close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မီးပျက်တာများလို့ ရွေ့လျားမီးပွိုင့် အသုံးပြု၊ လမ်းလယ်ချထားတဲ့ မီးပွိုင့်ကြီး ခိုးယူခံရမယ်လို့ မြို့ခံတွေလှောင်ပြောင်

မန္တလေးမြို့မှာ မီးပျက်လွန်းတာကြောင့် အဓိက မီးပွိုင့်တွေပါပျက်လို့ ရွေ့လျားမီးပွိုင့်အသုံးပြု နေရပြီး လမ်းမအလယ်ချထားတဲ့ မီးပွိုင့်စက်ကြီးအခိုးခံရမှာလို့ မြို့ခံတွေက လှောင်ပြောင်နေကြပါတယ်။

မန္တလေးမြို့တနေရာမှာတွေ့ရတဲ့ လမ်းမအလယ်ချထားတဲ့ ရွေ့လျားမီးပွိုင့်။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၂၄၊၂၀၂၅၊မေ/People’s Spring

မန္တလေးမြို့မှာ မီးပျက်လွန်းတာကြောင့် အဓိက မီးပွိုင့်တွေပါပျက်လို့ ရွေ့လျားမီးပွိုင့်အသုံးပြု နေရပြီး လမ်းမအလယ်ချထားတဲ့ မီးပွိုင့်စက်ကြီးအခိုးခံရမှာလို့ မြို့ခံတွေက လှောင်ပြောင်နေကြပါတယ်။

ယာဉ်ကြောပိတ်ဆို့်မှုကြောင့် ရွေ့လျားမီးပွိုင့်စနစ်ကို စတင်အသုံးပြုတယ်ဆိုပြီး ယခုတပတ်အတွင်း မန္တလေးစည်ပင်ရဲ့ ညွှန်ကြားချက်နဲ့ ဒီစနစ်ကို စတင်အသုံးပြုခဲ့တာလို့ သိရပါတယ်။

ဒါပေမယ့် ဒီနေ့မှာပဲ မန္တလေးရဲ့ အဓိကမိန်းလမ်းမ တခုဖြစ်တဲ့ ၂၆လမ်း(ကျုံးတောင်ဘက်လမ်း)၊၇၃ မီးပွိုင့်မှာ မီးပျက်ပြီး မီးပွိုင့်မလာတာကြောင့် ရွေ့လျားမီးပွိုင့်စနစ်ကို သုံးနေရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ရယ်ချင်စရာကြီး။အဲတာကြီးကို လမ်းအလည် ခေါင်ကြီးမှာချထားတာ။လူတွေကကြည့် နေကျ အပေါ်မီးပွိုင့်ကို ကြည့်နေကြတာ။အပေါ်မီးပွိုင့်က မလာတာ့ ဖြတ်ချင်သလို ဖြတ်သွားကြတာ။မီးပွိုင့်ကြီးပဲ လူခိုးသွားအုံးမယ်။မော် တော်ပီကယ်ကလည်း ကြောင်တောင်တောင်နဲ့ကြည့်နေတယ်” လို့ မြို့ခံတဦး ကပြောပါတယ်။

လုယက်မှုနဲ့ ခိုးယူမှု များပြားကာ တရားဥပဒေစိုးမိုးမှုနည်းပါးတာတွေကြောင့် ဒီမီးပွိုင့်ကိုလည်း လူခိုးစရာတခုလို မြို့ခံတွေက လှောင်ပြောင်နေကြတာပါ။

မန္တလေးမြို့မှာ ၂၀၂၁စစ်တပါအာ‌‌ဏာသိမ်းပြီး နောက်ပိုင်း မီးပေးနိုင်မှု ရာခိုင်နှုန်းက ၅၀ရာခိုင်နှုန်းအောက်မှာပဲ ရှိပြီး မီးပွိုင့်အများစုလည်း ပျက်နေကာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မီးကြိုး​တွေဖြတ်ခိုးယူခံ​နေရတာ​ကြောင့် ပြည်သူ​တွေကထရန်စ​ဖော်မာ​တွေကိုအကာအရံ​တွေလုပ်

သတင်း

မန္တလေးမြို့လယ်ကတံခါးနှစ်ထပ်ခတ်ထားတဲ့ မိုဘိုင်းဖုန်းဆိုင်တခုဖောက်ထွင်းခံရပြီးဆိုင်ကယ် ၂ စီးအပါအဝင် ဖုန်းအပိုပစ္စည်းများ ဆုံးရှုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာစျေး ရောင်းချတဲ့ လမ်းဘေးစျေးသည်တွေကို စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့လက်အောက်ခံစည်ပင်ဌာနကဆိုင်အမျိုးအစားပေါ်မူတည်ပြီး လစဉ်ကြေးအနေနဲ့ကျပ်တစ်သိန်းစတင်ကာ ကောက်ခံနေတယ်လို့ စျေးသည်တွေဆီကသိရပါတယ်။

သတင်း

နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကိုလုပ်ဆောင်နေတဲ့စစ်ကောင်စီလေတပ်ကပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးတိုင်းကို အများဆုံးပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရသိရပါတယ်။