close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းအနောက်မြောက်ခြမ်း၌ စစ်တပ် စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

တောင်ရင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၁၄၀ကျော် မီးလောင်ပြာကျခဲ့ဖူးသည်။

(၂၀၂၂က စစ်တပ်မီးရှို့မှုကြောင့်ထွက်ပြေးခဲ့ရသော တောင်ရင်းရွာပြည်သူများအားတွေ့ရစဥ်၊ ဓာတ်ပုံ-တောင်ရိုးသား)
(၂၀၂၂က စစ်တပ်မီးရှို့မှုကြောင့်ထွက်ပြေးခဲ့ရသော တောင်ရင်းရွာပြည်သူများအားတွေ့ရစဥ်၊ ဓာတ်ပုံ-တောင်ရိုးသား)

အောင်ဇေယျ/People’s Spring

ကာလအတန်ကြာငြိမ်သက်နေခဲ့သည့် စစ်ကိုင်းမြို့နယ် အနောက်မြောက်ခြမ်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ပဒူရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်က အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထွက်လာပြီး တောင်ရင်းကျေးရွာကို ဝင်ရောက်မွှေနှောက်သွားကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်တာမရှိဘူး။ တောင်ရင်းရွာတစ်ရွာထဲ တောင်ရွာမြောက်ရွာ မွှေသွားတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းတွင် အဆိုပါစစ်ကြောင်းသည် ပဒူကျေးရွာဘက်သို့ စစ်ကြောင်းပြန်ဦးတည်နေကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

အဆိုပါ စစ်ကြောင်းကြောင့် တောင်ရင်းကျေးရွာအပါအဝင် စစ်ကြောင်းတလျှောက်ရွာများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တောင်ရင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၁၄၀ကျော် မီးလောင်ပြာကျခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ (နိုဝင်ဘာ ၂၄ ရက်)တွင်လည်း ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံလမ်းမပေါ်တွင် သေနက်ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကမ္ဘာကြီး၏အာရုံစိုက်မှုသည် အခြားနေရာများတွင်သာရှိသဖြင့် မြန်မာ့အရေးကို ‘မျက်ကွယ်ပြုခံထားရသော အကျပ်အတည်း’ဟု မစ္စတာအန်ဒရူးက ခေါ်ဝေါခဲ့သည်။

သတင်း

ယခုအခါ စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ်(၇)အား စတင်ရန် ကြိုးပမ်းနေသော်လည်း လူမပြည့်သေး၍ နိုဝင်ဘာလဆန်းပိုင်းကပင် စစ်ကိုင်းနှင့်တံတားဦးမြို့နယ်တွင်လည်း လူငယ်အများအပြားအား စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သေးသည်။

သတင်း

ဇေအောင်/People’s Spring စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာချင်းတွင်းမြစ်ကမ်းပြိုကျလို့ အဓိကကုန်ထုတ်လမ်းတစ်ခုပျက်စီးသွားတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲကြုံတွေ့နေရပါတယ်။ ကနီမြို့နယ်၊ ကနဲရွာအရှေ့ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ဘုတလင်နယ်ကို သွားတဲ့ အဓိက ကုန်ထုတ်လမ်းဟာ မြစ်ရေတိုက်စားပြီးတဲ့နောက် အက်ကြောင်း​တွေ ဖြစ်ပေါ်လာပြီး ကွန်ကရစ်လမ်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ...