close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗုံးခြိမ်းခြောက်မှုတွေနဲ့ ကြုံခဲ့ရတဲ့ အမေရိကန် အစိုးရသစ် ဝန်ကြီးလောင်းတွေ

အမေရိကန် အစိုးရသစ်မှာ ဝန်ကြီးနေရာအတွက် အဆိုပြု ခံထားရသူ တချို့ဆီ ဗုံးခြိမ်းခြောက်မှုတွေ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် အစိုးရသစ်မှာ ဝန်ကြီးနေရာအတွက် အဆိုပြု ခံထားရသူ တချို့ဆီ ဗုံးခြိမ်းခြောက်မှုတွေ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးထောင်ထားကြောင်း ခြိမ်းခြောက်မှုတွေ အများအပြားနဲ့ သက်ဆိုင်ရာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အိမ်ကို ရဲတွေ အရေးတကြီး သွားရောက်စေဖို့ လိမ်လည်ပြီး ဖုန်းခေါ်ဆိုမှုတွေ တော်တော်များများ ရှိခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးဌာန FBIက အတည်ပြုခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က လာမယ့်နှစ်ဆန်းပိုင်းကျရင် သူ့ရဲ့ အစိုးရသစ် နေရာအတွက် ဝန်ကြီးလောင်း ၁၅ ဦးကို ရွေးချယ်ထားရာမှာ အဲဒီထဲက အနည်းဆုံး ၉ ဦးဟာ ဗုံးခြိမ်းခြောက်မှု အခြေအနေတွေနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်လောင်းကို ဦးတည်တဲ့ အလားတူ ခြိမ်းခြောက်မှုမျိုးလည်း ရှိခဲ့ပါတယ်။

ထရမ့်ရဲ့ အစိုးရသစ်မှာ ပါဝင်လာမယ့် ထိပ်တန်း အရာရှိတွေသာ မကဘဲ နောက်ထပ် ဗုံးခြိမ်းခြောက် သတင်းပေးမှုတွေနဲ့ ကြုံခဲ့သူ တော်တော်များများလည်း ရှိနေပြီး ရဲတွေက နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းနဲ့ ၂၇ ရက်နေ့ တစ်နေ့လုံးမှာ ကြုံခဲ့တဲ့ အဲဒီဖြစ်စဉ်တွေကို စုံစမ်းနေပါတယ်။

Public Service Announcement

Public Service Announcement

FBIကတော့ ဗုံးထောင်တိုက်ခိုက်မယ် ဆိုတာမျိုး ခြိမ်းခြောက် သတင်းပေး ခံရတဲ့ လူပုဂ္ဂိုလ်တွေရဲ့ နာမည်ကို ထုတ်မပြောပါဘူး။ ဒါပေမဲ့ ကာကွယ်ရေး ဝန်ကြီး၊ အိမ်ရာနဲ့ မြို့ပြ ဖွံ့ဖြိုးရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး အလောင်းအလျာတွေဟာ ဗုံးခြိမ်းခြောက်မှာ ပစ်မှတ်တွေ အနေနဲ့ ပါဝင်ခဲ့ကြောင်း သတင်းတွေ ပျံ့နှံ့နေပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ထရမ့်က အဆိုပြုထားသူ နယူးယောက် ပြည်နယ် ရီပတ်ဘလစ်ကန် ပါတီဝင် အဲလစ် စတက်ဖနစ်ခ်က သူ့အိမ်ကို ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ရထားတယ်လို့ တရားဥပဒေ စိုးမိုးရေး အရာရှိတွေက လာရောက် အသိပေးခဲ့ကြောင်း အစောဆုံး ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ကျေးဇူးတော်နေ့အတွက် စတက်ဖနစ်ခ်ဟာ ခင်ပွန်းသည်၊ ၃ နှစ်အရွယ် သားငယ်တို့နဲ့အတူ ဝါရှင်တန်ဒီစီကနေ နယူးယောက်မြို့ဆီ ကားမောင်းပြီး ပြန်သွားနေချိန် အခု သတင်းပေးမှုကို လက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဝန်ကြီးလောင်း ပိထ်ဟက်ဂ်ဆက်သ်ကလည်း သူနဲ့ ကလေး ၇ ယောက် အိပ်မောကျနေချိန် နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ရဲအရာရှိတစ်ဦး အိမ်ရှေ့ ရောက်လာခဲ့ပြီး သူလည်း ဗုံးခြိမ်းခြောက်မှု ပစ်မှတ်စာရင်းမှာ ပါဝင်နေတယ် ဆိုတာကို လာရောက် အသိပေးခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ ရဲအရာရှိက လက်လုပ်ဗုံး တိုက်ခိုက်မှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ အတော်လေး ယုံကြည်ရတဲ့ အထောက်အထားမျိုး ရထားကြောင်း ရှင်းပြခဲ့ပြီး သူကတော့ မတုန်လှုပ်ကြောင်း၊ သမ္မတ ထရမ့်က သူ့ကို နိုင်ငံအတွက် အမှုထမ်းဖို့ ယုံကြည် အပ်နှံထားပြီး သူကလည်း အဲဒီအတွက် အပြည့်အဝ ဆန္ဒရှိကြောင်း ဟက်ဂ်ဆက်သ်က ပြောပါတယ်။

