close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန် စျေးဝယ်စင်တာ မီးလောင်မှုမှာ ၆ ဦးသေပြီး ၆၀ နီးပါး ပျောက်ဆုံးနေ

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ ဖြစ်ပွားခဲ့တဲ့ စျေးဝယ်စင်တာ မီးလောင်မှုမှာ လူ ၆ ဦး သေဆုံးခဲ့တဲ့အပြင် ပျောက်ဆုံးနေသူ ၆၀ နီးပါးလောက်ရဲ့ ကံကြမ္မာအတွက်လည်း စိုးရိမ်နေရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ ဖြစ်ပွားခဲ့တဲ့ စျေးဝယ်စင်တာ မီးလောင်မှုမှာ လူ ၆ ဦး သေဆုံးခဲ့တဲ့အပြင် ပျောက်ဆုံးနေသူ ၆၀ နီးပါးလောက်ရဲ့ ကံကြမ္မာအတွက်လည်း စိုးရိမ်နေရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့က စျေးဝယ်စင်တာအဖြစ် ဖွင့်လှစ်ထားရာ အဆောက်အအုံ တစ်ခုမှာ အပြင်းအထန် မီးလောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက် ညပိုင်းထိ အခြေအနေအရ သေဆုံးစာရင်း ၆ ဦးထိ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးနေသူ အရေအတွက်က ၅၉ ဦးထိရှိပြီး သေဆုံးစာရင်းက ထပ်တိုးလာမှာကို စိုးရိမ်နေကြတာပါ။

သေသလား ရှင်သလား မသိရဘဲ သတင်းပျောက်နေသူတွေအတွက် မိသားစုတွေက သောကများပြီး ဆေးရုံတွေနဲ့ သုဿန်တွေမှာ လိုက်စုံစမ်းနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

မီးလောင်မှုကြောင့် စျေးဝယ်စင်တာ အဆောက်အအုံရဲ့ မြေညီထပ် တစ်ထပ်လုံး လုံးဝဥဿုံ ပျက်စီးခဲ့ပြီး အပေါ်သုံးထပ်ကိုလည်း မီးတွေ ကူးစက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မျက်မြင်တချို့ကတော့ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းထိ အဆောက်အအုံ အပေါ်ထပ်တွေကနေ မီးခိုးတွေ ခပ်ငွေ့ငွေ့ ဆက်ပြီး အူထွက်နေတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဒေသခံ မီးသတ်တပ်ဖွဲ့ဟာ ရေတပ်၊ လေတပ် အမှုထမ်းတွေရဲ့ အကူအညီကိုပါယူပြီး မီးကို ၂၄ နာရီကြာအောင် ငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်ချိန်မှာ အလုံးအရင်း ထွက်နေခဲ့တဲ့ မီးခိုးလုံးတွေ၊ ပြိုကျနေတဲ့ အပျက်အစီးတွေ၊ အကြိမ်ကြိမ် ပြန်ဦးထောင်လာတဲ့ မီးညွန့်တွေကြောင့် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေမှာ နှောင့်နှေးမှုတွေ ကြုံခဲ့တယ်လို့လည်း ကရာချိ မီးသတ်ဌာနက ဆိုပါတယ်။

မီးငြှိမ်းသတ်နေချိန် အတောအတွင်း အပျက်အစီးတွေ ပြိုကျပြီး ပိမိလို့ မီးသတ်ဝန်ထမ်း တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ လုပ်ဖော်ကိုင်ဖက်တွေက အပျက်အစီးတွေ ကြားကနေ

မီးဟာ စျေးဝယ်စင်တာရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို လုံးဝဥဿုံ ပျက်စီးသွားစေခဲ့ပါတယ်။ ဆိုင်ခန်းပေါင်း ၁၂၀၀ လောက်နဲ့ ကုန်လှောင်ရုံတွေကို ဆုံးရှုံးခဲ့ရပြီး ရူပီးငွေ သန်းနဲ့ချီ တန်ဖိုးရှိတဲ့ ကုန်စည်တွေ ပြာကျပျက်စီးခဲ့ပါတယ်။

ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီ ဇာဒါရီနဲ့ ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်တို့က ထိခိုက်သေဆုံးသူတွေ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးသူတွေအတွက် အထူးစာနာ ဝမ်းနည်းကြောင်း ကြေညာချက်တွေ သီးခြားစီ ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတက ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ နစ်နာသူတွေကို အကူအညီတွေ အစွမ်းကုန် ပေးအပ်ဖို့လည်း ညွှန်ကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို အကာအကွယ် ပေးနိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ စီမံပေးဖို့ တောင်းဆိုထားပါတယ်။ ခေါင်းဆောင် နှစ်ဦးစလုံးဟာ ကရာချိမြို့ တည်ရှိရာ ဆင်းဒ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် မူရတ်ဒ် အလီရှားဟ်ကိုလည်း ဖုန်းဆက်ခဲ့ကြပါသေးတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးဘဲ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

ကိုးကား: Tribune
ဓာတ်ပုံ – AP, Getty Images

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ ဒီကနေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့တဲ့မီးကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်လို့ ဆေးရုံပို့လိုက်ရကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ပလိပ်- စကားအင်းလမ်းပိုင်းမှာ အဝေးပြေး ခရီးသည်တင်ကားတစ်စီး ဒီနေ့ (ဒီဇင်ဘာ ၃၁ ရက်) မနက် ၆ နာရီ ၄၀ မိနစ်မှာ မီးလောင်မှုဖြစ်ပွားတယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၇ ထပ်တိုက်တစ်လုံး မီးလောင်ပြီး လူ ၂၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီနေ့ ( ဒီဇင်ဘာလ ၄ ရက်) မနက် ၇ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။