close
Connect with us

Hi, what are you looking for?

သတင်း

မှောင်ခိုသယ်လာသည့် ရှားပါးပန်ဒါနီလေးများကို PDF ကယ်တင်၊ မူရင်း‌ဒေသသို့ ပြန်လွှတ်မည်

မှောင်ခိုသမားများထံမှ PDF များကယ်ထုတ်ခဲ့သည့် ပန်ဒါနီ​လေးများ။ ဓာတ်ပုံ - Hkalem Uma

စက်တင်ဘာ-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှားပါးမျိုးစိတ်ဖြစ်ပြီး အထူးကာကွယ် စောင့်ရှောက်ရန်ဥပဒေပြဌာန်းကာကွယ်ထားသည့်ပန်ဒါနီ (Red Panda) လေးများကို မှောင်ခို သယ်လာသူများက အင်းတော်မြို့ကိုဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့သည်။

ဒေသတွင်းလမ်းပိုင်းများအားPDF များကလုံခြုံရေးယူနေစဉ် ကားအတွင်း လှောင်အိမ်များဖြင့်ဖွက်၍သယ်ဆောင်လာသော ပန်ဒါနီ လေးများကို တွေ့ရှိခြင်းဖြစ်ပြီး သယ်ဆောင်လာသူကိုဖမ်းဆီးထားကြောင်းသိရသည်။

“ ကချင်ဘက်ကနေသယ်လာတာ။ဘယ်ကိုပို့မလဲဆိုတာ မေးမြန်းဆဲပဲ။ကားသမားနဲ့ ဆက်စပ်သူတွေပါ စစ်ဆေးနေတာ ဟုတ်တယ်” ဟု အင်းတော်မြို့မှ ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထပ်မံရရှိ​သောသတင်းအရ ပန်ဒါနီစုစု​ပေါင်း ၉ ​ကောင်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပန်ဒါနီ လေးများကို ၎င်းတို့ကျက်စားသည့် မူရင်းဒေသသို့ ပြန်ပို့ရန်စီစဉ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အသိပေးထားသည်။

ပန်ဒါနီ (Red Panda)လေးများသည် ကမ္ဘာ​ပေါ်တွင်မျိုးသုန်း​ပျောက်ကွယ်လုနီးပါးရှားပါးတိရစ္ဆာန်​လေးများဖြစ်သည်။ရေခဲတောင်ဒေသများတွင်ကျက်စားပြီးကမ္ဘာပေါ်တွင်ခန့်မှန်း အကောင်ရေ ၁၀,၀၀၀ခန့်သာ ကျန်ရှိတော့သည့် ရှားပါးမျိုးစိတ်ဖြစ်သည်။ ၎င်းတို့အား ရောင်းဝယ်ဖောက်ကားမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။

အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၏ ကွပ်ကဲမှုဖြင့်၂၀၂၄ သြဂုတ်လတွင်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၂၀၂၅ ဧပြီ ၇ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

( ​​မှောင်ခိုသမားများထံမှ PDF များကယ်ထုတ်ခဲ့သည့် ပန်ဒါနီ​လေးများ။ရုပ်သံ-Hkalem Uma)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းနှင့် ပူးပေါင်းပါဝင်ရန် ဒေါနတပ်ရင်းက ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်သည်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Rocket Figherတပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင် ပေါက်ကွဲပြီး ကျပ်သိန်း ၅၀၀ဖိုးခန့် ဆုံးရှုံးသွားခဲ့ပါတယ်။

သတင်း

ဝန်းသိုမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်သား ၃၀ ခန့်သေဆုံးပြီးစစ်သုံ့ပန်း ၅ဦးဖမ်းမိပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။