close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ လူငယ်တစ်ဦး ဝိုင်ဖိုင်ကြိုးဆင်စဉ် ဓာတ်လိုက်သေဆုံး

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်‌တဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

သေဆုံးတဲ့လူငယ် ဝိုင်ဖိုင်ကြိုးတပ်ဆင်တဲ့နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ − Ko Lwin Mg/Fb

စက်တင်ဘာ-၂၄၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်‌တဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

“ Wifiကြိုးများတပ်ဆင်နေချိန် ဓာတ်လိုက်နေကြောင်း ကျနော့်ထံဆက်သွယ်လာသောကြောင့် အရေးပေါ်လူနာတင်ယာဥ်ဖြင့်..ရောက်ရှိခဲ့သော်လဲ ဓာတ်လိုက်လူနာမှာ သေဆုံးသွားပါတယ်” လို့ ပရဟိတအဖွဲ့ တာဝန်ရှိသူက ဖြစ်စဉ်အကြောင်းအရာနဲ့ အတူ ရေးသားထားပါတယ်။

ဒီဖြစ်စဉ်က စက်တင်ဘာ ၂၃ ရက် နံနက် ၉နာရီခန့်မှာဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူကို လူမှုကူညီ‌ရေးအသင်း (ရန်ကုန်)က မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူက (၁၈)နှစ်လို့ လူမှူကူညီရေးအဖွဲ့က ထုတ်ပြန်ထားသော်လည်း သေဆုံးသူနဲ့ ရင်းနှီးသူတဦးကတော့ သေဆုံးသူက (၁၆)နှစ်လောက်ပဲရှိသေးတယ်လို့ မှတ်ချက်ရေးသားထားပါတယ်။

သေဆုံးသူဟာ ဓာတ်တိုင်ကို လှေခါးထောင်ပြီး ဝိုင်ဖိုင် ကြိုးတပ်ဆင်စဉ် လျှပ်စစ်မီးပြန်လာချိန်နဲ့တိုးတာကြောင့် ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဝိုင်ဖိုင်ကြိုးတွေကို ဓာတ်တိုင်တွေမှာပဲ သွယ်တန်းတပ်ဆင်တာကြောင့် ဒီလိုဖြစ်စဉ်တွေ ကြုံရတာဖြစ်ပြီး တယ်လီကွန်းကုမ္ပဏီတွေ အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင် လုံခြုံရေးအတွက် သီးသန့်လုပ်ဆောင်ပေးတာတွေ မရှိဘူးလို့ ပြည်သူတွေက ထောက်ပြဝေဖန်ထားကြပါတယ်။

ဒီအလုပ်လုပ်သူတွေအနေနဲ့ မိုးတွင်းကာလမှာ သတိထားလုပ်ဆောင်ဖို့လည်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက အကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အာဏာလု စစ်အုပ်စုလက်ထက် တရားဥပဒေစိုးမိုးမှုကင်းမဲ့သွားချိန် အဆိုးရွားဆုံး ဖြစ်ပွားလာတဲ့ ဖြစ်စဥ်တွေထဲမှာ သူခိုးသောင်းကျန်းတာတွေလည်း ထိပ်ဆုံးက ပါပါတယ်။ ​စစ်အုပ်စုဟာ သူခိုးတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း၊ ဖမ်းဆီးခြင်း မရှိဘဲ ခေတ်ဆိုးခေတ်ပျက်ကြီးထဲ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေကိုတော့ အမျိုးစုံ ဒုက္ခပေးနေတာပါ။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးစကား ဟန်ပြပြောနေပြီး နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ၌ ယခုနှစ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူ ၁၅၀ ဦး ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ဟု KNU ဗဟိုက ယနေ့ စက်တင်ဘာ ၂၁ရက်တွင် ထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့၌ စစ်ကောင်စီလုံခြုံရေးတင်းကြပ် ထားသည့် မြို့တော်ခန်းမကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force ( FLA )က ထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။