close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မြန်မာ့မြေရှားသတ္တုတွေ အမေရိကန် ထုတ်ယူရေး အချက်​လေးချက်​ကြောင့်မ​အောင်မြင်နိုင်ဟုဆို

မြန်မာနိုင်ငံက ထွက်ရှိတဲ့ မြေရှားသတ္တုတွေကို အမေရိကန်က ထုတ်ယူသုံးစွဲနိုင်ဖို့ တင်ပြထားတဲ့ အဆိုပြုချက်တွေဟာ လက်တွေ့မကျသလို အန္တရာယ်လည်းများလွန်းတယ်လို့ကျွမ်းကျင်ပညာရှင်တဦးကအလေးအနက်ထောက်ပြခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ​မြေရှားသတ္ထုတူး​ဖော်​ရေးလုပ်ကွက်အချို့။ ဓါတ်ပုံ-Global Witness

People’s Spring ဘာသာပြန်​သည်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ မြေရှားသတ္တုတွေကို အမေရိကန်က ထုတ်ယူသုံးစွဲနိုင်ဖို့ တင်ပြထားတဲ့ အဆိုပြုချက်တွေဟာ လက်တွေ့မကျသလို အန္တရာယ်လည်းများလွန်းတယ်လို့ကျွမ်းကျင်ပညာရှင်တဦးကအလေးအနက်ထောက်ပြခဲ့ပါတယ်။

မျက်မှောက်ကာလခေတ်မီ နည်းပညာမြင့်စစ်လက်နက်တွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ်အဆင့်မျိုးထိ အရေးပါနေတဲ့ မြေရှားသတ္တုတွေရဲ့ တူးဖော်မှု၊ သန့်စင်မှုနဲ့ တင်ပို့ရောင်းချမှု ကမ္ဘာ့စျေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်က ချုပ်ကိုင်ထားပါတယ်။ အမေရိကန်ဟာ မြေရှားသတ္တုနဲ့ပတ်သက်ရင်တရုတ်ကိုအလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေကို လျှော့ချဖို့ ကြိုးစားနေပြီးအပြောင်းအလဲရွေးချယ်မှုတစ်ခုအဖြစ်မြေရှားသတ္တု အများအပြား ထွက်ရှိရာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားဖို့ သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့အစိုးရဆီအကြံပြုမှုတွေရှိလာပါတယ်။

ကချင်ပြည်နယ်မှာ​မြေရှားသတ္ထုတူး​ဖော်​ရေးလုပ်ကွက်အချို့။ ဓါတ်ပုံ-Global Witness

မကြာသေးခင်ကတော့အမေရိကန်ဒုတိယသမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်ဆီကို မြန်မာ့မြေရှားသတ္တုတွေနဲ့ ပတ်သက်လို့အကြံပြုအစီရင်ခံချက်နှစ်ခု ရောက်ရှိခဲ့ပါတယ်။ အဲဒီတင်ပြချက်တွေရဲ့လိုရင်းကတူညီပေမယ့် ချဉ်းကပ်ပုံတွေကတော့ ကွဲပြားပါတယ်။ မြေရှားသတ္တုတွေဟာမြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်နဲ့ နယ်စပ်နားမှာရှိပြီး ကချင်လွတ်လပ်ရေးတပ်မ​တော် (KIA) ထိန်းချုပ်ထားရာ နယ်မြေမှာ အဓိက ထွက်ရှိပါတယ်။

Public Service Announcement

Public Service Announcement

ပထမ အဆိုပြုချက်ကအမေရိကန် အနေနဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ KIAကြားငြိမ်းချမ်းရေး သဘောတူညီမှု ရရှိအောင် ညှိနှိုင်းပေးပြီး နှစ်ဖက်စလုံးရဲ့အချိတ်အဆက်နဲ့မြေရှားသတ္တုတွေကို ထုတ်ယူဖို့ ဖြစ်ပါတယ်။

