ကမ္ဘောဒီးယား သတင်းဌာန တချို့နဲ့ လူမှုကွန်ရက် သုံးစွဲသူတွေက ထိုင်း F-16 တိုက်လေယာဉ်တွေ ပစ်ချခံရကြောင်း သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ ထိုင်းလေတပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။
ထိုင်းလေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေဟာ လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ် ပဋိပက္ခမှာ ကမ္ဘောဒီးယား စစ်စခန်း နှစ်ခုကို ဗုံးကြဲပြီးတဲ့နောက် အခြေစိုက် စခန်းဆီ ချောချောမောမော ပြန်လည် ရောက်ရှိနေနှင့်ပြီး ဖြစ်တယ်လို့ ထိုင်းလေတပ်က ကြေညာပါတယ်။
ကမ္ဘောဒီးယား တပ်ရင်းတချို့ရဲ့ ပစ်မှတ်တွေပေါ် ဗုံးတွေ ကြဲချခဲ့တဲ့နောက် အခြေစိုက် စခန်းကို ဘေးမသီ ရန်မခနဲ့ F-16 တိုက်လေယာဉ် ၆ စီးလုံး ပြန်ရောက်နေပြီလို့ ထိုင်းစစ်တပ်က လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားပါတယ်။
ကမ္ဘောဒီးယား စစ်တပ်ကတော့ ထိုင်းဟာ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတယ် ဆိုတာက နယ်စပ် ပဋိပက္ခကို အလွန်အကျွံ အင်အားသုံးတဲ့ အဓိပ္ပါယ်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement
စစ်ရေးပဋိပက္ခ တစ်ခုဖြစ်လာချိန် ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ လုပ်ကြံ ဖန်တီးထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတာဟာ အခုတလောမှာ အတွေ့ရများတဲ့ အခြေအနေ တစ်ခု ဖြစ်လာပါတယ်။ ဥပမာ အစ္စရေး-အီရန် ပဋိပက္ခ အတွင်းမှာ အစ္စရေးရဲ့ F-35 တိုက်လေယာဉ်တွေနဲ့ အမေရိကန်ရဲ့ B-2 ဗုံးကြဲလေယာဉ်တွေ ပျက်ကျနေတယ်ဆိုတဲ့ AIနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံ အတုတွေဟာ လူမှုကွန်ရက်တွေပေါ် အလုံးအရင်း ပျံ့နှံ့ခဲ့ပါတယ်။
ကိုးကား: Khaosod
