အိမ်သွင်/People’s Spring
ငါ့သရောက်မြို့နယ်ခွဲ လျှပ်စစ်ဋ္ဌာန၊ပြန်ကြားရေးဋ္ဌာန၊ ဆောက်လုပ်ရေးဋ္ဌာန၊ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဋ္ဌာနတို့ကို ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်) ဝေလီဝေလင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
” မနက် ၅နာရီခန့်မှာ စချတာ။ကျတော်တို့လာတာနဲ့ ရဲစခန်းဘက်ဝင်ပြေးတာ။ ရက်စခန်းဘက်ကနေပြန်ပစ်လို့ တိုက်ပွဲဖြစ်တယ်။ အားလုံးရှင်းပြီးမှ မနက် ၇နာရီလောက်မှာပြန်ဆုတ်ခဲ့တာ”ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးက ပြောသည်။
ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား၍ ရုံများအတွင်းရှိ စာရွက်စာတန်းများ မီးရှို့ကာ စစ်ကောင်စီ နေရာယူမည့်နေရာများ ခံစစ်တည်ဆောက်ထားသော တိုက်တန်းအိမ်ယာများကိုလဲ ဖြိုဖျက်ခဲ့သည်ဟု Popa Guerilla Force(PGF)က သတင်းထုတ်ပြန်သည်။

Public Service Announcement
တိုက်ပွဲအား Popa Guerilla Force(PGF)၊ ညောင်ဦးမြို့နယ် ပကဖ(ပုဂံပြည်ဘီလူးတပ်)၊တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃) ဗိုလ်လက်ယာ (မြိုင်)အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
