close
Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူဘူတာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ၊ ရဲလေးဦး သေဆုံး

မကွေးတိုင်း၊ပခုက္ကူမြို့က ဘူတာအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး လက်နက်သုံးလက်ရရှိတယ်လို့ Pakokku Special Task Forceက ထုတ်ပြန်ပါတယ်။

Pakokku Special Task Forceတပ်က ရဲဘော်တွေနဲ့ သိမ်းရတဲ့ လက်နက်တွေ ။ ဓာတ်ပုံ - Pakokku Special Task Force

စက်တင်ဘာ-၂၂၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့က ဘူတာအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး လက်နက်သုံးလက်ရရှိတယ်လို့ Pakokku Special Task Forceက ထုတ်ပြန်ပါတယ်။

ဒီကနေ့( စက်တင်ဘာ၂၂ရက်)မနက် ၁နာရီ ၄၀ မိနစ် ဝန်းကျင်မှာ ​ပခုက္ကူမြို့ ဘူတာအနီး ကွန်ကရစ်ဇလီ​ဗာတုံးစက်ရုံတွင်းက စစ်ကောင်စီတပ်ဖွဲ့ကို ပခုက္ကူမြို့နယ် တပ်ရင်း (၁)ပကဖ ရဲဘော်ဒီး ဦးဆောင်တဲ့ ရဲဘော်ခုနစ်ဦးက လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Pakokku Special Task Forceတပ်က ရဲဘော်တွေနဲ့ သိမ်းရတဲ့ လက်နက်တွေ ။ ဓာတ်ပုံ – Pakokku Special Task Force

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီက ဦးစီးပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသမှုအနေနဲ့ မြို့တွင်းမစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့တာလို့ Pakokku Special Task Force တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ ရဲလေးဦးသေပြီး G3တလက်၊7.62mm ကျည်သုံးကာဘိုင် တလက်၊AK တလက်နဲ့ ကျည်၅၀ ဝန်းကျင်သိမ်း ရခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပြီး ပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီစိတ်တိုင်းကျ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာမလုပ်ဖို့ Pakokku Special Task Force ကအထူးမေတ္တာရပ်ခံထားပါတယ်။

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ်(၁၀၁) ခြေမြန် တပ်မဌာနချုပ်အ​ခြေစိုက်ထားပြီး မြို့တွင်း ကင်းစခန်းနဲ့ မြို့နယ်ထဲက ပျူစောထီးရွာတွေမှာ စစ်ကောင်စီတပ်သား အင်အား သုံးရာဝန်းကျင်နဲ့ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်မ(၁၀၁)ဌာနချုပ်မှာ စက်တပ်လေထီး တွေအသုံးပြုနိုင်အောင် စစ်ကောင်စီက ကြိုးပမ်းထားပြီး မကြာသေးမီလပိုင်းတွေကစလို့ ပခုက္ကူ၊ပေါက် နဲ့ မြိုင်မြို့နယ်တွေကို စက်တပ် လေထီးတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဆေးရုံတက်သူတွေကို ထမင်းဝေနေတဲ့ ပရဟိတအသင်းအခန်း ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံလိုက်ရပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းလှမြို့နယ်နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်ဖွဲ့ဝင်များကို ယခင်ကထက် ပိုထုတ်သုံး၍ စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို တရက်တည်း နှစ်ကြိမ်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း Generation Z Army - GZA တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်​ကောင်စီတပ်က မကွေးတိုင်း၊ငဖဲမြို့နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေအချို့ကို ပြန်လည်ရယူရန်ထိုးစစ်ဆင်ရာစက်တင်ဘာ ၇ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦးကျော် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်နှင့်လက်နက်ခဲယမ်းများ သိမ်းရကြောင်း အာရက္ခတပ်တော်(AA)က ယ​နေ့သတင်းထုတ်ပြန်သည်။

Facebook