close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေကစစ်ကောင်စီရွေးကောက်ပွဲကို စုပေါင်းရှုတ်ချ

အာဏာသိမ်းစစ်ကောင်စီက စိတ်ကိုင်းကျစီစဥ်ပြီးကျင်းပဖို့လုပ်​နေတဲ့ကောက်ပွဲကို နိုင်ငံတကာအလုပ်သမားသမဂ္ဂ​တွေနဲ့ဂျာနယ်လစ်​တွေကစုပေါင်းပြီး ရှုတ်ချလိုက်ကြပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ဓါတ်ပုံ-AFP

စက်တင်ဘာ-၁၅၊၂၀၂၅။People’s Spring

အာဏာသိမ်းစစ်ကောင်စီက စိတ်ကိုင်းကျစီစဥ်ပြီးကျင်းပဖို့လုပ်​နေတဲ့ကောက်ပွဲကို နိုင်ငံတကာအလုပ်သမားသမဂ္ဂ​တွေနဲ့ဂျာနယ်လစ်​တွေကစုပေါင်းပြီး ရှုတ်ချလိုက်ကြပါတယ်။

နိုင်ငံတကာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ထားတဲ့ စက်တင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံတကာက အလုပ်သမား​တွေ ၊မီဒီယာသမားတွေအပါအဝင်စုစုပေါင်းနိုင်ငံတကာလုပ်သားအင်အားသန်း ၂၀၀ လောက်ကိုကိုယ်စားပြုတဲ့သမဂ္ဂတွေကစစ်ကောင်စီအလိုကျရွေးကောက်ပွဲဟာတရားမဝင်သလို အတုအပသာဖြစ်တယ်လို့ ဝေဖန်ထားခဲ့ပါတယ်။

ရွေးကောက်ပွဲရဲ့ရည်ရွယ်ချက်အစစ်အမှန်ကိုက အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ချိန် ကတည်းက ဂျာနယ်လစ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်သား ပြည်သူတွေ အများအပြားကို ဖိနှိပ် ဖမ်းဆီးခဲ့သလို စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူတွေ ထောင်နဲ့ချီ သေဆုံးပြီး သန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အကြောင်းကိုလည်း သမဂ္ဂကတွေက ထောက်ပြထားခဲ့ပါတယ်။

ဒီအခြေအနေတွေကို ကြည့်ရုံနဲ့တင်စစ်ကောင်စီက ကြီးမှူးပြီးတရားမျှတတဲ့ရွေးကောက်ပွဲမျိုး ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း သမဂ္ဂတွေက ဆိုပါတယ်။

စစ်ကောင်စီဟာအာဏာသိမ်းခဲ့ပြီး ၄ နှစ်​ခွဲရှိလာချိန်မှာအမည်ပြောင်းလဲလိုက်တာကလည်း ကျူးလွန်ခဲ့သမျှကိစ္စတွေကိုနိုင်ငံတကာအမြင်မှာတာဝန်ခံမှုကနေ ရှောင်လွှဲဖို့လှည့်စားတဲ့လုပ်ရပ်သာ ဖြစ်တယ်လို့လည်းသမဂ္ဂအသီးသီးကဆိုပါတယ်။

ကြေညာချက်မှာ နိုင်ငံတကာအစိုးရတွေ အနေနဲ့ ရွေးကောက်ပွဲကို ငြင်းပယ်ဖို့၊ စစ်ကောင်စီပေါ် အရေးယူ ပိတ်ဆို့မှုတွေဆက်လက်ကျင့်သုံးဖို့ တောင်းဆိုထားပါတယ်။ ပြီးတော့သမဂ္ဂအားလုံးဟာ မြန်မာနိုင်ငံကအလုပ်သမားတွေ၊ဂျာနယ်လစ်တွေနဲ့အတူ ရပ်တည်ပြီး စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့လည်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ရှုတ်ချကြောင်း ကြေညာခဲ့တဲ့ သမဂ္ဂတွေ စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

•Building and Wood Workers International (BWI) Asia-Pacific

•Education International(EI) Asia-Pacific

•IndustriALL

•International Domestic Workers Federation (IDWF)

•International Federation of Journalists (IFJ)

•International Trade Union Confederation (ITUC) Asia-Pacific

•International Transport Workers’ Federation (ITF)

•International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF)

Asia-Pacific Regional Office

•Public Services International (PSI) Asia-Pacific

•UNI Global Union Asia and Pacific

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ ကရင်နီပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့" စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းတပ်ဖွဲ့ ရုံးတို့ကို လက်ပစ်ဗုံး နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သတင်း

စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းမှာ မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအားပေးကူညီနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

သတင်း

စက်တင်ဘာ-၁၅၊၂၀၂၅။ဟန်နွေ/People’s Springနိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ​ရွေးကောက်ခံအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးထားသည့် အာဏာသိမ်းစစ်တပ်က လုပ်နေသည့် ဖမ်းဆီးမှု၊ တရားရုံးစစ်ဆေးမှုများအားလုံးသည် တရားဝင်မှုမရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောကြားသည်။

Facebook