■မြောက်ဦးဆေးရုံကြီးဗုံးကြဲခံရမှု ဒဏ်ရာရသူတွေကိုကူညီနေတဲ့ စာရေးဆရာဝေဟင်အောင်နဲ့ မေးမြန်းခန်း
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ ဆေးရုံကြီးကို ဒီဇင်ဘာလ၁၀ရက်ညမှာအာဏာသိမ်း စစ်တပ်က တိုက်လေယာဥ် ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးကြဲတာမှာ လသားအရွယ် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် သေဆုံးသူပြည်သူ ၃၄ဦးရှိလာပြီး ဒဏ်ရာရသူ ၇၅ ဦးအနက် ၂၆ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသမှုခံယူနေရပါတယ်။ ရခိုင်တိုင်းရင်းသားအရေးဆောင်ရွက်တဲ့ စာရေးဆရာဝေဟင်အောင်က အခင်းဖြစ်ရာနေရာကို ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို အကူအညီပေးနေပါတယ်။ မြောက်ဦးမြို့ ဆေးရုံရဲ့ ဒီနေ့မြင်ကွင်းနဲ့ မြေပြင်အခြေအနေတွေကို စာရေးဆရာဝေဟင်အောင်က အခုလိုပြောပြထားပါတယ်။
"အောက်တန်းကျတဲ့လုပ်ရပ်တစ်ခုလို့ပဲမြင်တယ်ဗျ" ■မြောက်ဦးဆေးရုံကြီးဗုံးကြဲခံရမှု ဒဏ်ရာရသူတွေကိုကူညီနေတဲ့…
Posted by People's Spring on Thursday 11 December 2025















































