close
Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ကမ်းပါးပြိုလို့ ပခုက္ကူ ရွာနှစ်ရွာက အဆောက်အအုံ ၃၀ ကျော် အရေးပေါ်ရွှေ့ပြောင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ရွာနှစ်ရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေအပါအဝင်နေအိမ် ၃၀ ကျော်အရေးပေါ်ဖျက်ပြီး ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့်ပြောင်းရွှေ့နေရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

စက်တင်ဘာ-၁၄၊၂၀၂၅။​ဇေ​အောင်/ People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ရွာနှစ်ရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေအပါအဝင်နေအိမ် ၃၀ ကျော်အရေးပေါ်ဖျက်ပြီး ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ်က သိမ်ကုန်းရွာနဲ့ မရိုးကုန်းရွာနှစ်ရွာမှာ ဒီစက်တင်ဘာ တတိယပတ်အတွင်း ဧရာဝတီမြစ်ကမ်းပါးတွေ ပြိုကျလာလို့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေကို အရေးပေါ်ဖျက်ကာ ရွှေ့ပြောင်းနေရတာလို့ သိရပါတယ်။

ဒါ့အပြင် ပြည်လုံးချမ်းသာ ရှစ်မျက်နှာစေတီဟာလည်း မြစ်ကမ်းပါးနဲ့ နီးကပ်နေတာကြောင့် ပြိုကျသွားနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ကူရာမဲ့ ကယ်ရာမဲ့ပြီး ဒုက္ခတွေကို ခါးစီးခံနေရတယ်။ ၁၀ နှစ်တ​ကြိမ်လောက် ရွှေ့နေရတယ်။ ကျောင်းတွေ ဓမ္မာရုံတွေ အိမ်ဝိုင်းတွေလည်း ဖျက်ပြီးရွှေ့နေရပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။

အရေးပေါ်ရွှေ့ပြောင်းရမယ့် နေအိမ် ၂၀၀ ခန့်ရှိပြီး လောလောဆယ် အိမ်ခြေ ၃၀ လောက်သာ ဒေသခံတွေပူးပေါင်းပြီး ရွှေ့ပြောင်းနိုင်သေးတယ်လို့ နယ်ခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ဖြတ်သန်းရာ မန္တလေးတိုင်း စဥ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ မြင်းခြံ၊ ငါန်းဇွန်၊ ညောင်ဦး၊ မကွေးတိုင်း၊ ရေစကြို၊ ပခုက္ကူ စတဲ့ဒေသတွေမှာ မြစ်ကမ်းပါးပြိုကျမှုတွေ နှစ်စဥ်ဖြစ်ပွားနေပါတယ်။

အာဏာသိမ်းကာလမတိုင်မီကတော့ မြစ်ကမ်းပါးပြိုကျမှုကာကွယ်ရေးအစီအမံတွေ ပြုလုပ်လေ့ရှိပေမဲ့ အာဏာသိမ်းနောက်မှာတော့ ဘာအစီအမံမှမရှိတော့ဘဲ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ကာကွယ်နေရတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ပင်လယ်မှာ ဖြစ်ပေါ်လာတဲ့ အလွန်အားကောင်းတဲ့ စူပါတိုင်ဖုန်း RAGASA ဟာ လာမယ့် စက်တင်ဘာ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့ခြမ်းရှိ၊ လာအိုနိုင်ငံအထက်ပိုင်းကို ကုန်းတွင်းပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဝင်ရောက်နိုင်တယ်လို့ NUG လူသားစာနာနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

အဲဒီ စူပါတိုင်ဖွန်းရဲ့ ကြွင်းကျန်မုန်တိုင်းဆဲလ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာတွေမှာ မိုးသက်လေပြင်းကျရောက်ခြင်းနဲ့ မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

အထူးသဖြင့် မိုး ၃-၄ ရက်ဆက်တိုက်ရွာသွန်းတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ မြေပြိုခြင်းအန္တရာယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းတို့ရှိ မြို့ပြဒေသများမှာ ရုတ်တရက် ရေကြီးရေလျှံခြင်းအန္တရာယ်တို့ကို အထူးသတိပြုဖို့ ဆက်လက် သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အာဏာလု စစ်အုပ်စုလက်ထက် တရားဥပဒေစိုးမိုးမှုကင်းမဲ့သွားချိန် အဆိုးရွားဆုံး ဖြစ်ပွားလာတဲ့ ဖြစ်စဥ်တွေထဲမှာ သူခိုးသောင်းကျန်းတာတွေလည်း ထိပ်ဆုံးက ပါပါတယ်။ ​စစ်အုပ်စုဟာ သူခိုးတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း၊ ဖမ်းဆီးခြင်း မရှိဘဲ ခေတ်ဆိုးခေတ်ပျက်ကြီးထဲ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေကိုတော့ အမျိုးစုံ ဒုက္ခပေးနေတာပါ။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့က ဘူတာအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး လက်နက်သုံးလက်ရရှိတယ်လို့ Pakokku Special Task Forceက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ပါဝင်ဆောင်ရွက်နေသူများအား အပြင်းထန်ဆုံးအရေးယူမည်ဟု မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ကိုဒီမိုက သတိပေးပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့လေယာဉ်ကွင်းအနောက်ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ(၂၅၄)တပ်ရင်းက အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးတယ်လို့ Southern Ye sagyo PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။