close
Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ဖျားနာပြီး ဝမ်းပျက်သူတွေများနေ၊ ဆေးဝါးကုသခွင့်ရဖို့ နိုင်ကျဉ်းတွေ တောင်းဆို

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ဖျားနာပြီး ဝမ်းလျောသူတွေ အလွန်များပြားနေပြီး ဆေးကုသခွင့်မရသလို ဆေးပေးခန်း‌မှာလည်း ဆေးမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

ဇူလိုင်-၉၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ဖျားနာပြီး ဝမ်းလျောသူတွေ အလွန်များပြားနေပြီး ဆေးကုသခွင့်မရသလို ဆေးပေးခန်း‌မှာလည်း ဆေးမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

အိုးဘိုအကျဉ်းထောင်က အမျိုးသမီးယာယီဆောင် ပတ်ဝန်းကျင်မှာ အမှိုက်တွေ စုပုံနေကာ မိုးရွာပြီး အနံ့အသက်မကောင်းတာ ‌‌‌‌‌‌တွေနဲ့ ခြင်တွေ ပေါများနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသမီးအဆောင် ၄မှာ လူဦးရေ ၆၀၀ကျော် နေထိုင်ရတာဖြစ်ပြီး ရေတခါချိုးလျှင် လူ ၆၀၀ကို တစ်နာရီခွဲခန့် ရေချိုးခွင့်ပေးကာ ရေကို အနည်းငယ်သာ လွှတ်ပေးတာမို့ ယားနာပေါက်သူတွေလည်း ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အပြင် ရေကန် ၁၅×၁၂ပေ ရေကန်မှာ လူ ၁၂၀ ရေချိုးရတယ်။ ကြပ်ခဲပြီး ခြေထောက်တဖက်ပဲ ဝင်တိုးချိုးရတယ်။ မတိုးနိုင်တဲ့သူ မချိုးရဘူး။ အခန်း၄ခန်းကို တပြိုင်ထဲရေချိုးရတာ။အဝတ်လျှော်ရတာလည်း အဆင်မပြေဘူး။ ပွေး၊ဝဲယားနာပေါက်သူတအားများလာတယ်”လို့ နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ပြောကြားချက်ကို မိသားစုဝင်က ပြန်ပြောပြပါတယ်။

ဒါ့အပြင် ဆေးပေးခန်းမှာလည်း ဆေးဝါးလုံးဝမပေးဘဲ အားလုံးကို အပြင်ကနေသာ မှာခိုင်းတယ်လို့ သိရပါတယ်။

အကျဉ်းထောင်အတွင်း ဆေးဝါးကုသခွင့်ပေးဖို့၊ ဆေးပစ္စည်းလုံလောက်အောင်ထားပေးဖို့၊ အကျဉ်းသားအခွင့်အရေးရရှိဖို့၊ အပြင်မှာရှိနေသူတွေက တောင်းဆိုပေးကြဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသူက တောင်းဆိုထားပါတယ်။

အကျဉ်းသားတွေရဲ့ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသမှုနဲ့ ဆေးဝါးလုံလောက်စွာထားရှိဖို့၊ ကျန်းမာရေးအရ စိုးရိမ်ရသူတွေကို ပြင်ပဆေးရုံသို့အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ PPNMအနေနဲ့ တောင်းဆိုနေပေမဲ့ အကျဉ်းဦးစီးဌာနက လုပ်ဆောင်မှု မရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ နှစ်စဉ်ပျမ်းမျှ(၂၅)ဦးဝန်းကျင် အသက်ဆုံးရှုံးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။

မန္တလေးအိုးဘိုထောင်မှာ ၂၀၂၄ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံရေးအကျဉ်းသား ကိုစိန်လင်း(ခ)အငယ်လေးတို့ (၃)ဦးဆက်တိုက် ကွယ်လွန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကလည်း မန္တလေး အိုးဘိုထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကွယ်လွန်ခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး အိုးဘိုထောင်တခုတည်းမှာတင် မတ်လ ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးအိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသား (၅၀)ဦးကျော် သေဆုံးခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

"အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး" ကမ်ပိန်းတွင် ချမ်းမြသာစည် မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး-အကလ ရဲဘော်များ က ဓာတ်ပုံလှုပ်ရှားမှုဖြင့် ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးသည်။

သတင်း

မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာအကျဥ်းချခံထားတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးဟာ အူအတက်ပေါက်ပြီး ဆေးဝါးကုသခွင့်မရလို့ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပေါင်းတည်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်း နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၃,၇၀၀ ကျော်ကို ထောင်ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ ( Myanmar Prison Witness)က ဇူလိုင် ၈ရက်မှာထုတ်ပြန်ပါတယ်။