ဒုတိယနည်းလမ်းကတော့စစ်ကောင်စီကိုလုံးဝ အရာမသွင်းဘဲ KIAနဲ့ တိုက်ရိုက် ဆက်သွယ်ခြင်းပါ။ လက်ရှိ အကျဉ်းချ ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးဟောင်း ရှောင်တာနဲလ်နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ တချို့က မြန်မာ့တော်လှန်ရေး အင်အားစု တစ်ခုနဲ့ အမေရိကန်ကတိုက်ရိုက် ဆက်သွယ် ညှိနှိုင်းမယ့် ဒုတိယ နည်းလမ်းကို ထောက်ခံ အားပေးတာတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း Stimson Centerရဲ့ ဧည့်သုတေသီ အဖွဲ့ဝင်နဲ့ တရုတ်ဆိုင်ရာကျွမ်းကျင်သူ တဦးဖြစ်တဲ့ အမရာမောင်ကတော့ အဲဒီအဆိုပြုချက်နှစ်ခုလုံးမှာတူညီတဲ့ ပြဿနာတွေ ရှိနေပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်လိမ့်မယ်လို့ ဝေဖန် ထောက်ပြခဲ့ပါတယ်။ Stimson Centerမှာအမရာမောင် ရေးသားထားတဲ့ Four Reasons Why Proposals to Source Rare Earth Minerals from Myanmar Will Not Succeedဆိုတဲ့ သ​ဘောထားအမြင်ဆောင်းပါးမှာအသေးစိတ် ထောက်ပြကြတဲ့ အကြောင်းတရားက၄ခုဖြစ်ပါတယ်။

ပထမ အချက်က မြန်မာဟာ မြေရှားသတ္တုတွေ အများအပြား ထုတ်လုပ်နိုင်ရင်တောင်မှ ပြည်ပကို အလုံးအရင်းတင်ပို့နိုင်ဖို့ဘာအခြေခံ အဆောက်အအုံမှ ရှိမနေတာပါ။ မြေရှားသတ္တုတွေကို သန့်စင်နိုင်စွမ်း မရှိသလို ဝေးလံသီခေါင်တဲ့ ကုန်းမြင့်ဒေသတွေပေါ်ကသတ္တုမိုင်းတွင်းတွေဆီဆက်သွယ်ထားတဲ့ လမ်းတွေလည်း မရှိပါဘူး။ ခိုင်မာ အားကောင်းတဲ့ အကောက်ခွန် စနစ်တွေလည်း မရှိပါဘူး။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့မြေရှားသတ္တုရိုင်းတွေကို အဓိက ဝယ်ယူနေတာကလည်း တရုတ်နယ်စပ်နဲ့ သတ္တုတွင်းတွေ အရမ်းနီးကပ်တဲ့ အားသာချက် ရှိနေလို့ပါ။ အိန္ဒိယလို နိုင်ငံတွေရဲ့ ကုမ္ပဏီ တချို့ကလည်း မြန်မာ့ မြေရှားသတ္တုတွင်းတွေနဲ့ပတ်သက်ရင် စိတ်ဝင်စားခဲ့ဖူးပေမယ့်လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နယ်မြေမလုံခြုံတာတွေကြောင့် အဆင်မပြေခဲ့ပါဘူး။

တကယ်လို့ အမေရိကန်က မြန်မာ့ မြေရှားသတ္တုတွေကို ထုတ်ယူပြီး တရုတ်မဟုတ်တဲ့တခြားဒေသတွင်း နိုင်ငံတစ်ခုဆီတစ်ဆင့်ခံ သယ်ယူမယ်ဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတော်တော်များများကို ဖြတ်သန်းရမှာ ဖြစ်တာကြောင့် လုံခြုံရေး အာမခံချက်နည်းလွန်းပါတယ်။

ဒုတိယထောက်ပြကြတဲ့ အချက်ကတော့ KIAနဲ့ တရုတ်ကြားက ဆက်ဆံရေးပါ။ တရုတ်ကုမ္ပဏီတွေဟာ KIA ထိန်းချုပ် နယ်မြေတွေထဲမှာသတ္တုတွေ တူးဖော်နေပြီး သတ္တုရိုင်း ထုတ်ကုန် အများစုကိုလည်းတရုတ်ကပဲ ဝယ်ယူနေရပါတယ်။ နောက်ပြီး KIAဟာထိန်းချုပ်နယ်မြေတွေဆီရိက္ခာ၊လောင်စာဆီ၊ ဆောက်လုပ်ရေးပစ္စည်းလိုအရေးပါတဲ့ အခြေခံ လိုအပ်ချက်တွေ တင်သွင်းနိုင်ဖို့တရုတ်အပေါ် အများကြီး မှီခိုနေရပါတယ်။

