ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် တော်လှန်ရေးရဲဘော်တစ်ဦးက လက်ပစ်ဗုံးကောက်ရ၍လာအပ်သည်ဟုပြောဆိုပြီး ဘန်ကာအနီးပစ်ခတ်ဖောက်ခွဲရာ စစ်ကောင်စီ တပ်ကြပ်တစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူ ကိုသီဟက ပြောသည်။
ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက် ၁၀နာရီခန့်က မုံရွာမြို့ပေါ် စစ်ကောင်စီတပ်စွဲထားသည့်အလယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား 3Star ဒေါင်းလေးတပ်ဖွဲ့၏ ရဲဘော်တစ်ဦးက အနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ကြပ်တစ်ဦး သေဆုံးကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူ ကိုသီဟက ပြောသည်။
“လက်ပစ်တစ်လုံး ကောက်ရတယ်ဆိုပြီးတော့ ဘန်ကာ အနားကိုရောက်အောင်သွားကပ်လိုက်တယ်။ သွားပေးလိုက်တာ။ သွားပေးတော့ ဘယ်ကရတာလဲဘာလဲမေးတာ သုံးလေးခါမေးတယ်။ ဟိုလိုလှည့်မေးလိုက် ဒီလိုလှည့်မေးလိုက်နဲ့မေးတယ်။ မေးပြီးနောက်ဆုံး နောက်ကကျန်တဲ့သူတို့လူကို လှမ်းခေါ်ဖို့ဖုန်းကိုကိုင်တဲ့အချိန်မှာ ထုတ်ပြီးတော့ ခေါင်းကိုနှစ်ချက်တေ့ပစ်လိုက်တာ။ တခါတည်း ပွဲချင်းပြီးပဲ။”ဟု ကိုသီဟက ရှင်းပြသည်။

Public Service Announcement
ထို့အပြင် အဆိုပါ တပ်ကြပ်ကိုင်ဆောင်သည့် MA3 သေနတ်တစ်လက်အား သိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောသည်။
“တကိုယ်တော်ဝင်ပစ်သွားတာ။ ငွေတောင်းတဲ့စခ ထိတယ်။ ရဲဘော်ဘေးကင်းတယ် ပြောတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
ရပ်ကွက်ရုံးပစ်ခတ်ခံရပြီးနောက် အဆိုပါရပ်ကွက်ရုံးရှေ့လမ်းအား စစ်အုပ်စုက ပိတ်ထားလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်ကလည်း မုံရွာမြို့ရန်ကင်းမီးပွိုင့်အနီးရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
