close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် ဆေးရုံတစ်ခုရှေ့ လမ်းမှာ ရုတ်တရက် ကျင်းချိုင့်ကြီးဖြစ်ပေါ်၊ လူနာတွေကို အရေးပေါ်ရွှေ့ပြောင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ ဆေးရုံတစ်ခုရှေ့က လမ်းမှာ ရုတ်တရက် ဆိုးဆိုးရွားရွား မြေကျွံပြိုကျမှုကြီး ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - The Nation

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ ဆေးရုံတစ်ခုရှေ့က လမ်းမှာ ရုတ်တရက် ဆိုးဆိုးရွားရွား မြေကျွံပြိုကျမှုကြီး ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ဗီဂျီရာ ဆေးရုံရှေ့က လမ်းမပေါ်မှာ ဧရာမ ကျင်းချိုင့်ကြီးအဖြစ် ကျွံကျသွားပြီး ဓာတ်တိုင်တွေပါ ချိုင့်ကြီးထဲကို ကျကုန်ပါတယ်။ စတုရန်းဆန်ဆန် ကျင်းချိုင့်ကြီးဟာ အလျားနဲ့ အနံ မီတာ ၃၀ စီလောက် ရှည်လျားသလို မီတာ ၅၀ လောက် နက်ရှိုင်းပြီး ကားတစ်စီးလည်း ပြုတ်ကျသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ကျင်းချိုင့်ကြီးရဲ့ ဘောင်နှုတ်ခမ်းတွေက ဆက်ပြီး ပဲ့ကျနေတဲ့နောက် ဗီဂျီရာ ဆေးရုံမှာရှိတဲ့ လူနာတွေကို အရေးပေါ် ရွှေ့ပြောင်းပေးထားရပါတယ်။ ကနဦး စုံစမ်း သိရှိမှုတွေအရ အခုလို သည်းထိတ်ရင်ဖို ကိစ္စကြီး ကြုံခဲ့တဲ့တိုင် လူထိခိုက် သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ လမ်းပခုံးသားတွေ ဆက်ပြီး ပဲ့ကျနေရာကနေ ဓာတ်တိုင်တွေ ရှော့ရိုက်ပြီး ပေါက်ကွဲမှုတချို့ ဖြစ်ပေါ်နေတာကိုပါ မြင်ခဲ့ရပါတယ်။

အာဏာပိုင်တွေက ဆေးရုံရဲ့ လူနာတွေကိုသာ မကဘဲ အနီးတဝိုက် နေအိမ်တွေက ဒေသခံတွေကိုပါ ကူညီ ရွှေ့ပြောင်းပေးနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘန်ကောက်မြို့ထဲမှာ အခုလိုမျိုး ကြီးမားလှတဲ့ မြေကျွံချိုင့်ခွက်ကြီး ဘာကြောင့် ဖြစ်လာသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒေသခံတွေကတော့ အဲဒီ ကျင်းချိုင့်ကြီးဟာ လက်ရှိထက် ပိုမို ကျယ်ပြန့်လာမှာကို စိုးရိမ် စိတ်ပူနေကြပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားဖက်က ရန်စတာတွေ မရပ်သေးသ၍ နှစ်နိုင်ငံ နယ်စပ်ကို ဆက်ပြီး ပိတ်ထားဦးမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ် မောတောင် နယ်စပ်လမ်းရှိ သိန်ခွန်းရွာ စစ်မြေပြင်သို့ ပို့ဆောင်ခံရသည့် အာဏာသိမ်း စစ်တပ်မှ တပ်သားသစ် ၂ဦး အလင်းဝင်လှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

တရုတ်ဆီက တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး ဝယ်ယူမယ့် သဘောတူ စာချုပ်ကို ထိုင်းတော်ဝင်ရေတပ်က တရားဝင် လက်မှတ်ရေးထိုးခဲ့ပတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းဟာ ပိုင်နက် အငြင်းပွားရာ နယ်စပ်မှာ ဒေသခံတွေကို နိုင်ထက်စီးနင်း နှင်ထုတ်နေတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စွပ်စွဲခဲ့ပါတယ်။