close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတော်လှန်ရေး လူငယ်များပါဝင်ကြရန် PDF ဒေါနတပ်ရင်း ဖိတ်ခေါ်

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းနှင့် ပူးပေါင်းပါဝင်ရန် ဒေါနတပ်ရင်းက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − Dawna Column

စက်တင်ဘာ−၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းနှင့် ပူးပေါင်းပါဝင်ရန် ဒေါနတပ်ရင်းက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်သည်။

စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် ဒေါနတပ်ရင်းအနေဖြင့် တိုက်ခိုက်ရေး အင်အားစုများ တိုးချဲ့စုဖွဲ့လျက်ရှိရာ ယခုရက်ပိုင်းတွင် တပ်သားသစ် ဖိတ်ခေါ်သည့်ကြေညာမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

“ ကျနော်တို့ပြည်တွင်းမှာရှိနေတဲ့မိဘပြည်သူတွေအနေနဲ့လည်းတက်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးအဖွဲ့စည်းတွေကိုကူညီပေးဖို့ရယ်၊လူငယ်တွေအနေနဲ့လည်းကိုယ့်အိမ်ရှေ့မရောက်ခင်၊ကိုယ့်ကိုမထိသရွေ့နေသာသလိုမနေကြဖို့၊အခွင့်ရေးရတုန်းစစ်ကော်မရှင်ကိုတော်လှန်ဖို့ရဲရဲဆုံးဖြတ်ချက်ချဖို့လိုပါတယ် လို့ပြောချင်ပါတယ်” ဟု ဒေါနတပ်ရင်း ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက တပ်သားသစ်များ ဖိတ်ခေါ်နေသည့် အပေါ် မှတ်ချက်ပြု ပြောသည်။

Public Service Announcement

Public Service Announcement

ဒေါနတပ်ရင်းမှ တပ်သားသစ်များခေါ်ယူရာတွင် စစ်အာဏာရှင်အမြစ်ပြတ်‌ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်‌ရေးအတွက် ဆုံးဖြတ်ထားသူဖြစ်ရမည်ဆိုသည့် အချက်အပါအဝင် သတ်မှတ်ချက်များ ထုတ်ပြန်ထားသည်။

တပ်သားသစ်အဖြစ်ပါဝင်လိုပါက အသက် (၁၈)နှစ်နှင့် (၃၅)နှစ်အတွင်း၊ ကျန်းမာရေးကောင်းမွန်ပြီး၊ စိတ်ဓာတ်ကြံ့ခိုင်ရမည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်ပြတ်သားရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ပြင် အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနှင့် လိုအပ်ပါက မွမ်းမံသင်တန်းများ ပြီးဆုံးအောင်မြင်သည်အထိ တက်ရောက်နိုင်ရမည် ဖြစ်ကာ သင်တန်းပြီးဆုံးပါက တပ်ဖွဲ့မှပေးအပ်သည့် တာဝန်နှင့်စုဖွဲ့မှုအတိုင်း မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်ရမည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်သည့်စစ်စည်းကမ်းကျင့်ဝတ်များ၊ ဒေါနတပ်ရင်းမှ ချမှတ်သည့် မူဝါဒ၊ စည်းကမ်းကျင့်ဝတ်များ အားတိကျစွာ လေးစားလိုက်နာရမည်ဖြစ်ကြောင်းနှင့် အနည်းဆုံး (၂) နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လိုအပ်၍ တာဝန်‌ပေးအပ်ပါက နောက်ထပ်(၂)နှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရမည်ဟု အသိပေးသည်။

ထို့ပြင် အထက်ကွပ်ကဲမှု အဆင့်ဆင့်၏ အမိန့်ကိုနာခံ၍ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်ကာ ရာဇဝတ်ပြစ်မှုကင်းရှင်းသူဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

တပ်ဖွဲ့ဝင်အဖြစ် ပါဝင်လိုသူများအနေဖြင့် တပ်ရင်းအမှတ်-၉၉၀၂ ဒေါနတပ်ရင်း Dawna Column page messenger https://www.facebook.com/share/1BLVfcBGjt/ နှင့် Telegram No +660656530290 သို့ ဆက်သွယ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring ရှားပါးမျိုးစိတ်ဖြစ်ပြီး အထူးကာကွယ် စောင့်ရှောက်ရန်ဥပဒေပြဌာန်းကာကွယ်ထားသည့်ပန်ဒါနီ (Red Panda) လေးများကို မှောင်ခို သယ်လာသူများက အင်းတော်မြို့ကိုဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့သည်။ ဒေသတွင်းလမ်းပိုင်းများအားPDF များကလုံခြုံရေးယူနေစဉ် ကားအတွင်း လှောင်အိမ်များဖြင့်ဖွက်၍သယ်ဆောင်လာသော ပန်ဒါနီ လေးများကို တွေ့ရှိခြင်းဖြစ်ပြီး သယ်ဆောင်လာသူကိုဖမ်းဆီးထားကြောင်းသိရသည်။ “ ကချင်ဘက်ကနေသယ်လာတာ။ဘယ်ကိုပို့မလဲဆိုတာ မေးမြန်းဆဲပဲ။ကားသမားနဲ့ ဆက်စပ်သူတွေပါ...

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အတွင်းကို ယနေ့ နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ၍ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။

သတင်း

မကွေးတိုင်း၊ မင်းလှမြို့နယ်နှင့် ပုသိမ်-မုံရွာလမ်းပိုင်း၌ တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီက ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်ဖွဲ့ဝင်များကို ယခင်ကထက် ပိုထုတ်သုံး၍ စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားလိုအပ်ချက်အတွက်နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းနေ၍ လူငယ်များ အသွားအလာ သတိထားကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။