close
Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာဆောင်းအောက် အသက်ပျောက်ခဲ့ရသည့်စစ်ရှောင်ပြည်သူ​တွေ

ညသန်းခေါင်ကျော်ပြီမို့ ဝန်းကျင်တခုလုံး တိတ်ဆိတ်နေချိန် သားကလေးဆီက တဟင်းဟင်းဆိုတဲ့ အသံကျယ်ကြီးသာ ထွက်ပေါ်နေတယ်။

(အအေးမိဖျားနာ၍သေဆုံးခဲ့သောအသက်တစ်နှစ်ခွဲအရွယ်ကလေးငယ် ဓာတ်ပုံ-အားမာန်သစ်)
(အအေးမိဖျားနာ၍သေဆုံးခဲ့သောအသက်တစ်နှစ်ခွဲအရွယ်ကလေးငယ် ဓာတ်ပုံ-အားမာန်သစ်)

Scorpio/People’s Spring

လျှပ်စစ်မီးလည်းမရှိတာမို့ လက်နှိပ်ဓာတ်မီးလေးနဲ့ထိုးပြီး ကြည့်ကြတော့ သားကလေးဟာ ပါးစပ်ကကော နှာခေါင်းကပါ ခက်ခက်ခဲခဲ အသက်ရှုနေရရှာတယ်။ အသက် တစ်နှစ်ခွဲအရွယ် သားကလေးကိုကြည့်ရင်း မိခင်ဖြစ်တဲ့ မညို(အမည်လွှဲ)စိတ်တွေထိခိုက်လွန်းလှပြီ။ ကျန်းမာရေးအဖွဲ့ကလည်း သားလေးကို ဆေးထိုးပေးပေမယ့် သားလေးအခြေအနေက ထူးမလာဘူး။

မညိုတို့သားအမိဟာ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရွာကပါ။ ကာကွယ်ရေးတပ်ဖွဲ့တွေ ၂ လလောက် ထိန်းချုပ်နိုင်ခဲ့တဲ့ ငါန်းမြာရွာစခန်းကို စစ်ကောင်စီက အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြန်လည်ထိုးစစ်ဆင်ပြီး ပြည်သူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် လင်သားနဲ့အတူ ကလေး ၄ ယောက် လက်ဆွဲပြီး ထွက်ပြေးခဲ့ရပါတယ်။

မညိုတို့ထွက်ပြေးချိန်တုန်းကတော့ဆောင်းဟာမပီသေးပါဘူး။ နိုဝင်ဘာလထဲအရောက်မှာတော့ ရာသီက တော်တော်ကိုအေးလာခဲ့ပြီ။ မညိုတို့ လူလွတ်ထွက်ပြေးလာခဲ့ကြတော့ အနွေးထည်မပါ၊ စောင်မပါ၊ အမိုးအကာမပါ။ ဧရာဝတီမြစ်ဘေးမှာ မညိုတို့စစ်ရှောင်တွေ ခိုက်ခိုက်တုန်အောင် ချမ်းခဲ့ရတယ်။ မညိုတို့အပါအဝင် စစ်ရှောင်က လေးရာကျော်လောက်ရှိတယ်။

Public Service Announcement

Public Service Announcement

အဲဒီအချိန် မညိုရဲ့လင်သားဟာ အအေးတွေမိပြီး ဖျားပါတယ်။ အတိုချုပ်ပြောရရင် မညိုလင်သားဟာ မညိုကို ကလေးလေးယောက်နဲ့အတူ စိတ်မချလက်မချနဲ့ပဲ စစ်ရှောင်တဲထဲမှာ ထားခဲ့လိုက်ပါတော့တယ်။

မကြာဘူး။ လင်သားဆုံးပြီး ရက်လည်ပြီးချိန်နိုဝင်ဘာ ၈ ရက်နေ့မှာ မညိုရဲ့အငယ်ဆုံး တစ်နှစ်ခွဲသားလေးလည်း အအေးတွေမိပြီး ဖျားပါတယ်။ ညနေပိုင်းရောက်လာလေ အဖျားကကြီးလာလေပါ။

ည ၁၁ ခွဲလောက်မှာတော့ မညိုနီးစပ်ရာကာကွယ်ရေးအဖွဲ့တွေဆီကိုအကူအညီတောင်းရတော့တယ်။ကာကွယ်ရေးရဲဘော်တွေကလည်း လာခေါ်ကြရှာတယ်။ ဧရာဝတီမြစ်ကို လှေကလေးနဲ့ကူးပြီး သွားကြရတယ်။ လှေဝမ်းထဲ ​မညို ရင်သွေးလေးကို ထွေးထွေးပွေ့ပွေ့ပိုက်ထားတယ်။

