close
Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တိုက်ပွဲ စစ်အုပ်စု အထိအခိုက်များလို့ နောက်ပြန်ဆုတ်သွား၊ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များနဲ့ နောက်ကြောင်းပြန်ပြေးကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်များ။ ဓါတ်ပုံ-ခင်ဦးပကဖ

စက်တင်ဘာ-၁၉၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုအထိအခိုက်များနဲ့ နောက်ကြောင်းပြန်ပြေးကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက် မနေ့က ရွှေဘိုလေ့ကျင့်ရေး(၈)မှ စစ်ကောင်စီတပ်နဲ့ ဘုတ်ကုန်းရွာ ပျူစခန်းကနေ ခင်ဦးမြို့နယ် မကျီးတုံပျူရွာကို ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ​ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတချို့ကို တွေ့ရစဥ်။ ဓါတ်ပုံ-ခင်ဦးပကဖ

“ ၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်ကနေ ညပိုင်း ကိုးနာရီခွဲလောက်အထိ ဖြစ်တာ။ ရန်သူ့ဘက်မှ ထိခိုက်မှုများပြားတယ်။ အရေတွက် အတိကျ မသိနိုင်ဘူး။ သေဆုံးမှုရှိတယ်။ ရွှေဘို – ဘုတ်ကုန်း ပျူခြံထဲ မီးရှို့ သင်္ဂြိုဟ်နေတယ်။” လို့ ခင်ဦးပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ စစ်အုပ်စု ထိခိုက်မှုနဲ့ သေဆုံးမှုတွေရှိပြီး ဘုတ်ကုန်းပျူစခန်းနဲ့ လေ့ကျင့်ရေး (၈) ထဲကို ညတွင်းချင်း တပ်ပြန်ဆုတ်သွားကြောင်း ခင်ဦးပကဖအဖွဲ့က အသိပေးပါတယ်။

နယ်မြေရှင်းချိန်မှာ စစ်ကောင်စီတပ်ရဲ့ MA4 သေနတ် (၁)လက်၊ MA5 ပစ္စတို (၁)လက်နဲ့ RPG အဖူး၊ အီနာဂါ၊ 40mm ကျည်၊ ကျည်ဘောက်၊ အင်ကွပ်၊ ကျည်ကာပြား၊ ဦးထုပ်၊ ခဲယမ်း၊ အသုံးအဆောင်၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးပကဖက ထပ်မံအသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်(၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် ပကဖများ၊ မြို့နယ် ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်နဲ့ နယ်ချင်းဆက်နေတဲ့ ကန့်ဘလူမြို့နယ်မှာလည်း စက်တင်ဘာ ၁၇ ရက်က ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၆ဦးသေဆုံးပြီး သုံ့ပန်းတွေလည်း ဖမ်းမိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို တပ်သားနဲ့ ရိက္ခာအများအပြားဖြည့်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ တနန်းဥကွိုင်ကက်သလစ်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကြောင့်ပြည်သူတဦးသေဆုံးပြီးနောက်တရက် ယနေ့( စက်တင်ဘာ၁၈ရက်) နံနက်ပိုင်းကလည်း စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။