close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

တရုတ် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဟာ ရာထူးကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ
တရုတ်စစ်ဘက် ထိပ်တန်း အရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

မော်ဟွာဟာ တရုတ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟို စစ်ရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ကော်မရှင်ရဲ့ နိုင်ငံရေး ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူပါ။ မော်ကို ရာထူးက ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးနေတယ် ဆိုတာကို ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဗဟို စစ်ရေး ကော်မရှင်ကို သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ဦးဆောင်ပြီး နောက်ထပ် အဖွဲ့ဝင် ၅ ဦးသာ ရွေးချယ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝူကျန်းက မော်ဟာ စည်းကမ်းပိုင်းဆိုင်ရာ ကြီးမားတဲ့ ချိုးဖောက်မှု တစ်ခုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးနေရတာလို့ ပြောပါတယ်။ အဲဒီ အသုံးအနှုန်းဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကို အဓိက ရည်ညွှန်းလေ့ ရှိတာမျိုးပါ။

မော်ရဲ့ ပြဿနာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရပါဘူး။ ဒါပေမဲ့ လပိုင်းတွေအတွင်း တရုတ်ရဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်ပိုင်း အရာရှိတွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ရတဲ့ တတိယမြောက် ကိစ္စလို့တော့ ဆိုနိုင်ပါတယ်။ ဇွန်လတုန်းက တရုတ် အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ဦးဖြစ်တဲ့ လီရှန်ဖူနဲ့ ဝေဖန်ဟီတို့ကို အဂတိ စွပ်စွဲချက်တွေနဲ့ အာဏာရ ပါတီထဲကနေ နှင်ထုတ်ခဲ့ပါတယ်။

ရှီဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက် အာဏာရ ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ထဲမှာ အဂတိ လိုက်စားမှုတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမယ်လို့ ကြွေးကြော်ထားပေမယ့် တစ်ဖက်မှာတော့ အဲဒီ ကိစ္စကို အကြောင်းပြပြီး ရှီက နိုင်ငံရေး ပြိုင်ဘက်တွေကို ဖယ်ရှားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေက လေပိုင်နက် ချဉ်းကပ်ပျံသန်းမှုကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့် စေခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

သတင်း

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ICCဟာ တရားမျှတမှု ရှိဖို့ လိုအပ်သလို အမြော်အမြင်ရှိရှိ ချင့်ချိန် ဆောင်ရွက်ဖို့ အတွက်လည်း တာဝန်ရှိတယ်လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

သတင်း

တချိန်တည်းတွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်လာသည်ဟု NUG ပြောခွင့်ရက ဆိုသည်။

သတင်း

နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

Facebook