“ကလေးကနေ့ခင်းပိုင်းလောက်ကတည်းက မျောနေတာလို့ပြောတယ်။”လို့ ကလေးကိုသွားခေါ်ပေးခဲ့တဲ့ အားမာန်သစ်ပြည်သူ့တော်လှန်ရေးအဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။

ကျန်းမာရေးဆေးအဖွဲ့ကလည်း ကုသပေးရှာပါတယ်။ သို့ပေမယ့် မညိုရင်သွေးလေးအသက်ကို မကယ်နိုင်ခဲ့တော့ဘူး။ ည ၁၂ ကျော်မှာတော့ မညိုသားကလေးလည်း သူ့အဖေနောက်ကို လိုက်သွားခဲ့ပါတယ်။ မညိုဆောင်းညသန်းခေါင်ယံမှာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတယ်။

မနက်လင်းတော့ သားကလေးကို သင့်တော်ရာ နေရာကလေးရှာပြီး မြေမြှုပ်သင်္ဂြိုလ်ဖို့စီစဥ်ကြတယ်။ ဟိုကဒီကပေးထားတဲ့စောင်ပိုင်းလေးတွေနဲ့ သားကလေးကို နွေးနွေးထွေးထွေးလေး မြေမြှုပ်ပေးခဲ့တယ်။

နိုဝင်ဘာလအတွင်းမှာ မညိုရဲ့လင်သားနဲ့ ကလေးအပါအဝင် ငါန်းဇွန်မြို့နယ်က စစ်ရှောင်ပြည်သူ၆ ဦးတိတိ အအေးမိဖျားနာပြီး အသက်ဆုံးပါးခဲ့ရတယ်လို့ အဲဒီဒေသက ​အားမာန်သစ်ပြည်သူ့တော်လှန်ရေးအဖွဲ့ရဲ့တာဝန်ရှိသူ ကိုဇော်ဖြိုးက ပြောပါတယ်။

“တချို့ဆိုအဝတ်အစားမပါဘူး။ ခါးဝတ်ခါးစားနဲ့ ​​​ထွက်လာတဲ့သူတွေ။ စောင်မပါတဲ့သူတွေ အတော်ဒုက္ခရောက်ကြတယ်။”လို့ ကိုဇော်ဖြိုးက ပြောပြတယ်။

စောင်တွေ၊ အနွေးထည်တွေ၊ အမိုးအကာတွေ မပြည့်မစုံ့နဲ့နေကြရတဲ့ စစ်ရှောင်​ပြည်သူတွေဟာ အအေးမိဖျားနာပြီး အခုလိုအသက်ဆုံးပါးတဲ့အထိ ရင်ဆိုင်ခဲ့ကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆေးဝါးနဲ့ပတ်သက်ပြီးလည်းလှူစေချင်တယ်။ စောင်လေးတွေတို့ အနွေးထည်လေးတွေတို့ လှူစေချင်တယ်။”လို့ ပြည်သူ့တော်လှန်ရေးအဖွဲ့ရဲ့တာဝန်ရှိသူ ကိုဇော်ဖြိုးက ပြောပါတယ်။

ငါန်းဇွန်နယ်တင်မကပါဘူး။ မန္တလေးတိုင်းထဲကဆိုရင် မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာအမြောက်အများက ပြည်သူတစ်သောင်းကျော်လည်း စစ်ရှောင်နေရပြီး အနွေးထည်တွေ၊ စောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲက စစ်ရှောင်ပြည်သူတွေလည်း အလားတူ လိုအပ်ချက်တွေ ရှိနေကြပါတယ်။ အရေးပေါ်လည်းလိုအပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဘေးရှောင်ပြည်သူ ၄၀၀ခန့်ရှိနေပြီး ဆေးဝါး၊အနွေးထည်၊စောင်များ၊ စားနပ်ရိက္ခါများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၇ရွာခန့်မှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

မတ္တရာမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် " နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်" လို့ ပြောပါတယ်။

သတင်း

ဒေသခံပြည်သူ ၂၆ ဦးသတ်ဖြတ် ခံထားရပြီး ကျေးရွာ ၈ ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

Facebook