခြိမ်းခြောက်လေ့ ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ ထိုင်ဝမ် လေတပ်က လိုင်ရဲ့ ခရီးစဉ်အကြောင်း ထည့်သွင်းညွှန်းဆိုခြင်း မရှိဘဲ လေကြောင်းကာကွယ်မှု စစ်ရေးလေ့ကျင့်တာတွေကို ၂ နာရီလောက် ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ လေ့ကျင့်မှုတွေမှာ လေတပ်ရဲ့ စစ်လေယာဉ်တွေသာ မကဘဲ ရေတပ်သင်္ဘောတွေ၊ ဒုံးကျည်တပ်ဖွဲ့တွေပါ ပူးပေါင်းပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီ လေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ဟာ လေပိုင်နက် ထိပါးကျူးကျော်မှုတွေ ကြုံလာရတဲ့ အခါမှာ ထိထိရောက်ရောက် တန်ပြန်ဖို့၊ နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ကို လက်တွေ့ကျကျ ဆန်းစစ်ဖို့ ဖြစ်တယ်လို့လည်း လေတပ်က ကြေညာခဲ့ပါတယ်။

လိုင်ဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထိုင်ဝမ်ကနေ ထွက်ခွာမှာဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကိုတော့ နိုဝင်ဘာ ၂၉ ရက်မှာ ကြေညာဖွယ် ရှိနေပါတယ်။ လိုင်ရဲ့ ခရီးစဉ်ကို အကြောင်းပြပြီး တရုတ်က ထိုင်ဝမ်တဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ဒါဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးမှု ဖြစ်လိမ့်မယ်လို့ ထိုင်ဝမ် သမ္မတရုံးက သတိပေး ပြောကြားထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ဝန်းရံပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှုကို တစ်ရက် အကြာမှာပဲ တရုတ်က အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စစ်ရေး လေ့ကျင့်မှုလိုမျိုး နောက်ထပ် အလားတူ အခြေအနေတွေ ထပ်ရှိလာနိုင်သေးတယ်လို့ တရုတ်က ထိုင်ဝမ်ကို ရည်ရွယ်ပြီး သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်ပြီးတဲ့နောက် အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းဖို့၊ ယာယီ ပိတ်ထားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ဖြည်းဖြည်းချင်း အစပြုနေပြီ ဖြစ်ပါတယ်။

သတင်း

ထိုင်ဝမ် အမျိုးသား ကယ်ဆယ်ရေး အေဂျင်စီရဲ့ အကြီးအကဲ ရှိုဟွမ်ချန်းက သင်္ဘောသားတွေဟာ ပင်လယ်ပြင်မှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေတာ တွေ့ခဲ့ရကြောင်းနဲ့ အနီးမှာရှိတဲ့ ကုန်တင် သင်္ဘောတစ်စီးကလည်း သူတို့ကို ကူညီနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နေခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံတကာ

တရုတ် ဗုံးကြဲလေယာဉ်တွေဟာ ထိုင်ဝမ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းလွန်က ပစ်မှတ်တု တချို့ကို ရေတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ CCTVက ဆိုပါတယ်။

Trending

Facebook