close
Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းတွင် ဓားထိုးမှုဖြစ် ၁​ဦး​သေဆုံး

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ဓါးထိုးမှုဖြစ်ခဲ့​သောလမ်းနှင့် ဓါးဖြင့်ထိုးသူကို​ရော၊ဓါးထိုးခံရပြီးလမ်းလယ်၌ လဲကျ​နေသူနှင့် ဝိုင်းဝန်းဖြန်​ဖြေ​နေသူအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab

ဩဂုတ်-၃၀၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဖဲဝိုင်းမှာစိတ်မထိန်းနိုင်ပဲထဖြစ်ကြတာပါ။ခါတိုင်းလည်းအသုဘတွေမှာဖဲလိုက်ရိုက်နေသူတွေပါ”ဟုဒေသခံတစ်ဦးကပြောသည်။

ဩဂုတ် ၂၉ ရက်ည ၁၁ နာရီခန့်တွင် စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက် ဦးညိုလမ်းသွယ် ၃ ရှိ နာရေးအိမ်တွင် အဆိုပါဖြစ်စဉ်ဖြစ်ခဲ့ပြီး ဓားထိုးခံရသူသေဆုံးသွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်စဉ်ဗီဒီယိုဖိုင်၌ ဓားဖြင့်ထိုးသူသည် ရပ်ကွက်အတွင်း စိန်ခေါ်နေသောကြောင့် အမျိုးသမီးများက ဆွဲနေရသည်ကိုတွေ့မြင်ရပြီးဓားထိုးခံရသူကို လမ်း​ပေါ်တွင်သွေးအိုင်ထဲတွင်လဲနေသည်ကိုတွေ့ရသည်။

“ဒီမနက်ပဲဖမ်းသွားပါပြီ ။ဓားကိုလည်းလက်ဖက်ရည်‌ဆိုင်ဘေးလမ်း မြောင်းမှာ တွေ့ပါပြီ” ဟုဓားဖြင့်ထိုးသူကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်းဒေသခံတစ်ဦးက​ပြောသည်။

သေဆုံးသူသည် အသက် ၄၀ ခန့်အရွယ်ဖြစ်ပြီး ဆိုက်ကားနင်းသူဖြစ်ကြောင်းသိရသည်။သေဆုံးသူ၏ ရုပ်အလောင်းကို စမ်းချောင်းမြို့နယ် အရန်မီးသတ်စခန်းမှ ထိန်ပင်သုဿန်၌ဩဂုတ်၃၀ ရက်နံနက်တွင် ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

စမ်းချောင်းမြို့နယ်၌ဩဂုတ်၉ရက်ကလည်း ကားပါရင်နေရာလုရာမှဓားထိုးမှုတစ်ခုဖြစ်ခဲ့သေးသည်။ထိုအပြင်ဩဂုတ် ၅ ရက်ညနေကလည်းမြန်မာပလာဇာကားပါကင်၌အမျိုးသမီးတစ်ဦးကို လူနှစ်ဦးကဓားဖြင့်ထိုးသောကြောင့်သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့ကမ်းရိုးတန်းအနီး ငလျင်လှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်နေပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့အနီးကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၄ အဆင့်မြေငလျင်လှုပ်သည့်ကို ရန်ကုန်တွင်လည်း ခံစားလိုက်ရသည်။

သတင်း

ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၀ အဆင့်မြေငလျင် လှုပ်ရှားသွားပြီးရန်ကုန်တွင်လည်းခံစားလိုက်ရသည်။

သတင်း

သေဆုံးသူမှာ ကျားဖြန့်သံသယဖြင့်တရုတ်ကဝရမ်းထုတ်ထား​သော ဝတပ်ဖွဲ့အရာရှိ​ဟောင်း အိုက်​ဟော့​၏ ညီဟုသတင်းထွက်​ပေါ်

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။