close
Connect with us

Hi, what are you looking for?

သတင်း

အီတလီဖက်ရှင်မဂ္ဂဇင်း Vogue Italia က ခရိုနီဦးတေဇသမီးအကြောင်းကို ဖြုတ်ချဖယ်ရှား

အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က အမေရိကန်၏ ဒဏ်ခတ်ပိတ်‌ဆို့မှုခံထားရသော ခရိုနီ ဦးတေဇ၏သမီး ရေချယ်တေဇ အကြောင်း ဖော်ပြထားသည့် အွန်လိုင်းစာမျက်နှာကို ဝက်ဆိုက်ဒ်မှ ဖယ်ရှားလိုက်ကြောင်း Justice For Myanmar က အသိပေးသည်။

Vogue Italia မဂ္ဂဇင်းပါ ရေချယ်တေဇအကြောင်း။ ဓာတ်ပုံ - racheltayza/IG

ဇူလိုင်-၁၈၊၂၀၂၅။ တေဇ/People’s Spring

အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က အမေရိကန်၏ ဒဏ်ခတ်ပိတ်‌ဆို့မှုခံထားရသော ခရိုနီ ဦးတေဇ၏သမီး ရေချယ်တေဇ အကြောင်း ဖော်ပြထားသည့် အွန်လိုင်းစာမျက်နှာကို ဝက်ဆိုက်ဒ်မှ ဖယ်ရှားလိုက်ကြောင်း Justice For Myanmar က အသိပေးသည်။

“ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများနှင့် OECD ၏ တာဝန်ရှိသော စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည့် Vogue Italia ၏ လုပ်ဆောင်ချက်ကို JFM က ကြိုဆိုပါသည်” ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

Vogue Italia ၏ မိခင်ကုမ္ပဏီ Condé Nastသို့ JFM က စာပို့ပြီးနောက် ရေချယ်တေဇ အကြောင်းဖော်ပြထားသည့် အွန်လိုင်းစာမျက်နှာကို ၎င်းတို့၏ ဝက်ဆိုက်ဒ်မှ ဖြုတ်ချလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရေချယ်တေဇသည် မီလန်မြို့၌ ပြီးခဲ့သည့်နှစ်က ဖက်ရှင်ကျောင်းတတ်ရောက်ကာ ကျောင်းပြီးခဲ့ခြင်းဖြစ်ပြီး အီတလီဖက်ရှင်အသိုင်းအဝိုင်းအနေဖြင့်လည်း ၎င်း၏ဒီဇိုင်းများကို ငြင်းပယ်ရန် JFM ကတောင်းဆိုထားသည်။

ရေချယ်တေဇသည် ထူးအုပ်စုတွင် တာဝန်ရှိသူဖြစ်သည့်အပြင် စစ်ကောင်စီ၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ထူးအုပ်စုမှ အမြတ်အစွန်းများရရှိနေသူ ဖြစ်သည်ဟု JFM ကဆိုသည်။

ထူးအုပ်စုသည် စစ်လက်နက် သဘောတူညီချက်များကို ကြားဝင်စေ့စပ်ထားပြီး စစ်အုပ်စုနှင့် ၎င်းတို့၏ လုပ်ငန်းစုများကို မြေငှားခနှင့် အခြားမသမာ သဘောတူညီချက်များမှတစ်ဆင့် ငွေကြေး ထောက်ပံ့ပေးနေကြောင်း သိရသည်။

ရေချယ်တေဇသည် စစ်ကောင်စီ၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင် တည်ထောင်ခဲ့သည့် ကုမ္ပဏီအသစ်များနှင့် မြန်မာစစ်တပ်နှင့် တိုက်ရိုက်စီးပွားရေးလုပ်ငန်းများရှိသည့် ကုမ္ပဏီများအပါအဝင် ထူးအုပ်စု၏ကုမ္ပဏီ ၇ ခုတွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရှယ်ယာများလည်း ဆက်လက်ပိုင်ဆိုင်ထားကြောင်း ပြီးခဲ့သည့်၂၀၂၄ မတ်၄ရက် က ဖော်ပြသည့် JFM ၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဦးသိန်းဝင်းဇော်ရှယ်ယာပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုများကို အီးယူနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည်။

သတင်း

မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံနဲ့ သမီး ခင်သီရိသက်မွန်တို့ဟာ ဖခင်ဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့အတူ အမေရိကန်၊ ကနေဒါ အစိုးရတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရပါတယ်။

သတင်း

ဥရောပသမဂ္ဂ(EU)နှင့် အမေရိကန်တို့သည် ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းနှင့်ပတ်သက်ဆက်နွှယ်နေသူများကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

ထိုင်းတရားရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အမှုနဲ့ နောက်ထပ် အမှုတစ်ခုကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံ စုံစမ်းနေခဲ့ကြောင်း ပြောပါတယ်။