close
Connect with us

Hi, what are you looking for?

သတင်း

မိုးကြီးပြီး မယ်ဆိုင်ချောင်းရေလျှံသဖြင့်တာချီလိတ်ရပ်ကွက်အချို့ ရေ‌ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်းထိုင်း နှင့် မြန်မာနယ်စပ်ဒေသများတွင် ဧပြီလ ၂၉ရက်​နေ့ နံနက်အစောပိုင်း၌ မိုးကောင်းပြီးနောက်မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ် မြို့ပေါ်ရပ်ကွက် အချို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်။

မယ်ဆိုင်​ချောင်း​ရေလျှံပြီး တာချီလိတ် အ​ခြေအ​နေကို ဧပြီ ၂၉ ရက် ​နေ့ခင်းပိုင်းက အ​ပေါ်စီးမှမြင်​ကွင်း ။ဓါတ်ပုံ- แทศบาลตำบลเวียงพางคำ

ဧပြီ-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်းထိုင်း နှင့် မြန်မာနယ်စပ်ဒေသများတွင် ဧပြီလ ၂၉ရက်​နေ့ နံနက်အစောပိုင်း၌ မိုးကောင်းပြီးနောက်မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ် မြို့ပေါ်ရပ်ကွက် အချို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်။

“မိုးက သုံးရက်ရှိပြီရွာတာ။ ဒီမနက်လည်း မိုးကောင်းတယ်။ မိုးရွာပြီဆို မယ်ဆိုင်ချောင်းရေက လျှံတယ်။ ချောင်းရေလျှံတိုင်း တာချီလိတ်မြို့ဒုက္ခရောက်တယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

မွန်းလွဲ ၂နာရီခန့်အထိရရှိထားသောသတင်းများအရ ပုန်းထွန်ရပ်ကွက်အတွင်း ရေဝင် ရောက်မှုအများဆုံးဖြစ်ပြီး အခြားရပ်ကွက်များသို့ဆက်လက်စီးဝင်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ပုန်းထွန်ရပ်ကွက်သည် မယ်ဆိုင်ချောင်းဘေး၌ရှိသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း ကရင်ပြည်နယ်နှင့်ကရင်နီပြည်နယ်တို့တွင် ယခုရက်ပိုင်း၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌ ပေးထားသည်။ ထို့အပြင် နေ့အပူချိန်များတိုးလာသောကြောင့် မွန်းလွဲ/ညနေပိုင်း အချိန် များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မိုးရာသီက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၌မိုးကြီးစဉ် တာချီလိတ်၊ မိုင်းဆတ်မြို့နယ်တို့၌ ဆိုးရွားသည့်ရေ‌ ဘေးကြုံတွေ့ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံအစိုးရက နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့အား လျှပ်စစ်မီးတောက်လိုက်သည့် ပြဿနာသည် တာချီလိတ်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များအထိရိုက်ခတ်နေပြီး စက်သုံးဆီပြတ်လပ်မှုအန္တရာယ် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့်​ အနိမ့်ပိုင်းရပ်ကွက်အချို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများကပြောသည်။

သတင်း

ရေကြီး ​မြေပြိုမှု​ကြောင့် ပြည်သူ အနည်းဆုံး ၄ ဦး​သေပြီး ၄ ဦး​ပျောက်ဆုံး​နေ

သတင်း

တာချီလိတ်မြို့ရှိ ရေဘေးသင့်သူများကို ထိုင်းတော်ဝင်လေတပ်က ရဟတ်ယာဉ်ဖြင့် ယ​နေ့ (စက်တင်ဘာ ၁၂ ရက်)တွင် အစားအသောက်များချပေးသည်ဟု မြို့ခံအချို့ကပြောသည်။

Facebook