နိုင်ငံရေးအရလည်း တရုတ်ဟာ KIAနဲ့ နီးကပ်မှု ရှိတာကြောင့် အမေရိကန်က ချဉ်းကပ်ဖို့ ခက်လိမ့်မယ်လို့ ဆိုပါတယ်။နောက်ပြီးတရုတ်ကKIA ထိန်းချုပ်နယ်မြေတွေဆီ ကုန်သွယ်မှု လမ်းကြောင်းတွေကို အချိန်မရွေး ပိတ်ပစ်နိုင်တဲ့ နိုင်ဖဲမျိုးကိုလည်း ကိုင်ထားပါတယ်။ တကယ်တမ်းသာအမေရိကန်ကမြန်မာ့မြေရှားသတ္တုတွေကို ထုတ်ယူဖို့ ခြေလှမ်း စပြင်လာပြီ ဆိုတာနဲ့ တရုတ်ဟာ အဲဒီ နယ်မြေတွေကို ဘက်ပေါင်းစုံကနေတင်းတင်းကြပ်ကြပ်ပိတ်ဆို့လိုက်တာမျိုးတွေလုပ်လာနိုင်ပါတယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်မှာ​မြေရှားသတ္ထုတူး​ဖော်​ရေးလုပ်ကွက်အချို့။ ဓါတ်ပုံ-Global Witness

ဆောင်းပါးထဲမှာ ထောက်ပြတ တတိယရှုထောင့်ကတော့ တရားဥပဒေနဲ့ တရားဝင်မှုဆိုင်ရာ ကိစ္စတွေဖြစ်ပါတယ်။အမေရိကန်နဲ့ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေဟာ စည်းမျဉ်းတွေအရ အစိုးရအဆင့် မဟုတ်တဲ့ လက်နက်ကိုင် အစုအဖွဲ့ တစ်ခုဆီနဲ့ လက်တွဲ အလုပ်လုပ်ရာမှာ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ၊ လိုက်နာရမယ့် စည်းဘောင်တွေ ရှိကြပါတယ်။

မြန်မာနိုင်ငံကိုအဓိကအုပ်ချုပ်နေတဲ့အာဏာသိမ်းစစ်ကောင်စီကြတော့ တရားဝင် အစိုးရမဟုတ်သလို အမေရိကန်နဲ့ EUရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ခံထားရပါတယ်။ အဲဒီ စည်းမျဉ်းတွေ၊ သတ်မှတ်ချက်တွေကို လျှော့ပေါ့တာတွေ မရှိဘဲ မြန်မာ့ မြေရှားသတ္တုတွေကို အမေရိကန်ကုမ္ပဏီတွေက ထုတ်ယူဖို့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ထုတ်ကုန်တွေအတွက် ငွေပေးချေမှုတွေ၊ သယ်ယူမှုတွေ၊ အခွန်အခ ကိစ္စတွေ အားလုံးကလည်း လက်ရှိ အမေရိကန်နဲ့ နိုင်ငံတကာ ဥပဒေတွေအရ တရားမဝင်ပါဘူး။

နောက်ဆုံး ထောက်ပြထားတဲ့ တစ်ချက်ကတော့ မြေရှားသတ္တုတွေ ထုတ်လုပ်မှုကြောင့်ဖြစ်လာမယ့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ညစ်နွမ်းမှု၊ ဒေသခံ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကိစ္စတွေပါ။ မြေရှားသတ္တုတွေဟာ တကယ်တမ်းမှာ မရှားပါးပေမယ့် ထုတ်ယူတဲ့ နည်းလမ်းက ရှုပ်ထွေးပြီး ဘေးထွက်ဆိုးကျိုး အရမ်းများလေ့ ရှိပါတယ်။ တောတွေပြုန်းပြီးရေအရင်းအမြစ်တွေညစ်နွမ်းတာ၊ မြေဆီလွှာတွေ အဆိပ်သင့်တာတွေဟာ ပုံမှန် ကြုံရလေ့ရှိတဲ့ အခြေအနေပါ။ ဒါကြောင့်လည်း ဒေသခံ ပြည်သူတွေဆီက ဝေဖန်မှု၊ ဆန့်ကျင်မှုတွေ မကြာခဏ ကြုံရလေ့ရှိပြီး အမေရိကန် အတွက်တော့ မဖြစ်မနေ ထည့်စဉ်းစားရမယ့် နောက်ခံ အခြေအနေ တစ်ခုလို့ ဆိုပါတယ်။ အကျိုးဆက်အဖြစ် အမေရိကန် ကုမ္ပဏီတွေကို ဒေသခံ လူ့အဖွဲ့အစည်းတွေက တရားစွဲဆိုတာတွေထိ ဖြစ်လာနိုင်တယ်လို့ ဆောင်းပါးရှင်က ဆိုထားပါတယ်။

