close
Connect with us

Hi, what are you looking for?

သတင်း

နျူလက်နက်တွေကို ဆော်ဒီဆီ မျှဝေသုံးခွင့်ပေးမယ်လို့ ပါကစ္စတန်ဆို၊ အစ္စရေးအတွက် အချက်ပေးသံ ဖြစ်လာနိုင်

ကာကွယ်ရေး မဟာမိတ် စာချုပ်သစ်အရ နိုင်ငံရဲ့ နျူကလီးယား လက်နက် နည်းပညာကို ဆော်ဒီအာရေးဘီးယားအတွက် ဝေမျှ သုံးစွဲပေးတာမျိုး ရှိလာနိုင်တယ်လို့ ပါကစ္စတန်ဖက်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ကာကွယ်ရေး မဟာမိတ် စာချုပ်သစ်အရ နိုင်ငံရဲ့ နျူကလီးယား လက်နက် နည်းပညာကို ဆော်ဒီအာရေးဘီးယားအတွက် ဝေမျှ သုံးစွဲပေးတာမျိုး ရှိလာနိုင်တယ်လို့ ပါကစ္စတန်ဖက်က ပြောကြားခဲ့ပါတယ်။

စစ်ရေးဆိုင်ရာ ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ကာလရှည်ကြာ ထူထောင်ထားခဲ့တဲ့ နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မဟာဗျူဟာမြောက် ကာကွယ်ရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အဲဒီစာချုပ်ရဲ့ အနှစ်ချုပ်က တစ်နိုင်ငံက ကျူးကျော် တိုက်ခိုက် ခံရရင် တခြားတစ်နိုင်ငံကလည်း ကူညီကာကွယ်ပေးမယ်ဆိုတဲ့ ကတိမျိုး ထားရှိခြင်းပါ။

နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်ခုဖြစ်တဲ့ ပါကစ္စတန်က နိုင်ငံပိုင် အဲဒီ လက်နက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုပါ စာချုပ်ထဲမှာ ထည့်သွင်း ချုပ်ဆိုထားတယ်လို့ ပထမဆုံးအကြိမ် အတည်ပြုလာခဲ့တာလည်း ဖြစ်ပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး ခါဝါဂျာ မိုဟာမက် အဆစ်ဖ်က လိုအပ်လာတဲ့ အခြေအနေ တစ်ခုခုကျရင် ပါကစ္စတန်ရဲ့ နျူကလီးယား လက်နက်တိုက်ဟာ ဆော်ဒီအတွက်လည်း မျှဝေစရာ ဖြစ်လိမ့်မယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ရုပ်မြင်သံကြား အင်တာဗျူး တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP

စာချုပ်အရ ဆော်ဒီအနေနဲ့ အရေးကြုံလာရင် ပါကစ္စတန်ရဲ့ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကိုရော အသုံးပြုခွင့် ရမလားဆိုတဲ့ မေးခွန်းကို အဆစ်ဖ်က အခုလို ပြန်ဖြေခဲ့တာပါ။ ပါကစ္စတန်ရဲ့ နျူကလီးယား စွမ်းရည်နဲ့ ပတ်သက်ရင် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားလိုကြောင်း၊ ပါကစ္စတန်ဟာ အောင်မြင်တဲ့ စမ်းသပ်မှုတွေအပြီး အဲဒီစွမ်းရည်ကို နှစ်တွေအများကြီး ကြာမြင့်ချိန် ကတည်းက ပိုင်ဆိုင်ထားခဲ့ကြောင်း၊ နောက်ပိုင်း တလျှောက်လုံး ပါကစ္စတန် တပ်ဖွဲ့တွေဟာ တိုက်ပွဲမှာ လိုအပ်လာရင် အသုံးပြုဖို့ အမြဲတမ်း လေ့ကျင့်နေခဲ့ကြောင်း၊ စာချုပ်သစ်အရလည်း တကယ်လို့ ဆော်ဒီအတွက် လိုအပ်လာမယ်ဆိုရင် ပါကစ္စတန်ရဲ့ နျူကလီးယား လက်နက် အစီအမံတွေကို မျှဝေပေးမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

တစ်နည်းအားဖြင့် ပါကစ္စတန်ဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက် ကာကွယ်ရေး ကွန်ရက်အောက်မှာ ဆော်ဒီကိုပါ ထည့်သွင်းပေးထားလိုက်ပြီ ဆိုတာကို တရားဝင် ကြေညာလိုက်ခြင်းလို့လည်း ယူဆနိုင်ပါတယ်။

စစ်ရေး လေ့လာသူတွေကတော့ အဲဒီကိစ္စဟာ အစ္စရေးအတွက် အချက်ပေး ခေါင်းလောင်းသံ တစ်ခု မြည်ဟည်းလာတာမျိုးလည်း ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြပါတယ်။ အစ္စရေးဟာ ဆော်ဒီနဲ့ အတော်လေး အဆင်ပြေတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တဲ့တိုင်အောင် အရှေ့အလယ်ပိုင်း ဒေသမှာ တစ်ခုတည်းသော နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ရပ်တည်နေမှုမျိုးကို ဆော်ဒီက စိန်ခေါ်လာမှာကို လိုလားမယ့်ပုံ မပေါ်ပါဘူး။ ပြီးတော့ ကာတာပိုင်နက်ထဲမှာ ဟားမားစ်အဖွဲ့ ကိုယ်စားလှယ်တွေကို ပစ်မှတ်ထားပြီး အစ္စရေးက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့နောက် ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေဟာ ကာကွယ်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ ရှုထောင့် အသစ်တွေကနေ စဉ်းစားလာရပါတယ်။

လောလောဆယ်မှာ အစ္စရေးကတော့ ဆော်ဒီနဲ့ ပါကစ္စတန်တို့ကြားက ကာကွယ်ရေး သဘောတူညီမှု စာချုပ်အသစ်အပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အဲဒီ နှစ်နိုင်ငံစလုံးဟာ အစ္စရေးနဲ့ တရားဝင် သံတမန် ဆက်ဆံရေးလည်း ထူထောင်မထားပါဘူး။ အစ္စရေးနဲ့ ဆော်ဒီတို့ဟာ ဆက်ဆံရေး တိုးတက်မှုတွေ ရှိခဲ့ပြီး အမေရိကန်ကလည်း နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိနိုင်အောင် ကြားဝင် ညှိနှိုင်းပေးနေခဲ့ပေမယ့် ၂၀၂၃ နှစ်ကုန်ပိုင်းက ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမားစ်တို့ စစ်ပွဲဖြစ်ပွားရာက အဲဒီ အားထုတ်မှုတွေလည်း တစ်ခန်းရပ်သွားခဲ့ရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းမှုတွေမှာ အမေရိကန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)ရဲ့ ဗီတိုအာဏာ ပိုင်ဆိုင်မှုကို တလွဲ အသုံးချနေတယ်လို့ တရုတ်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ဂါဇာစီးတီးရဲ့ လူနေဧရိယာထဲကို အစ္စရေး တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ခြေလျင်တပ်တွေ အင်အားအလုံးအရင်း စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာကြီးအနေနဲ့ ကျင့်ဝတ် စည်းမျဉ်းတွေကို အမျိုးမျိုး လိုရာဆွဲ သတ်မှတ်မနေဘဲ အစ္စရေးကို အရေးယူပေးကြဖို့ ကာတာ ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ အစ္စရေးရဲ့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်က ကြေညာခဲ့ပါတယ်။