ဇွန် ၃၊ ၂၀၂၅။မေရီ/People’s Spring
မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေမှာမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့လို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ (၂)ရက်နေ့မှာစဉ့်ကူးမြို့နယ်နဲ့သပိတ်ကျင်းမြို့နယ်တို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများ (၆၇၆၂၆)ပြားခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မန္တလေး PDFက အသိပေးပါတယ်။
ဒါ့အပြင် မေလ (၃၁)ရက်နေ့ကလည်း မတ္တရာမြို့နယ်မှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ မတ္တရာမြို့နယ် ပအဖ ပလဖ တာဝန်ခံများ ၊ ဌာနဆိုင်ရာ ရေးရာတာဝန်ခံများ ပူးပေါင်းပြီး ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ မန္တလေး PDFက ထုတ်ပြန်ပါတယ်။

Public Service Announcement
ဖမ်းဆီးခဲ့တဲ့ အခြေအနေ အသေးစိတ်ကိုတော့မသိရသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ ၊ သုံးစွဲသူများကို ထိထိရောက်ရောက်ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးထားပါတယ်။
