close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စူပါတိုင်ဖွန်းကြောင့် ထိုင်ဝမ်မှာ ၁၄ ဦးသေပြီး ၁၀၀ ကျော်ပျောက်ဆုံး

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ရာဂါဆာကြောင့် ထိုင်ဝမ်မှာ သေဆုံးသူ ဒါဇင်နဲ့ချီ ရှိခဲ့ပြီး ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - AFP

စူပါတိုင်ဖွန်း မုန်တိုင်းကြီး ရာဂါဆာကြောင့် ထိုင်ဝမ်မှာ သေဆုံးသူ ဒါဇင်နဲ့ချီ ရှိခဲ့ပြီး ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းကြီးဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းက လူနေကျဲပါးရာ ကျွန်းတွေကို ဖြတ်ပြီးတဲ့နောက် ထိုင်ဝမ်ကျွန်း တောင်ပိုင်းကနေ အနောက်ဖက်ကို ဦးတည် ရွေ့လျားသွားခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ရာဂါဆာဟာ ဟောင်ကောင် တောင်ပိုင်း ကမ်းလွန် ပင်လယ်ပြင်ကို ဖြတ်ကျော်သွားပြီး တရုတ်ကမ်းရိုးတန်းဆီ ဦးတည်နေပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ကတော့ ထိုင်ဝမ်မှာ မုန်တိုင်းကြောင့် ဖြစ်ပေါ်တဲ့ ထိခိုက်သေဆုံးမှု စာရင်းတွေကို ထုတ်ပြန်ခဲ့ရာမှာ ၁၄ ဦးသေပြီး ၁၂၄ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အကြောင်းရင်းကတော့ မုန်တိုင်းကြောင့် သည်းသည်းထန်ထန် ရွာသွန်းတဲ့ မိုးတွေကြောင့် ထိုင်ဝမ် အရှေ့ပိုင်း ဟွာလီယန် ဒေသထဲက တောင်ပေါ်ဧရိယာမှာ ရှိနေတဲ့ ရေကန်တစ်ခု ကျိုးပေါက်ပြီး မြို့ငယ်တစ်ခုကို ရေဖုံးသွားခဲ့တာကြောင့် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ဟာ ရာဂါဆာရဲ့ အရှိန်ကို စက်တင်ဘာ ၂၂ ရက်မှာ စတင်ခံစားခဲ့ရပြီး ၂၃ ရက်နေ့မှာတော့ အပြင်းထန်ဆုံး အဆင့်မျိုး ကြုံတွေ့လာခဲ့တာပါ။ အခင်းဖြစ်ပွားရာ ရေကန်ဟာ အရင်က မြေပြိုမှု တစ်ခုကနေ သဘာဝအလျောက် ပေါ်လာတဲ့ ချိုင့်ခွက်ကြီးထဲမှာ ဖြစ်ပေါ်နေခဲ့တာပါ။ အဲဒီနောက် ရာဂါဆာ တိုက်ခတ်ချိန်မှာ ကန်ဘောင်ကျိုးပြီး ဂွမ်ဖူမြို့ထဲကို ရေတွေ အလုံးအရင်းနဲ့ စီးဝင်သွားခဲ့တာလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် ထိုင်ဝမ်မှာ ကြုံခဲ့တဲ့ အသေအပျောက် အားလုံးဟာ ဂွမ်ဖူမြို့ထဲမှာ ဖြစ်တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ မီးသတ်ဌာနက ပြောပါတယ်။ မြို့နားက ဒါမာရွာဟာလည်း ရေဖုံးသွားပြီး လူ ၁၀၀၀ လောက် ရေဘေးသင့်နေတယ်လို့ ရွာလူကြီး တစ်ဦးက အတည်ပြုခဲ့ပါတယ်။

ဂွမ်ဖူမြို့ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ လူပေါင်း ၅၂၀၀ လောက်ဟာ လောလောဆယ်မှာတော့ အထပ်အမြင့်တွေဆီ တက်ပြီး ရေဘေးရှောင် ခိုလှုံနေရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မနက်အစောပိုင်းထိ မြို့ထဲမှာ ရေမကျသေးတဲ့ နေရာတွေ ရှိနေဆဲလို့ မျက်မြင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးတွေကတော့ ပျောက်ဆုံးနေသူ ၁၀၀ ကျော်ကို အမြန်ဆုံး ပြန်တွေ့ဖို့ အပူတပြင်း လိုက်ရှာနေပါတယ်။

တောင်ပေါ်ဧရိယာမှာ သဘာဝ ရေတားကန်လို ဖြစ်နေခဲ့တဲ့ အဲဒီရေကန်ဟာ မကျိုးပေါက်ခင်မှာ ရေပမာဏ တန်ချိန် ၉၁ သန်းလောက်ထိ သိုလှောင်ထားခဲ့ဟန် ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။ အဲဒီထဲက ရေတန်ချိန် သန်း ၆၀ လောက်ဟာ တောင်အောက်ဖက်မှာရှိတဲ့ ဂွမ်ဖူမြို့ဖက်ကို အရှိန်နဲ့ လိမ့်ဆင်းခဲ့တာပါ။

တိုင်ဖွန်းမုန်တိုင်း ရာဂါဆာကြောင့် ထိုင်ဝမ်အရှေ့ပိုင်း ဒေသတွေမှာ မိုးရေချိန် ၇၀၀ မီလီမီတာလောက်ထိ ရွာသွန်းခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း တိုင်ဖွန်း မိုရာကော့ တိုက်ခတ်မှုကြောင့် ထိုင်ဝမ် တောင်ပိုင်းဒေသတွေမှာ လူပေါင်း ၇၀၀ လောက် သေဆုံးခဲ့ပြီး အပျက်အစီး တန်ဖိုးကလည်း ဒေါ်လာ ၃ ဘီလီယံလောက်ထိ များပြားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စူပါ တိုင်ဖွန်းမုန်တိုင်းကြီး ချဉ်းကပ်လာမှုကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း သောင်းဂဏန်းလောက် အရေးပေါ် ကြိုတင် ပြောင်းရွှေ့ထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်မယ့် ပထမဆုံး ပြည်တွင်းဖြစ် ဒုံးကျည်ကို ထိုင်ဝမ်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ သမ္မတ သက်တမ်းမှာတော့ တရုတ်ဟာ ထိုင်ဝမ်ကို ကျူးကျော်လိမ့်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ပိုဒူလ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။