ဇန်နဝါရီ-၁၈၊ ၂၀၂၆ ဇေအောင်/People’s Spring
တာချီလိတ်မြို့မှာ နေ့ခင်းကြောင်တောင် ဝင်ခိုးတဲ့သူခိုးဟာ လူတွေမိသွားလို့ ဝိုင်းရိုက်မှာကြောက်ပြီး အိမ်ခေါင်မိုးပေါ်ကမဆင်းနိုင်ဘဲ တစ်နာရီနီးပါး အမိုးပေါ်လမ်းလျှောက်နေခဲ့ရပါတယ်။
ဒီနေ့ဇန်နဝါရီ ၁၈ရက် မနက်ပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်မှာ နေအိမ်တစ်အိမ်ကို ဖောက်ထွင်းခဲ့တဲ့သူခိုးဟာ လူမိသွားတာကြောင့် အိမ်ခေါင်မိုးပေါ်ကနေ ထွက်ပြေးဖို့ ကြိုးစားချိန် အောက်မှာ ရပ်ကွက်ခံတွေက စောင့်နေကြတာကြောင့် အမိုးပေါ် ၁နာရီနီးပါး လမ်းလျှောက်နေခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ နေ့ခင်းကြီးဝင်ခိုးတာလူမိပြီးအောက်ဆင်းရင်လည်းဝိုင်းရိုက်မှာကြောက်လို့။ မောင်သူခိုးလမ်းပျောက် အဲ့မှာတင် တစ်နာရီလောက်ရှိနေပြီ။” လို့ တာချီလိတ်ဒေသခံက လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့တကွ တင်ထားပါတယ်။

Public Service Announcement
သူ့ကို တစ်နာရီနီးပါးအကြာမှာတေ့ာ ရပ်ကွက်ခံတွေ ဝိုင်းဖမ်းခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မှာ သူခိုးတွေ မကြာခဏသောင်းကျန်းနေပြီး ဖြစ်စဥ်အများစုက ဖမ်းဆီးရမိတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

















































