သြဂုတ်-၂၊၂၀၂၅။ သုည/People’s Spring
ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့သည့် တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်သည့် Cobra Column 2 Venom စစ်ကြောင်းက မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုကို ယနေ့ (သြဂုတ် ၂) ပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုကို Cobra Column 2 Venom စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့်မှ ဦးဆောင်ကာ တော်လှန်ရေးရဲဘော်များက (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများကိုင်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်ကို ပူးပေါင်းပါဝင်ခဲ့သည်။
(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားသည်။

Public Service Announcement
ရန်ကုန် လူထုသပိတ်အနေဖြင့် ရှစ်လေးလုံးအထိမ်းအမှတ် ၈သင်္ကေတရိုက်နှိပ်ထားသည့် ထီးများကို ရောင်းချထားသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဆိုပါထီးများအပါအဝင် ၈ ဂဏန်းနှင့် သက်ဆိုင်သည့်အရာများဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ရန် ဩဂုတ် ၁ရက်တွင် နှိုးဆော်ထားသည်။














































