close
Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ ရေးဆွဲမှု ၈၀ရာခိုင်နှုန်းပြီးမြောက်ပြီဟု NUCC ထုတ်ပြန်

တော်လှန်ရေးအင်အားစုတွေ ကတိကဝတ်ပြုထားကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း(၁)ပါ နိုင်ငံရေးလမ်းပြမြေပုံအရ အဆင်လိုက်ဆောင်ရွက်လျက်ရှိရာ အဆင့်(၈) လုပ်ငန်းစဉ်ဖြစ်တဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေရေးဆွဲခြင်းအဖြစ် ဆောင်ရွက်နေရာ ၈၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၁၈၊၂၀၂၆။ထားမြတ်/People’s Spring

တော်လှန်ရေးအင်အားစုတွေ ကတိကဝတ်ပြုထားကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း(၁)ပါ နိုင်ငံရေးလမ်းပြမြေပုံအရ အဆင်လိုက်ဆောင်ရွက်လျက်ရှိရာ အဆင့်(၈) လုပ်ငန်းစဉ်ဖြစ်တဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေရေးဆွဲခြင်းအဖြစ် ဆောင်ရွက်နေရာ ၈၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ပါတယ်။

အခုအသိပေးချက်မှာဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း(၁)အခန်း (၃) အရ NUCC
မှာ သဘောတူကတိကဝတ်ပြုထားကြတဲ့ အကောင်အထည်ဖော်ရမည့်လုပ်ငန်းစဉ် (သို့မဟုတ်)နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ၁၂ ဆင့်ကို အသေးစိတ် ဖော်ပြထားသလို ကတိကဝတ်ပြုထားတဲ့ အဖွဲ့တွေရဲ့ အမည်ကိုလည်း ဖော်ပြထားပါတယ်။

အဲဒီအဆင့် ၁၂အနက် အဆင့်(၈) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း ပြီးမြောက်ပါက အဆင့်(၉) အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းခြင်း၊ အဆင့် (၁၀) တိုင်းပြုပြည်ပြုညီလာခံ (Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း၊ အဆင့် (၁၁) တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်းနဲ့ အဆင့် ၁၂ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ် (Constitutionalism) အရ လိုက်နာကျင့်သုံးခြင်းစတာတွေ လုပ်ဆာင်ရမယ်ဆိုတာကို အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“ဤပဋိညာဉ်သည် တရားဝင် စည်းနှောင်ချုပ်ဆိုထားခြင်းဖြစ်သည်။ ထိုမျှမက ကိုယ်ကျင့်တရားကို အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း မှတ်ယူသည်။ ထိုတာဝန် ရှိမှုများနှင့် ပတ်သက်၍ သဘောတူအတည်ပြုသည့် အဖွဲ့တိုင်းသည် အ
ခြား ကတိကဝတ်ပြု၍ သဘောတူအတည်ပြုသည့် အဖွဲ့အစည်းတစ်ခုချင်းအပေါ်တွင် လည်း
ကောင်း၊ အဖွဲ့အစည်း အသီးသီး၏ အဖွဲ့ဝင်များအပေါ်တွင်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူများ အပေါ်တွင်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ်များ အပေါ်တွင် လည်းကောင်း တာဝန်ခံသည် ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်” လို့ NUCCက ထုတ်ပြန်ပါတယ်။

သဘောတူ ကတိကဝတ်ပြုကြတဲ့ အဖွဲ့အစည်း ၂၇ဖွဲ့ရဲ့ အမည်ကိုလည်း ဖော်ပြထားပြီး အဲဒီထဲမှာ လက်ရှိ CRPHက နေ ပါဝင်မှု ယာယီရပ်ဆိုင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့လည်း ပါဝင်တာကို တွေ့ရပါတယ်။

NUCCဟာ ပြီးခဲ့တဲ့ နှစ်ရက်ကလည်း NUCC ဘာလဲ ဘယ်လဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ NUCCမှာ ဘာလို့ ပါဝင်ကြလဲဆိုတာကို NUCCမှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေကို စုစည်းဖော်ပြထားပါတယ်။
“NUCC စုဖွဲ့မှုဟာ ကျမတို့ တော်လှန်ရေးအင်အားစုတွေအားလုံးအတွက် တိုင်းရင်းသား တော်
လှန်ရေးအင်အားစုတွေရောနွေဦးတော်လှန်ရေးအစုအဖွဲ့တွေရော အားလုံးကို ပေါင်းစပ်ပေးတဲ့ စုဖွဲ့မှု တခုပေါ့”လို့ တအာင်းပြည်ကောင်စီ(TLC) ဒုဥက္ကဋ္ဌ လွေးမိုးခမ်းက ပြောပါတယ်။

NUCCမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေရော NUCCမှာ မပါဝင်သေးတဲ့ အဖွဲ့အစည်းတွေရော လက်ခံနိုင်တဲ့ဟာက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၁) ဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပြည်ထောင်စုရဲ့ မိသားစုတွေအားလုံး စုစည်းပြီး လက်တွဲညီညီ လျှောက်လှမ်းနိုင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် တို့က ပြောကြားခဲ့ပြီး ဒီလို စုစည်းရာမှာ အထက်အောက်အတွေးအခေါ် ရိုက်သွင်းတာတွေကို နားမထောင်ဖို့...

သတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းမှုအပေါ် ထောက်ခံကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ဒီဇင်ဘာ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟု​အမည်​ပြောင်း​သော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

သတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ NUCC က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။