နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ဝါးမီထစခန်းကုန်းကို မနေ့ (နိုဝင်ဘာ ၂၈)ရက်မှာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၁၆ ဦး လက်နက်ချ လာတယ်လို့ ကော်သူးလေတပ်မတော်(KTLA)တိုက်ဂါးစစ်ကြောင်း ထံမှသိရပါတယ် ။
အမှတ် (၅၈၅) ခြေမြန်တပ်ရင်းရဲ့လက်အောက်ခံ တပ်ဖွဲ့တွေ စခန်းချထားတဲ့ ဝါးမီထ ကုန်းကို နိုဝင်ဘာလ ၂၈ ရက်မှာ တိုက်ဂါးစစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက် ခဲယမ်းနဲ့အတူ လက်နက်ချလာပြီး ဗိုလ်ကြီးအဆင့်ရှိသူ ပါဝင်တယ်လို့ တိုက်ဂါးစစ်ကြောင်းမှ ဗိုလ်စောကျားက အသိပေးပါတယ်။

Public Service Announcement
” အောင်ပွဲနဲ့အတူပေါ့ ၊လက်နက်ကြီးလက်နက်ငယ် ပြီးလို့ရှိရင် လူဦးရေနဲ့အတူ ကျွန်တော်တို့ဖမ်းဆီးသိမ်းဆည်းထားတာတွေကို ကျွန်တော်တို့မကြာခင်ချပြမှာဖြစ်ပါတယ်” လို့ ဗိုလ်စောကျားက သူရဲ့ ဖေ့ဘွတ်ခ် အကောင့်ခ်ကနေ ရေးသားအသိပေးပါတယ်။
ဝါးမီထစခန်းကုန်းဟာ မြဝတီမြို့တောင်ဘက် ဝေါ်လေမြို့နဲ့စုကလိမြို့ ဆီသွားရာ လမ်းဆုံနားက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းအနီးမှာ တည်ရှိပါတယ် ။
ဥကရစ်ထစခန်းရဲ့ ကာကင်းစခန်းကုန်းတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။
