ဇူလိုင်-၁၈၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီ က ယမန်နေ့နေ့လည် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် လေကြောင်းမှဗုံးကြဲခဲ့သည်။
စစ်ကောင်စီက ဇူလိုင် ၁၇ ရင်တွင်ဗုံး၁၀လုံးထက်မနည်းကို ဒီမော့ဆိုမြို့နယ်အတွင်းကြဲခဲ့ရာနေအိမ်နှင့် အ ဆောက်အဦးအချို့ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်းဒေသခံ နှင့် စစ်ဘေးရှောင်ကူညီနေသူအချို့ကပြောသည်။
“ချယ်ရီကုန်းနှင့်လွိကထိကြားကိုကြဲတာ။တော် တော်ကိုကံကောင်းတာက ဗုံးတွေက နေအိမ်ပေါ် တိုက်ရိုက်မကျဘဲဘေးတွေပြန့်သွားတာ”ဟုဒီမော့ဆို မြို့နယ်နေသူက ပြောသည်။

Public Service Announcement
ကရင်နီဒေသတွင်းစစ်ရှောင်ကူညီနေသူတစ်ဦးကလည်း “စာသင်ကျောင်းတစ်ခုနားကျတယ်။ချယ်ရီကုန်းစျေးကို လည်း ပစ်မှတ်ထားပြီး ကြဲတယ်။နှစ်ကြိမ်ကြဲတာ”ဟုပြောသည်။
တိုက်ပွဲ နှင့်သက်ဆိုင်မှုမရှိဘဲ အရပ်သားနေရာများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာအရေးယူမှုမှကင်းလွတ်ခွင့်ရနေသဖြင့် စစ်ကောင်စီကအကြိမ်ကြိမ်ကျူးလွန်နေခြင်းဖြစ် ကြောင်း စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။
ကရင်နီ ပြည်နယ် ဒေသခံမယဥ်ထွေးကလည်း “ကားသံလား လေယာဥ်သံလားတောင်မခွဲနိုင်တော့ဘူး။ကားတံခါးပိတ်သံတောင်လက်နက်ကြီးသံထင်နေပြီးထပြေးနေရတဲ့အဖြစ်”ဟု လက်ရှိကြုံတွေ့နေရသည့်စိတ်ခံစားမှုကိုပြောသည်။
နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုဖြင့် အရပ် သားများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချက်ချင်းချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ဇူလိုင် ၁၆ ရက် တွင် တောင်းဆိုချက်ထုတ်ထားသည်။
စစ်တပ်၏ ပြည်သူများကိုပစ်မှတ်ထားသော လေ ကြောင်းတိုက်ခိုက်မှုများသည် ဇူလိုင်လအတွင်း ကရင်နီပြည်နယ်၌ပင် ခြောက်ကြိမ်ရှိခဲ့ပြီး ၁၅ ဦး သေဆုံးကာ ၁၈ ဦးဒဏ်ရာရပြီး အဆောက်အအုံ ၁၃ လုံး ဖျက်ဆီးခံခဲ့ရသည်ဟုဆိုသည်။
ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီကသတ်ဖြတ်ခဲ့ပြီးလူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြား ကာ လအုပ်ချုပ်ရေးကောင်စီ IEC က ဆိုသည်။
ယခုလ ရက်သတ္တပတ်နှစ်ခုတွင်လည်း စစ်ကိုင်းမြို့ နယ်၊ဝက်လက်မြို့နယ်၊မြိုင်မြို့နယ်၊မိုးကုတ်၊သ ပိတ်ကျင်း၊မတ္တရာ၊ကျောက်မဲ၊ဘီးလင်း နှင့် မောတောင် မြို့နယ်တို့ကိုစစ်ကောင်စီ၏လေကြောင်း တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သည့်အရပ်သားပြည်သူ ၇၀ နီးပါးရှိသည်။