ထရမ့်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေအတွင်း သူ့အသက်ကို လုပ်ကြံဖို့ အားထုတ်မှု နှစ်ကြိမ်နဲ့ ကြုံခဲ့ဖူးပြီး တစ်ကြိမ်မှာ သေနတ်ကျည်ဆန်ဟာ သူ့ရဲ့နားရွက်ကိုတောင် ရှပ်မှန်ခဲ့ပါတယ်။

မနှစ်တုန်းကလည်း ခရစ္စမတ်ကာလ အတောအတွင်း အမေရိကန် နိုင်ငံရေးသမား တော်တော်များများဟာ ဖုန်းဆက်ပြီး ခြိမ်းခြောက်တာ၊ အနှောင့်အယှက်ပေးတာတွေ ကြုံခဲ့ရပါတယ်။ ခြိမ်းခြောက်နှောင့်ယှက် ခံရသူ အများစုဟာ ရီပတ်ဘလစ်ကန် ပါတီဝင်တွေဖြစ်ပြီး ဒီမိုကရက်တစ် ပါတီဝင် တချို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား-BBC

ဆက်စပ်သတင်းများ

ဗီဒီယို

FBIက သူတို့ ယူဆောင်သွားတဲ့ထဲမှာ ထိပ်တန်း လျှို့ဝှက်အဆင့် မှတ်တမ်းမှတ်ရာတွေ ပါဝင်နေကြောင်း မှတ်ချက် ပေးခဲ့ပေမယ့် ထရမ့်ကတော့ သူဟာ ဘာမှ အမှားအယွင်း လုပ်မထားကြောင်းနဲ့ FBI လက်ထဲက မှတ်တမ်းတွေကလည်း ထိပ်တန်းလျှို့ဝှက် အဆင့်တွေ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စံအိမ်ထဲကနေ ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတဲ့ သေတ္တာတချို့ သယ်ထုတ်သွားတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တချို့က ဆိုပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးရဲ့ အိမ်ကို ဝရမ်းထုတ်ပြီး ဝင်ရှာတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

News

ဒီလုပ်ရပ်ဟာ စိုးရိမ်ထိတ်လန့်ဖွယ် လုပ်ရပ်မျိုးဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။

News

င်ငံခြားသံတမန်တစ်ဦးကို တိုက်ခိုက်ဖို့ကြိုးစားမှုပဲဖြစ်တယ် လို့ အမေရိကန်တရားရေးဝန်ကြီးက ပြောပါတယ်။

Trending

Facebook