close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

မှန်းထားတဲ့အတိုင်း ဟွန်ဆန်းက နစ်နာသူယောင် ဆောင်နေပြန်ပြီလို့ ဖေထောင်ထန် ခနဲ့

ခန့်မှန်းထားသလိုပဲ ဟွန်ဆန်းဟာ နစ်နာသူလို လုပ်ပြနေပြန်တယ်လို့ လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က လူမှုကွန်ရက် မီဒီယာမှာ ခနဲ့ပြီး ရေးသားခဲ့ပါတယ်။

Reuters

ခန့်မှန်းထားသလိုပဲ ဟွန်ဆန်းဟာ နစ်နာသူလို လုပ်ပြနေပြန်တယ်လို့ လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က လူမှုကွန်ရက် မီဒီယာမှာ ခနဲ့ပြီး ရေးသားခဲ့ပါတယ်။

ဖေထောင်ထန်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ကိစ္စ တင်းမာမှုတွေ ရှိနေချိန်မှာ ကမ္ဘာဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုကို အကြောင်းပြုပြီး ရာထူးက ဆိုင်းငံ့ ခံထားရတာ ဖြစ်ပါတယ်။ သူက အဲဒီ အသံဖိုင်ထဲမှာ ထိုင်းစစ်တပ်ကို ပုတ်ခတ်တဲ့ စကားတချို့ ပြောမိခဲ့တာကြောင့် ပြဿနာ တက်ခဲ့တာပါ။ ဖေထောင်ထန်ဟာ ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေး အရမ်းရင်းနှီးမှု ရှိနေတာကြောင့် လက်ရှိ နယ်စပ် ပဋိပက္ခကို ကိုင်တွယ်ဖို့ ကျင့်ဝတ်ပိုင်း မေးခွန်းထုတ်စရာတွေ မြင်နေရတယ်လို့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ယူဆပြီး သူ့ကို ဝန်ကြီးချုပ် အဖြစ်ကနေ ယာယီ ဆိုင်းငံ့ထားတာပါ။

Reuters

ပြဿနာ တက်ခဲ့တဲ့ အသံဖိုင်ကို တမင်တကာ ဖွင့်ချလိုက်တယ်ဆိုတဲ့ ဖေထောင်ထန်ဖက်က စွပ်စွဲချက်အပေါ် လက်ရှိ ကမ္ဘောဒီးယား လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဟွန်ဆန်းက ငြင်းဆိုထားပါတယ်။ အခုတော့ နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခ စတင်လာတဲ့ အချိန်မှာ ဖေထောင်ထန်က ဟွန်ဆန်းနဲ့ ငြိခဲ့တဲ့ အရင်ကိစ္စကို ရည်ညွှန်းပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကို ထိုးနှက်လိုက်တာပါ။

ထင်ထားတဲ့အတိုင်း နစ်နာသူလို ဟန်ဆောင် လုပ်ပြနေပြန်ပြီလို့ ဖေထောင်ထန်က ဟွန်ဆန်းရဲ့ပုံကို Instagramမှာ တင်ပြီး ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟွန်ဆန်းရဲ့ သားဖြစ်သူ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ကမ္ဘောဒီးယားဟာ ထိုင်းရဲ့ လက်နက်ကိုင် ရန်လို တိုက်ခိုက်မှုကြောင့် ရွေးချယ်စရာ မရှိဘဲ လက်တုံ့ပြန်ရပါတယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာ ဖေထောင်ထန်က ဟွန်ဆန်းကို ပစ်မှတ်ထား ထိုးနှက်လိုက်တာပါ။

ဟွန်ဆန်းနဲ့ ဖေထောင်ထန်တို့ မိသားစုကြားမှာ အရင်က ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတွေ ရှိခဲ့ပေမယ့်လည်း အသံဖိုင် ပေါက်ကြားပြီးနောက်ပိုင်း အခါးသီးဆုံး ဆက်ဆံရေးမျိုးအဖြစ် ပြောင်းလဲသွားပါတယ်။

ထိုင်းစစ်တပ်ရဲ့ ကြေညာချက်မှာတော့ ဇူလိုင် ၂၄ ရက် မနက်ပိုင်းတုန်းက နယ်ခြားမှာရှိတဲ့ ထိုင်းစစ်စခန်းကို ကမ္ဘောဒီးယားက စတင်ပစ်ခတ်တာကြောင့် တိုက်ပွဲတွေ စတင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကြောင့် အရပ်သား အသေအပျောက် ၉ ဦးထိ မြင့်တက်လာကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ပဋိပက္ခတွေ ဖြစ်မလာအောင် ထိုင်းဖက်က အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့သေးတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား သတင်းဌာန တချို့နဲ့ လူမှုကွန်ရက် သုံးစွဲသူတွေက ထိုင်း F-16 တိုက်လေယာဉ်တွေ ပစ်ချခံရကြောင်း သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ ထိုင်းလေတပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကို သတိကြီးကြီးနဲ့ ကိုင်တွယ်ဖို့ ထိုင်းယာယီ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စစ်အင်အားသုံး တုံ့ပြန်ဖို့ကလွဲပြီး နည်းလမ်း မရှိဘူးလို့ ပြောကြားထားပါတယ်။

Facebook