အနှစ်ချုပ် အနေနဲ့ကတော့ အမေရိကန်ဟာ မြေရှားသတ္တုတွေ ရရှိနိုင်မယ့်ရင်းမြစ်အသစ်တွေကို ရှာဖွေနေရင်တောင် လက်ရှိ ကြုံတွေ့ ဖြတ်သန်းနေရတဲ့ အရှိတရားတွေအရ မြန်မာဟာ သင့်တော်တဲ့ ရွေးချယ်မှု မဖြစ်နိုင်ဘူးလို့ ဆောင်းပါးက သုံးသပ်ပြထားပါတယ်။အမေရိကန်အစိုးရဟာအဲဒီခြေလှမ်းကို စတင်မယ် ဆိုတာနဲ့ နိုင်ငံရေးအရ စွန့်စားရတာတွေ၊ ဥပဒေ အတားအဆီးတွေ၊ တရုတ်ရဲ့ တန်ပြန်လာမယ့်အခြေအနေတွေ၊သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုဆိုင်ရာနောက်ဆက်တွဲ ဂယက်တွေ တန်းစီပြီး ကြုံလာနိုင်တဲ့အတွက် ဆိုးရွားတဲ့ ရွေးချယ်မှု တစ်ခုအဖြစ် သတ်မှတ်ရလိမ့်မယ်လို့ ဆောင်းပါးက ထောက်ပြခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်ဆီက မဟုတ်ဘဲ မြေရှားသတ္တုတွေ ရရှိဖို့ကြိုးစားမယ်ဆိုရင်ရွေးချယ်မယ့် ဘယ်မိတ်ဖက် နိုင်ငံမဆို နိုင်ငံရေး တည်ငြိမ်မှု၊ မူဝါဒရေးရာပွင့်လင်းမြင်သာမှု၊ဥပဒေစည်းမျဉ်း ခိုင်မာမှုတွေ ရှိဖို့လိုအပ်ပြီး မြန်မာကတော့ အဲဒီ လိုအပ်ချက်တွေ အားလုံး ကင်းမဲ့နေတယ်လို့လည်း ဆောင်းပါးက ဆိုထားပါတယ်။

(Stimson Centre မှာ အမ​ရာသီဟ​ရေးသားတဲ့ “Four Reasons Why Proposals to Source Rare Earth Minerals from Myanmar Will Not Succeed” သ​ဘောထားအမြင်​ဆောင်းပါးကို People’s Spring ကဆီ​လျှော်​အောင်ဘာသာပြန်ဆိုထားပါတယ် )

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဖိအားပေး ဆန့်ကျင်မှုတွေ ရှိနေတဲ့တိုင် ရုရှားဆီက ရေနံကို ဆက်လက် ဝယ်ယူသွားမယ်လို့ အိန္ဒိယက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဖက်က သိသိသာသာ ခြိမ်းခြောက် ရန်စတဲ့ စကားမျိုး ပြောဆိုခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက် အမေရိကန်ရဲ့ နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နှစ်စီးကို ဖြန့်ကျက်ထားပြီး တုံ့ပြန်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီရဲ့ မဟာမိတ် စီးပွားရေး လုပ်ငန်းရှင် တချို့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခဲ့တဲ့ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယဆီက သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ့်အပြင် ရုရှားနဲ့ ကုန်သွယ်တဲ့အတွက် အရေးယူမှုအဖြစ် အပိုဆောင်း အခွန်တွေ သတ်မှတ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

Facebook