close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား ဒုံးကျည် ပစ်ခတ်မှုတွေကို တားဆီးဖို ထိုင်းက F-16နဲ့ Gripen တိုက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်

ကမ္ဘောဒီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို ဟန့်တားဖိုအတွက် ထိုင်းက တိုက်လေယာဉ်တွေ စေလွှတ်ပြီး တိုက်ခိုက်ခဲ့တယ်လို သိရပါတယ်။

Royal Thai Air Force

ကမ္ဘောဒီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို ဟန့်တားဖိုအတွက် ထိုင်းက တိုက်လေယာဉ်တွေ စေလွှတ်ပြီး တိုက်ခိုက်ခဲ့တယ်လို သိရပါတယ်။

နယ်စပ်မှာ တတိယနေ့အဖြစ် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာ ပရာဆတ် တာမွမ်သောင်မှာ ကမ္ဘောဒီးယားက ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတဲ့နောက် ထိုင်းက အမေရိကန်လုပ် F-16 တွေနဲ့ ဆွီဒင်လုပ် Gripen တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တယ်လို ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်းတော်ဝင် လေတပ်ရဲ့ ထုတ်ပြန်ချက်အရ F-16 နှစ်စီးနဲ့ Gripen နှစ်စီးတိုဟာ ဇူလိုင် ၂၆ ရက်နေ့ စစ်ဆင်ရေးမှာ ပစ်မှတ်တွေကို တိတိကျကျ ချေမှုန်းနိုင်ခဲ့တယ်လို သိရပါတယ်။ အဲဒီ တိုက်လေယာဉ်တွေရဲ့ မစ်ရှင်ဟာ ကမ္ဘောဒီးယားရဲ့ ပဲ့ထိန်း ဒုံးကျည် ပစ်ခတ်မှုတွေကို ရပ်တန့်ပစ်ဖိုလိုလည်း လေတပ်က ဆိုပါတယ်။

နောက်ပြီး ပရာဆတ် တာမွမ်သောင်မှာ ကမ္ဘောဒီးယား စစ်သားတွေ လက်နက်ကြီး ဆင်နေတဲ့ နေရာတစ်ခုကိုလည်း တိုက်လေယာဉ်တွေက ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဟာ နယ်စပ်ပဋိပက္ခ စတင်လာချိန် ကတည်းက တိုက်လေယာဉ်တွေကို အသုံးပြုပြီး ကမ္ဘောဒီးယားရဲ့ စစ်စခန်းတွေနဲ့ တခြား စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲခဲ့ပါတယ်။ ကမ္ဘောဒီးယားကတော့ တိုက်လေယာဉ် ပိုင်ဆိုင်မှုတွေ လုံးဝ မရှိပါဘူး။

စစ်ရေး ပဋိပက္ခတွေ အစပြုလာခဲ့ချိန် ကတည်းက ထိုင်းတိုက်လေယာဉ်တချို ပစ်ချတာ ခံခဲ့ရတယ်ဆိုတဲ့ ကောလာဟလတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပေမယ့် ထိုင်းလေတပ်ကတော့ လေယာဉ်တွေ ဆုံးရှုးတယ်ဆိုတာ လုံးဝ မဟုတ်ကြောင်း အတိအလင်း ငြင်းဆိုထားပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

နှစ်နိုင်ငံ နယ်စပ်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေရာ တောင်ထိပ်တစ်ခုကို ထိုင်းစစ်တပ်က သိမ်းယူထားတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်အခတ် ရပ်စဲရေး စကားအစပျိုးထားတာတွေ ရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ တတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ စတင်နေကြပြီလို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်အခတ် ရပ်စဲရေး စကားအစပျိုးထားတာတွေ ရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ တတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ စတင်နေကြပြီလို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘောဒီးယားဖက်က စတင် တောင်းဆိုလာခဲ့ပါတယ်။

Facebook