News
ချင်းပြည်နယ် ထန်တလန်မြို့၌ စစ်ကောင်စီတပ်က ထန်တလန်ရာပြည့်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာဖြစ်သူ ပါစတာကျုံးဗျက်ဟုမ်းကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က ယနေ့ သဘောထား ထုတ်ပြန်ခဲ့သည်။