close
Connect with us

Hi, what are you looking for?

သတင်း

အကျဥ်းဦးစီးအရာရှိ ၁၃၀ကျော်ရဲ့အချက်အလက်တွေ PPNMထုတ်ပြန်

တော်လှန်ရေးအင်အားစုတွေ စစ်ဆေးဖမ်းဆီး အပြစ်ပေးဖို့ တောင်းဆို

စစ်ကောင်စီ​၏ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေအား တွေ့ရစဥ် (ပုံဟောင်း) ဓာတ်ပုံ - MOI

ဇူလိုင်-၂၅၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနလက်အောက်က အရာရှိတွေကို တော်လှန် ရေးအင်အားစုတွေ စစ်ဆေးဖမ်းဆီး အပြစ်ပေးနိုင်ဖို့ ညွန်ကြားရေးမှူးချုပ်အပါအဝင် အရာရှိ ၁၃၄ဦးရဲ့အချက်အလက်တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က အကျဥ်းဦးစီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှူးချုပ် ၁ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ၁ဦး၊ညွှန်ကြားရေးမှူး ၁၉ ဦး၊ ဒုတိယ ညွှန်ကြားရေးမှူး ၁၉ ဦး၊ ဆေးရုံအုပ် ၁ ဦး၊လက်ထောက်ညွှန်ကြားရေးမှူး ၉၃ဦး စုစုပေါင်း ၁၃၄ ဦးရဲ့ အမည်၊ ရာထူးနဲ့ မှတ်ပုံတင်နံပါတ်တွေကို ထုတ်ပြန်လိုက်တာပါ။

တော်လှန်ရေးအင်အားစုတွေ လုံခြုံရေးတာဝန်ယူထားတဲ့ လမ်းပိုင်းတွေမှာ စစ်ဆေးနိုင်ဖို့ ကနဦး ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ဆေးဖမ်းဆီးအရေး ယူပေးဖို့ကိုလည်း PPNMက တောင်းဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

“အကျဥ်းထောင်တွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လျော့ ကျ မသွားဘဲ တဖြည်းဖြည်းနဲ့ ဆိုးရွားလာတာဖြစ်တဲ့အတွက် အခုလိုမျိုး သတိပေးထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အမည်စာရင်းပါသူတွေဟာ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ဥပဒေမဲ့ သတ်ဖြတ် မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ထောင်ပြောင်းရွှေ့မှုတစ်ခုခြင်းစီတိုင်းအတွက် တာဝန်ယူပေးရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြည့်သူ့ဘက်ကို အမြန်ဆုံးကူးပြောင်းပြီး တရားမျှတမှုအတွက် ရင်ဆိုင်ရန်နဲ့ ထောင်တံခါးတွေကို အတူ ချိုးဖြတ်ကြဖို့ PPNMက သတိပေးပါတယ်။

ဒါ့အပြင် အကျဉ်းဦးစီးဌာနလက်အောက်ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက် အလက် အသေးစိတ် တွေကိုလည်း ရရှိထားပြီး အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများ၊ပါဝင်ပတ်သက်တဲ့ ​ဝန်ထမ်းများကို ထိရောက်တဲ့ တရားမျှတမှု ပြန်လည်ရယူသွားမှာဖြစ်ကြောင်း၊ အခြားအဆင့်ဝန်ထမ်းများရဲ့ အချက်အလက်တွေကိုလည်း လျှို့ဝှက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ဖြန့်ဝေသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။

PPNM ရဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ဇန်နဝါရီလမှ ဇူလိုင်အထိ မြန်မာ နိုင်ငံက အကျဥ်းထောင်တွေအတွင်းမှာ ကျန်းမာရေးကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀နီးပါး ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ယနေ့ နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသားငါးထောင်နီးပါးအား လွတ်ငြိမ်းခွင့်ပေးရာတွင် လက်တလောစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၆၂ဦးသာ စာရင်းရထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

သတင်း

မန္တလေး ၊အိုးဘိုအကျဉ်းထောင်မှာ ထောင်တွင်းလုံလောက်တဲ့ ဆေးဝါးကုသမှုမရလို့ သက်ကြီးပိုင်း အမျိုးသမီး နိုင်ကျဉ်း တစ်ဦး ဖေဖော်ဝါရီလ ၁၀ ရက်က အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ရိုဟင်ဂျာ ၉၃၆ဦးအား စစ်ကောင်စီက ခေါ်ထုတ်သွားပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ခေါ်ဆောင်သွား၍ အာရက္ခတပ်‌တော်(AA)နှင့် တိုက်ပွဲများတွင် လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်သည့်အခြေအနေအတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောသည်။

သတင်း

ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ ဧရိယာ ကျယ်ပြန့်လာချိန်မှာပဲ ပုသိမ်အကျဉ်းထောင်ထဲ မှာ ထောင်တွင်း တင်းကျပ်မှုတွေ ကိုထောင်အာဏာပိုင်တွေက လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဆီကသိရပါတယ်။