close
Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့ရဲစခန်းသိမ်းတိုက်ပွဲထဲက စစ်သုံ့ပန်းမိသားစုဝင် ကိုယ်ဝန်သည်နဲ့ က​လေးငယ်​တွေကို CDM ကျန်းမာရေးဝန်ထမ်းတွေ ဆေးကုပေး

ကန့်ဘလူမြို့နယ် ၊ဇီးကုန်းမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဉ် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်မိသားစုဝင်ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကန့်ဘလူ ပအဖ)က ထုတ်ပြန်ပါတယ်။

​ဆေးကုသမှု​ခံယူ​နေတဲ့ စစ်သုံ့ပန်း​တွေရဲ့ မိသားစုဝင် က​လေးငယ်​။ ဓါတ်ပုံ-ကန့်ဘလူ ပအဖ

စက်တင်ဘာ-၁၉၊၂၀၂၅။လူအေး/People’s Spring

ကန့်ဘလူမြို့နယ် ၊ဇီးကုန်းမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဉ် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်မိသားစုဝင်ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကန့်ဘလူ ပအဖ)က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်တဲ့နေ့က ထုတ်ပြန်တဲ့ ရုပ်သံမှာပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ကိုယ်ဝန်​ဆောင် ဇနီးသည်ကိုထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါအပြင် အခြား က​လေးမိခင်တဦး နဲ့ က​လေးငယ် နှစ်ဦးတို့ကိုလည်း ​ဆေးဝါးကုသ​စောင့်​ရှောက်မှု​ပေး​နေတာကို ​ထုတ်ပြန်ချက်မှာ​တွေ့ရပါတယ် ။

မြို့နယ်ကျန်းမာရေးတာဝန်ခံဦးဆောင်တဲ့ ဆေးအဖွဲ့က လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေပြီး မီးဖွားဖို့လိုအပ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီကိုလည်း ကောင်းမွန်စွာစောင့်ရှောက်ကုသပေးလျှက်ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့တုန်းက ကန့်ဘလူမြို့နယ်၊ကျန်းမာရေးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ‌လူ‌နာစောင့်အပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။ ဆေးရုံလုံးဝပျက်စီးခဲ့ပေမယ့် CDM(စစ်တပ်ကို အကြမ်းမဖက်အာဏာဖီဆန်မှု ပြုလုပ်ထားတဲ့) ကျန်းမာရေးဝန်ထမ်း တွေဟာ စိတ်ဓာတ်ကျလက်လျော့အရှုံးပေးခြင်းမရှိပဲ အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုအပြင် စစ်ကောင်စီဘက်တော်သား တရားခံတွေကိုပါ လူသားချင်းစာနာမှုအပြည့်နဲ့ ဆေးဝါးကုသမှုများ ပေးလျက်ရှိတယ်လို့ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင်ပကဖ က ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူး ပေါင်းပြီး စက်တင်ဘာလ ၁၇ ရက်နေ့ ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါအဝင်၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့တယ်လို့ ‌ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကန့်ဘလူခရိုင်ပကဖမှ ဦးဆောင်ပြီး ဇီးကုန်းမြို့ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း​တွေထဲက ကိုယ်ဝန်​ဆောင်မိခင်တဦးအ​ပေါ် ပကဖ ရဲ​ဘော်​တွေရဲ့ ​ပြောဆို၊ပြုမူဆက်ဆံပုံအ​ပေါ် ပြည်သူ​တွေချီးကျူး​နေကြပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၆ဦးသေဆုံးပြီး သုံ့ပန်းတွေလည်း ဖမ်းမိတယ်လို့ ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့−ရေဦးက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေ့စေ့လစေ့ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ၎င်း၏ မိခင်တို့သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။